2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Saturday, May 25, 2013

“ ကဆုန်လပြည့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းဓ လေ့ & ညောင်ရေသွန်းပူဇော်ရကျိုး”


လေ့ & ညောင်ရေသွန်းပူဇော်ရကျိုး”
••••••••••••••••••••••••••••••••••••••••••••••••

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြသည်။
ထိုသို့ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်၊ သောကြာနေ့၌ ဖွားမြင်တော်
မူ၍ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်ကိုရောက်တော်
မူပြီး ကဆုန်လပြည့်၊ အင်္ဂါနေ့၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေမြတ်ဖြစ်ခဲ့သည်။

ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာ
သက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမ၀င်မီ
မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဌာန်ဖြင့်
အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်
မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာ
ဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်
လပြည့်နေ့သို့ရောက်တိုင်း မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို
အောင်နိုင်ရာ သစ္စာ၎ပါး ကိုသိမြင်ရာ၊ ဘုရားအဖြစ်သို့ရောက်တော်
မူရာ ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့
ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်
ထားအပ်သော ညောင်ပင်များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်၇ွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလို
ရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင်ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်းဖျန်းပူဇော်ခြင်းကို ညောင်ရေ
သွန်းပွဲတော်ဟု ခေါ်တွင်ကာ မြန်မာတို့ ၏ ၁၂လရာသီပွဲတော်အဖြစ်
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာ
မပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ဤသည်မှာ ညောင်ရေသွန်းပွဲတော်
ဖြစ်ပေါ်လာရခြင်း ၏ အခြေခံအကြောင်းပင်ဖြစ်သည်။

"ညောင်ရေသွန်းပူဇော်ရကျိုး"
••••••••••••••••••••••••
ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် "ခုဒ္ဒက
နိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်" ၌ ဘုရားရှင်
လက်ထက် တော်က ရဟန္တာမထေရ်ကြီးများကိုယ်တိုင်
မိမိတို့၏ ဘ၀ဖြစ်စဉ်များကို
ပြန်လည်ဟောကြားထားသည်တို့ကို
တွေ့ရှိကြည်ညိုရပေသည်။

"ဂန္ဓောဒကိယ ရဟန္တာမထရ်"
••••••••••••••••••••••••
ပဒုမုတ္တရာ မြတ်စွာဘုရားလက်ထက်တော်၍ သူကြွယ်တစ်ဦးသည်
မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ထင်းရှုး ဗောဓိပင် ပူဇော်ပွဲ ပြုလုပ်သောအခါ
လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ
သွန်းလောင်းပူဇော်ခဲ့လေသည်။ ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ
ရွာသွန်းပြီး မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။

♦ ထိုဘ၀မှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှု
ကြောင့် နတ်ပြည်သို့ရောက်ကာ ဘုံအဆင့်တစ်ရာရှိသော နတ်ဗိမာန်၌
နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိ ဘဲ
နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

♦ နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌
လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့် ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်
ပါအင်အားရှိသော သံဝသိတ မည်သော စကြ၀တေးမင်း ဖြစ်ခဲ့ရလေသည်။

♦ ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ ဂန္ဓောဒကိယမထေရ်
အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး
တို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော
ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။

"ဗောဓိသိဉ္စက ရဟန္တာမထေရ်"
•••••••••••••••••••••••••••••
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တစ်ပါးသည်
မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ညောင်ပင်ပူဇော်ပွဲ ကျင်းပ
သောအခါ ဗောဓိပင်သို့သွားရောက်ပြီး-

ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာ
ဘုရားသည် ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊
ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည်
ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း ဟု နှလုံးသွင်း
ဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း
ပူဇော်ခဲ့လေသည်။

♦ ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် ကိုးဆယ်တစ်ကမ္ဘာကာလ
ပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌သာ
ကျင်လည်ခဲ့ရပေသည်။

♦ ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ရောက်သောအခါ လူ့ပြည်၌
ဥဒကသေစနမည်သော စကြ၀တေးမင်းစည်းစိမ်ကို ရှစ်ကြိမ်တိုင်တိုင်
ခံစားစံစားရခဲ့လေသည်။

♦ ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ ဗောဓိသိဉ္ဓက မထေရ်
အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး
တို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့
လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်
မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။

