အေးမြလှတဲ့
ဆောင်းတစ်ညမှာ
မြားနတ်မောင်ဆောင်ကျဉ်းပေးလို့ 
အချစ်နတ်သမီးလေးတွေ့ ခဲ့ရတယ်
တဒင်္ဂဆုံတွေ့ လိုက်ရတဲ့
သူမရဲ့ ပုံရိပ်ဟာ
ငါ့နှလုံးသားမှာ
တစ်ဘ၀လုံးအတွက်
ထင်ကျန်စေခဲ့တယ်
တွေ့ ဆုံခြင်းမို့ 
ပျော်ရွှင်ခဲ့တဲ့...ငါဟာ...
တွေ့ ဆုံခြင်းရဲ့နောက်ကွယ်မှာ
တည်ရှိနေတဲ့
ခွဲခွါခြင်းဆိုတဲ့
အလွမ်းမှတ်တိုင်ကြီင်္းကိုတော့
မမြင်နိုင်ခဲ့ဘူးလေ...။
ဇိုး..
24.9.12.
pm.7:32../
No comments:
Post a Comment