"တိုက်တွန်းလွှာ"
•••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ဗောဓိပင်ကို စိုက်ပျိုးပူဇော်
ခဲ့သော အသနဗောဓိယ ရဟန္တာမထေရ်၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ဗောဓိဝန္ဒက
ရဟန္တာ မထေရ်မြတ်ကြီး တို့သည် လည်း ထိုကဲ့သို့သော အကျိုးထူး
အကျိုးမြတ်များကို ရရှိခဲ့ဘူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောါအခါ ယတြာကျေရုံ၊
ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်ဘဲ
မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊
ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရား
အဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို
လေးလေးနက်နက် အာရုံယူကာ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်
ဆုပန်ပြီး ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်း
ပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို
နိဂုံးသတ်လိုက်ပါသည်။

- အရှင်နာဂ၀ံသ -
မောင်ကံကော်(ကျုံပျော်)
သဒ္ဓမ္မသီတဂူသာသနာရိပ်သာ
တောရကျောင်းတိုက်

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
----------------------*----------------------
“ဆက်စပ်သော ပိုစ့် များအားဖတ်ရှူချင်ပါက”

► “ဗျာဒိတ်ခံယူသည့်နေ့ ”
[https://www.facebook.com/photo.php?fbid=620584127951603&set=a.322278357782183.93617.129054333771254&type=1&theater ]
►"ကဆုန်လပြည့် ဗုဒ္ဓနေ့ "
[ https://www.facebook.com/photo.php?fbid=620605857949430&set=a.322278357782183.93617.129054333771254&type=1&permPage=1 ]
►"ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်"
[https://www.facebook.com/photo.php?fbid=620546577955358&set=a.322278357782183.93617.129054333771254&type=1&theater ]
► “ပရိနိဗ္ဗာန်ပြုတော်မူ”
[https://www.facebook.com/photo.php?fbid=620769604599722&set=a.322278357782183.93617.129054333771254&type=1&permPage=1]
►"ကဆုန်လနှင့် ညောင်ရေသွန်းပွဲ"
[https://www.facebook.com/photo.php?fbid=620530064623676&set=a.322278357782183.93617.129054333771254&type=1&permPage=1]
► “ ကဆုန်လပြည့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းဓလေ့ & ညောင်ရေသွန်းပူဇော်ရကျိုး”
[https://www.facebook.com/photo.php?fbid=620653527944663&set=a.322278357782183.93617.129054333771254&type=1&permPage=1]
► “ ကဆုန်လပြည့် - ဗုဒ္ဓနေ့ ( ဆု၊ ဖွား၊ ပွင့်၊ စံ ) ”
[https://www.facebook.com/photo.php?fbid=620635924613090&set=a.322278357782183.93617.129054333771254&type=1&permPage=1]
► "အလောင်းတော်သိဒ္ဓတ္ထမင်းသား ဘ၀ဖြစ်စဉ်"
[https://www.facebook.com/photo.php?fbid=620995767910439&set=a.322278357782183.93617.129054333771254&type=1&theater]
►"အာနန္ဒာဗောဓိပင် သမိုင်း"
[https://www.facebook.com/photo.php?fbid=620971417912874&set=a.322278357782183.93617.129054333771254&type=1&theater]


အင်္ဂလန်မြေက ဂျာမန်အသင်းတွေ ရဲ့ဗိုလ်လုပွဲ


သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ လန်ဒန်မြို့ကို မရောက်ခင် ကတည်းက ဟိုတယ် တစ်ခုမှာ ချန်ပီယံလိဂ် ပွဲပြီး အောင်ပွဲခံ ပါတီအတွက် ကြိုပြီး Bookingလုပ်ထားတယ် ဆိုတာပါ။ လူ(၁၈၀၀)စာ ပါဝင်နိုင်မယ့် ပါတီ အခမ်းအနားအတွက် ဘိုင်ယန်က ကြိုပြင်ထားတယ် ဆိုတဲ့ သတင်းဟာ နည်းနည်း ဘောင်ကျော်သလို ဖြစ်နေပေမယ့် တစ်ဖက်မှာလည်း ဒီဆုဖလားကို သူတို့ သေချာပေါက် အရယူဖို့ သံဓိဋ္ဌာန် ချထားပြီးပြီဆိုတဲ့ ဘိုင်ယန်ရဲ့ စိတ်ပိုင်းဖြတ်မှုကို ပေါ်လွင်စေပါတယ်။ ဟုတ်ပါတယ်။ ဘိုင်ယန်ဟာ ဝင်ဘလေက ဗိုလ်လုပွဲမှာ အောင်ပွဲနဲ့ အနီးစပ်ဆုံး ရှိနေသူတွေပါ။ ဒါပေမဲ့ ပြိုင်ဘက်ဟာ သူတို့အကြောကို ကောင်းကောင်း နပ်နေတဲ့ ဘိုရပ်ရှားဒေါ့တ်မန် ဖြစ်နေတယ်ဆိုတာ မမေ့ပါနဲ့။


ဘိုင်ယန်ရဲ့ ဒုတိယ ရာသီဝက် ဖြတ်သန်းပုံတွေက အံ့ဩစရာပါ။ ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို စောစောစီးစီး ရထားနှင့်သလို ပြိုင်ဘက်တိုင်းကလည်း သူတို့ကို ဂိုးသွင်းဖို့ဆိုတာ နတ်ဆိုးကျိန်စာ တစ်ခုကို ဖြေဖျောက်ရတာမျိုး ဖြစ်သလို ခက်ခဲကြမ်းတမ်းခဲ့တယ်။ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ ပေါ့လျော့မှုတွေကြောင့် အာဆင်နယ်ကို အရှုံးပေးခဲ့ရတဲ့ တစ်ပွဲ ရှိပေမယ့် ကျန်တဲ့ ပွဲစဉ်အားလုံး မျက်လုံးပြူးလောက်စရာ စွမ်းရည်တွေ ပြသခဲ့တယ်။ အထူးသဖြင့် ဘောလုံးဘုရင်လို့ နာမည်ကြီး ညွှန်းဆိုခံနေရတဲ့ ဘာစီလိုနာကို နှစ်ကျော့ပေါင်း (၇)ဂိုးသွင်းပြီး ပေးဂိုးမဲ့ ဖြတ်သန်းပြလိုက်ချိန်မှာ ချန်ပီယံလိဂ် ဆုဖလားကို ဘိုင်ယန်လက်ထဲ ထည့်လိုက်သင့်ပြီလို့ ယူဆသူတွေ မနည်းမနော ထွက်ပေါ်လာတာ ဓမ္မဓိဋ္ဌာန် ကျပါတယ်။
ဒေါ့တ်မန်ကတော့ ချန်ပီယံလိဂ်ရဲ့ ဒီရာသီ အံ့ဩစရာ အကောင်းဆုံး အသင်းအနေနဲ့ တောက်ပလာသူတွေပါ။ ပြီးခဲ့တဲ့ရာသီက ဂျာမန် ပြည်တွင်း ဖလား(၂)လုံးစလုံးကို စတေးခံပြီး ဥရောပဖြတ်သန်းမှုအတွက် ပုံအောခဲ့တဲ့နောက် ဒေါ့တ်မန်ရဲ့ ခမ်းနားခြင်း မိုးကောင်းကင်ဟာ ကြည်လင်လာခဲ့ပါပြီ။ ဒါပေမဲ့ ဥရောပ ချန်ပီယံဆုအတွက် ဗိုလ်ဝင်ခံဖို့ ဆိုတာကတော့ ဘိုင်ယန်ဆိုတဲ့ တိမ်ညိုခဲကြီးကို ရှင်းထုတ်နိုင်ဖို့ လိုအပ်ပါသေးတယ်။ ဒေါ့တ်မန်ဟာ ဘိုင်ယန်ကို အသာစီးယူဖို့ မလွယ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖောင်ဖျက်ကစားမယ့် စိတ်ဓာတ်ကတော့ ခွန်အားတစ်ရပ်အဖြစ် ရှိနေမှာပါ။

တိုက်စစ်သမား မာရီယို ဂေါ့ဇီကို ဆုံးရှုံးခဲ့တာကတော့ ဒေါ့တ်မန်အတွက် ဆုံးရှုံးမှု တစ်ခုပါ။ သူ့နေရာကို ဖာထေး ဖြည့်ဆည်းဖို့ နည်းပြ ယာဂင်ကလော့ပ် အကောင်းဆုံး လုပ်ဆောင်နိုင်မှာ သေချာပေမယ့် (၁၀၀)ရာခိုင်နှုန်း ကာမိဖို့တော့ မရှိပါဘူး။ ဒီကြားထဲ နောက်ခံလူ မတ်ဟမ်မဲလ်ရဲ့ ကြံ့ခိုင်မှု အခြေအနေကလည်း မရေမရာ ဖြစ်နေပြန်တယ်။ ဘိုင်ယန်မှာတော့ အဓိက ကစားသမား အများစုက ဒဏ်ရပြဿနာ ကင်းဝေးနေတာ တွေ့နိုင်ပါတယ်။ ကစားသမား စုဖွဲ့မှုအရ အားနည်းရတဲ့ကြားထဲ ဒေါ့တ်မန်အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခုပဲ ဆိုပါတော့။

ဘိုင်ယန်ဟာ မြန်နှုန်းကို အားပြုတဲ့ တောင်ပံလူတွေရဲ့ ရွေ့လျားမှုရယ်၊ ကွင်းလယ်က တိုက်စစ်ထိ လိုက်ပါလာတဲ့ ကစားသမားတွေရဲ့ ထိုးဖောက်မှုရယ်ကို အားပြုပြီး ပြိုင်ဘက်ကို ကျုံးသွင်း လုပ်ကြံလေ့ ရှိပါတယ်။ ဒေါ့တ်မန်ကတော့ ကစားသမား တစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှုကို အခြေပြုပြီး သိုင်းဝိုင်းချိတ်ဆက် ကစားပုံနဲ့ ထိုးဖောက်တတ်တဲ့ အသင်းပါ။ ဘိုင်ယန်မှာ တိုက်စစ်မှူးကောင်းတွေ ရှိပေမယ့် ဒေါ့တ်မန်ရဲ့ ရောဘတ် လီဝင်ဒေါစကီးကတော့ အခွင့်အရေး တစ်ခုချင်းစီကနေ အပြောင်းအလဲကို ဖန်တီးနိုင်တဲ့ ကြောက်စရာ ကစားသမားပါ။ ဒါပေမဲ့ ဂေါ့ဇီ မပါဝင်နိုင်ချိန်မှာ မာကိုရူးစ်ကို ဂျာမန် ကွင်းလယ်က ဟာဗီးယား မာတီနက်ဇ် Markingပိတ်လိုက်ရင် ဒေါ့တ်မန်အတွက် တော်တော်လေး ခက်ခဲသွားပါလိမ့်မယ်။
ဂျာမန်ကလပ် နှစ်ခုရဲ့ ဗိုလ်လုပွဲဟာ စည်းကမ်းပိုင်းရော၊ နည်းစနစ်ပိုင်းပါ အကောင်းဆုံး ရပ်တည်နေတဲ့ ပြိုင်ဘက်နှစ်သင်းရဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။ လက်ရှိ ဘိုင်ယန်ရဲ့ ခြေစွမ်းဟာ ခေတ်သစ်တစ်ခုကို တည်ထောင် စတင်ဖို့ အသင့်အနေအထားထိ တည်ငြိမ် ကောင်းမွန်နေပေမယ့် ဒေါ့တ်မန်ကလည်း လျှော့တွက်လို့ မရပါဘူး။ အထူးသဖြင့် ဒေါ့တ်မန်လို အသင်းတစ်သင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ မကြာခဏ နီးစပ်နေဖို့ ရင်းမြစ်ပိုင်း အားနည်းတာကြောင့် တစ်ကြိမ်ရလာတဲ့ အခွင့်အရေးအတွက် အသည်းအသန် ရုန်းကန်မယ့် အခြေအနေ ရှိနေပါတယ်။ နှစ်သင်းစလုံးက အကောင်းဆုံး တိုက်စစ်မှူးတွေ ရှိနေပါတယ်။ ဒါပေမဲ့ ခုပွဲကတော့ ဂိုးနည်းမယ်လို့ ယူဆရမယ် ထင်ပါတယ်။

ဘိုင်ယန်နိုင်ဖို့ များနေတယ်လို့ ခံစားမိပေမယ့် ဒေါ့တ်မန်ကိုလည်း သံယောဇဉ် မပြတ်နိုင်ပါဘူး။ သေချာတာကတော့ ဘယ်သူပဲနိုင်နိုင်ပါ၊ သူတို့ရဲ့ ဗိုလ်လုပွဲထိ ဖြတ်သန်းမှု လမ်းကြောင်းတွေအရ ထိုက်တန်တဲ့ ချန်ပီယံတွေအဖြစ် လက်ခုပ်တီး ဂုဏ်ပြုဖို့ ခေါင်းခါမနေသင့်တဲ့ အသင်းတွေပဲ ဖြစ်နေတယ် မဟုတ်လား။
Chat Conversation End

Thursday, May 23, 2013

zoe 5 crazy







ယွန်းယွန်းကိုချစ်သူများအတွက်ပါ










မဟုတ်တိုင်းသာ ခွန်းတုံ့ပြန်မယ်ဆိုရင်


"ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်"

"ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်"
•••••••••••••••••••••••••••••••••••
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

Dhamma Danã Source
► ဓမ္မယျုတ်မန် &
www.facebook.com/youngbuddhistassociation.mm

အေးချမ်းမွန် Credit & Copy From >Young Buddhist's Association < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

အဆိပ်ပင်ကို ရေမလောင်းမိပါစေနှင့်


ဗန်ပါစီ

ပရီးယာလိဂ်ရဲ့ ဂိုးသွင်းဘုရင်ရွှေဖိနပ်ဆုနှင့် အတူတွေ့ ရသည့် ဗန်ပါစီ
တစ်ဦးချင်းအောင်မြင်မှုထက် အသင်းအောင်မြင်မှုက 
ပိုမိုအရေးကြီးကြောင်းပြောကြား.....

ဇိုး 
(ပိုက်ဆံတစ်သောင်းတန်မြို့ တော်)
 

ရှေးဟောင်း ရုပ်ပွားတော်

၅-၅-၂၀၁၃ မ၈င်္လာတန၈င်္နွေနေ့လေးပါရှမ်းစော်ဘွား အဆက်ဆက် ကိုးကွယ်လာခဲ့သော ခန္ဒာကိုယ်ပေါ်တွင် ရုပ်ပွားတော်ပေါင်း ၁၀၀၀ ပါသော ရှေးဟောင်း ရုပ်ပွားတော်

မေးသင့်သော မေးခွန်းများ

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ သမီးနဲ့ အဆိုတော်ရဲလေးလက်ထပ်မဲ့ကိစ္စ

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ တစ်ဦးတည်းသော သမီးနဲ့ အဆိုတော်ရဲလေးလက်ထပ်မဲ့ကိစ္စဟာ နည်းနည်းစဉ်းစားစရာဖြစ်နေတယ်။ ဗုဒ္ဓဘာသာအချင်းချင်းသာ လက်ထပ်မယ်ဆို ပြောစရာမရှိပေမဲ့ ဦးအောင်မင်းလို သြဇာကြီးတဲ့ ၀န်ကြီးတစ်ယောက်သမီးဟာ မွတ်ဆလင်ကို လက်ထပ်မယ်ဆိုရင် ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။
ရဲလေးရဲ့ အဖေက မွတ်ဆလင်ဖြစ်ပြီး အမေက ဗုဒ္ဓ ဘာသာဖြစ်နေလို့ အဆိုတော်ရဲလေးဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်သူလား ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူလား အစ္စလာမ်ကိုသက်ဝင်ယုံကြည်ပေမဲ့ အခြေအနေအရ ဗုဒ္ဓဘာသာဟန်ဆောင်နေသူလားဆိုတာ သေချာမသိပါဘူး။
အကောင်းဆုံးကတော့ မီဒီယာတွေအနေနဲ့ ရဲလေးကို သေချာအင်တာဗျူးပြီး သူဘာသာပြောမလဲဆိုတာ နားထောင်စေချင်ပါတယ်။ အင်တာဗျူးလုပ်ရာမှာ လိမ်နေတာလား အမှန်ပြောနေတာလား သိနိုင်အောင် video interview လုပ်စေချင်ပါတယ်။

အချို့မွတ်ဆလင်တွေ မြန်မာမလေးတွေကိုယူဖို့ဆိုရင် ဟန်ဆောင်ပြီး သင်္ကန်းတောင်ဝတ်ပြတာမျိုးရှိတော့လည်း အခက်သားပဲ။
ရဲလေးက ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ပါတယ်လို့ ကိုယ်တိုင်ပြောရင်တောင်မှ ယုံဖို့တော်တော်ခက်ခဲတယ်။

အဆိုတော်ရဲလေးက ဗုဒ္ဓဘာသာကို ယုံကြည်တယ်ဆိုရင်တောင်မှ သူ့အဖေဟာ မွတ်ဆလင်ဖြစ်တယ်။ သူ့အဖေဘက်က မွတ်ဆလင်အသိုင်းအ၀ိုင်းဖြစ်တယ်။ ဒါကြောင့် ၀န်ကြီးဦးအောင်မင်းဟာ မွတ်ဆလင်ကို ခမည်းခမက်တော်ရမှာဖြစ်ပြီး သူ့သမီးဟာ မွတ်ဆလင်ကို ယောက္ခမတော်ရမှာဖြစ်တယ်။ မွတ်ဆလင်နဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဟာ ဆွေမျိုးတော်သွားပြီဖြစ်လို့ နောင်တစ်ချိန် မွတ်ဆလင်နဲ့ပတ်သတ်တဲ့ကိစ္စတွေ အရေးအခင်းတွေမှာ ဆုံးဖြတ်ရာမှာ မျောက်သားစားချင်ရင်တောင် မျောက်မျက်နှာကြည့်နေရလို့ မပြတ်သားတာတွေ ဖြစ်လာနိုင်တယ်။

မွတ်ဆလင်တွေ မြန်မာပြည်ရဲ့ သြဇာအာဏာရှိတဲ့အသိုင်းအ၀ိုင်းထဲ နိုင်ငံရေးအသိုင်းအ၀ိုင်းထဲကို ထိုးဖောက်ဖို့ ကြိုးစားနေကြတယ်။ အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီကို အဘ အဘခေါ်ပြီး ကပ်ဖို့ကြိုးစားနေသလို NLD ကိုလည်း အမေ အမေခေါ်ပြီး ချဉ်းကပ်နေကြတာပဲ။ ဒီကိစ္စဟာ သာမန်အချစ်ရေးကိစ္စမဟုတ်ဘဲ မွတ်ဆလင်တွေရဲ့ ကျားရွှေ့ကွက်တစ်ခုဆိုရင်တော့မကောင်းဘူး။

မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ ဦးအောင်မင်းဟာ သမ္မတကြီး အားကိုးရတဲ့သူပါ။ ခုချိန်မှာ မွတ်ဆလင်နဲ့ ဆွေမျိုးတော်တော့မှာမိုလို့ ဦးအောင်မင်း ကို ပြည်သူတွေကစောင့်ကြည့်ဖို့လိုသလို ၀န်ကြီးဦးအောင်မင်းအနေနဲ့ကလည်း သူ့ရဲ့ နာမည်ကောင်းကို ဘာသာခြားကို ဆွေမျိုးတော်မိတာကြောင့် မပျက်စီးရလေအောင် မွတ်ဆလင်နဲ့ပတ်သတ်ပြီး အဂတိလိုက်စားမိတာမျိုးတွေ မလုပ်မိအောင် သတိထားဖို့လိုပါတယ်။

မြန်မာအစိုးရအရာရှိတွေ နိုင်ငံရေးသမားတွေ ရဲ့ သားသမီးတွေဟာ မြန်မာဗုဒ္ဓဘာသာတွေနဲ့ မင်္ဂလာဆောင်တာကိုပဲ ဖြစ်စေချင်ပါတယ်။ ဦးမောင်မောင်ခရဲ့ သမီး မွတ်ဆလင်ကိုယူပြီးမှ မြန်မာပြည်မှာ ဗလီတွေပိုများလာတယ်လို့လဲ ပြောကြတယ်။

ဘကတအဖွဲ့အနေနဲ့ကတော့ သမ္မတကြီးနဲ့ အန်တီစုဘေးက အားကိုးရတဲ့လူတွေဟာ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့သူတွေပဲ ဖြစ်စေချင်ပါတယ်။ သူတို့ရဲ့ သားသမီးတွေဟာလည်း ကိုယ့်ဘာသာတူချင်း လက်ထပ်တာမျိုးပဲဖြစ်စေချင်ပါတယ်။ မြန်မာအမျိုးသားတိုင်း အမျိုးသမီးတိုင်းဟာ ဘာသာတူချင်း လက်ထပ်တာကိုပဲ မြင်ချင်ပါတယ်။

မြန်မာအမျိုးသား အမျိုးသမီးများ ဘာသာခြားများရဲ့ Love Jihad လုပ်တာကို ရှောင်ရှားနိုင်ကြပါစေ။

ဘင်္ဂါလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ

ဗုဒ္ဓဘာသာ တိုင်း သိထားသင့်သည်

ရဟန်းခံပြီးသော်လည်း လူချွတ်ထိုက်သူ ( ၁၁ )ယောက်နှင့် ရဟန်းမခံသင့်သူများ

၁။ ပဏ္ဍက - ပဏ္ဍုပ် ဆိုတာ ပုံမှန် ယောင်္ကျားစိတ်မရှိသူ မစို မခြောက်များ၊
၂။ ထေယျသံဝါသက - ကိုယ့်ဘာသာ ဦးခေါင်းရိတ် သင်္ကန်းပတ်ကာ သာမဏေအစစ်ပုံစံ၊ ရဟန်းအစစ်ပုံစံ အယောင် ဆောင်ဖူးသူ၊ ရဟန်းများနှင့် အတူတူ စားသောက်နေထိုင်လေ့ရှိသူ၊

၃။ တိတ္ထိယပက္က န္တက - အစပထမ ရဟန်းဘောင်မှ အခြားဘာသာသို့ပြောင်းလဲသွားပြီး နောက်တဖန် ရဟန်း
ဘောင်ဝင်လာသူ၊
၎။ တိရ စ္ဆာန - လူယောင်ဖန်ဆင်းနိုင်သော နတ်၊ နဂါးများ၊ ဂဠုန်များစသည့် တိရိ စ္ဆာန်များ၊

၅။ မာတုဃာတက - အမေကို သတ်ဖူးသူ၊
၆။ ပိတု ဃာတက - အဖေကို သတ်ဖူးသူ၊
၇။ အရဟ န္တဃာတက - ရဟ န္တာမထေရ်တပါးပါးကို သတ်ဖူးသူ၊
၈။ ဘိက္ခုနီ ဒူသက - ဘိက္ခုနီတပါးပါးကို ဖျက်ဆီးအနိုင်ကျင့်ဖူးသူ၊

၉။ သံဃဘေဒက - သံဃာကို သင်းခွဲသောသူ၊
၁၀။ လောဟိတုပ္ပါဒက - သက်တော်ထင်ရှား ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုလုပ်သူ၊
၁၁။ ဥဘတောဗျဉ္ဇနက - ဥဘတောဗျည်း ဆိုတာ ယောင်္ကျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးစလုံး ပါသူ၊

အထက်ပါ ( ၁၁ ) ယောက်တို့အား မည့်သည့်အကြောင်းနှင့်မျှ ရဟန်းခံမပေးရပါ၊ အကယ်၍ သံဃာက မသိလို့ ရဟန်း ခံ ပေး ပြီး သား ဖြစ်လျင်တောင် ရဟန်းအသွင် ဖျက် ကာ လူထွက်စေရမည်၊ လူချွတ်ခိုင်းရမည်။
http://buddhismbeams.blogspot.com/2013/05/blog-post_22.html

နောက်တဖန် …
၁၂။ အနုပဇ္ဈာယက - ရဟန်ခံပေးမည့် တာဝန်ခံ ဥပေဇ္ဈာယ်ဆရာ မရှိသူ၊
၁၃။ သံဃုပဇ္ဈာယက - ဥပေဇ္ဈာယ် ရှိသော်လည်းတပါးတည်းမဟုတ်ပဲ သံဃာအများကြီး ဖြစ်နေသူ၊
၁၄။ ဂဏုပေဇ္ဈာယက - ဂိုဏ်းသံဃာဟူသော ဥပေဇ္ဈာယ် ရှိသူ၊

၁၅။ ဆရာဥပေဇ္ဈာယ်သည် ပဏ္ဍုပ်အခြောက်ဖြစ်နေလျင်၎င်း၊ အသွင်ခိုးဖူးသူ ဖြစ်နေလျင်၎င်း၊ တိရိ စ္ဆာန်ဇာတ် ဖြစ် နေလျင်၎င်း၊ ပဉ္စာနန္တရိယကံကြီး ၅ပါး တွင် တပါးပါး ကျူးလွန်ဖူးသူဖြစ်လျင်၎င်း၊ ဥဘတော ဗျည်းဖြစ်နေလျင်၎င်း ရဟန်းခံ မပေးကောင်းပါ၊ ( အရေအတွက်များသော်လည်း အင်္ဂါတပါးသာ ယူရပါမည် )

၁၆။ အပတ္တက - ကိုယ်ပိုင် သပိတ် မရှိသေးသူ၊
၁၇။ အစီဝရက - ကိုယ်ပိုင် သင်္ကန်း မရှိသေးသူ၊
၁၈။ အပတ္တ စီဝရက - ကိုယ်ပိုင် သပိတ်ရော သင်္ကန်းပါ မရှိသေးသူ၊

၁၉။ ယာစိတက ပတ္တ - ကိုယ်ပိုင်မဟုတ်ပဲ သူတပါးဆီက ခေတ္တငှါးရမ်းထားသော သပိတ်ဖြင့် ရဟန်းခံ လိုသူ၊
၂၀။ ယာစိတက စီဝရက - ခဏငှါးထားသော သင်္ကန်းဖြင့် ရဟန်းခံလိုသူ၊
၂၁။ ယာစိတက ပတ္တစီဝရက - ခဏငှါးထားသော သပိတ် သင်္ကန်း ၂ မျိုးလုံးဖြင့် ရဟန်းခံလိုသူ၊

အထက်ပါ နံပါတ်စဉ် ( ၁၂ ) မှ ( ၂၁ ) အထိ သာသနာ့ဘောင် ၀င်လိုသူများသည် ရဟန်းခံလျင် ရဟန်း ဖြစ်၏၊ သို့ပါ သော် လည်း ဆရာဥပေဇ္ဈာယ်ဖြစ်သော ဆရာတော်မှာ ဒုက္ကဋ်အာပတ် သင့်၏။

|Like --->Buddhism Beams(myanmar)
ကျမ်းကိုး။ ။ န ဥပသမ္ပာဒေတဗ္ဗေက ၀ီသတိဝါရ
မဟာခန္ဓက၊ ၀ိနည်း မဟာဝါပါဠိတော်၊ ၀ိနယပိဋက၊

Tuesday, May 7, 2013

လွတ်လပ်တဲ့ ဒီမိုကရေစီခေတ်ဆိုတာ...?


ဆရာမက ကျောင်းသား/ကျောင်းသူလေးတွေကို ဒီမိုကရေစီ နဲ့ ပက်သက်တဲ့ ဗဟုသုတလေးတွေ မေးနေသော အချိန်ဖြစ်တယ်...... 
 ဆရာမ....ကဲသားတို့ သမီးတို့  လွပ်လပ်တဲ့ ဒီမိုကရေစီခေတ်ဆိုတာကို နားလည်ကြလား? ထိုကျောင်းသား/ကျောင်းသူလေးများထဲမှ သွက်သွက်လပ်လပ်ရှိဟန်တူသော ကောင်မလေးတစ်ယောက်ကထထိုင်လိုက်ပြီး.... အောက်ပါအတိုင်းမဆိုင်းမတွဖြေဆိုလိုက်လေတော့သတည်း........
 ကျောင်းသူ......လွပ်လပ်တဲ့ဒီမိုကရေစီခေတ်ဆိုတာ သမီးတို့ မိန်းကလေးတွေ အ၀တ်အစားဝတ်တဲ့အခါမှာ လွတ်ချင်သလောက်လွတ်ပြီး လပ်ချင်သလောက်လပ်အောင်ဝတ်နိုင်တဲ့ခေတ်ကိုပြောတာပါဆရာမ....

ဆရာမ.....အမ်!....။

                         ဇိုး
               (   ပိုက်ဆံတစ်သောင်းတန်မြို့တော်)