2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi
Showing posts with label အထွေထွေဗဟုသုတ. Show all posts
Showing posts with label အထွေထွေဗဟုသုတ. Show all posts

Sunday, December 29, 2013

အနာဂါတ်ရဲ့ အတိုးတက်ဆုံးလူငယ် အကယ်ဒမီဆုကို စွတ်ခူးသွားတဲ့ ယွန်းယွန်း...









အနာဂါတ်ရဲ့သမီးပျိုလေး ယွန်းယွန်း ကို
မကြာခင်မှာ အကယ်ဒမီရတော့မယ်လို့  လွန်ခဲ့သုံးလလောက် ဇိုးfacebookကနေတစ်ဆင့် ပြောဘူးသည်
အခုတော့ ဇိုး ထင်သလိုတကယ်ဖြစ်လာခဲ့လို့ သူမနဲ့ ထပ်တူ အတိုင်းမသိ ၀မ်းသာမိသည်... ကွန်ဂရက်ကျူလေးရှင်းပါ ယွန်းယွန်း ဒီထက်မကအောင်မြင်မယ်လို့ ယုံကြည်လျှက်...။

                                       ဇိုး
                     (ပိုက်ဆံတစ်သောင်းတန်မြို့တော်)

Tuesday, November 12, 2013

ငုံးဥရဲ့ ကျန်းမာရေး အစွမ်း

ငုံးဥရဲ့ ကျန်းမာရေး အစွမ်း

Tuesday, November 12, 2013

ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။

ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။ ငုံးဥထဲမှာ ပါတဲ့ အာဟာရ တန်းဖိုးဟာ ဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြ ပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။ ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။ ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင် (Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို (ဆီလီနီယမ်)၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။ ငုံးဥ၀ယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီး ပါတယ်။ အက်နေတဲ့၊ အချိန်ကြာနေတဲ့ ငုံးဥကို မ၀ယ်ဖို့ သတိထား ရပါမယ်။ ငုံးဥကို ၀ယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ ၀ယ်တဲ့နေ့က စပြီး လ၀က်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ် လိုက်ပါ။

ငုံးဥကို စားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော် ပါတယ်။ ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီ ကုသပေးပါတယ်။ အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်း နာခြင်းကိုပါ ကုသ ပေးနိုင်တယ်။ ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင် တာကြောင့် ၀နေတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်ပါတယ်။ပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ် ထိန်းပေးတယ်။ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်း တွေကို ကာကွယ်ပေး ပါတယ်။ နှလုံးသွေးကြော ရောဂါ သည် တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါတယ်။ ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥထဲမှာ ပါဝင်တာထက် ၃၊၄ ဆ ပိုပါတယ်။ ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေ အတွက် အားကောင်းစေတာ မို့လို့ ကိုယ်ဝန်ဆောင် မိခင်တွေ ငုံးဥကို များများ စားပေး သင့်ပါတယ်။

၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ ကိုယ်ခန္ဓာ အင်အား ချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူ အတွက် အကျိုး ရှိပါတယ်။

၂။ ငုံးဥဆန်ပြုတ် စားမယ်ဆိုရင် သွေးတိုး သမားကို သွေးကျ စေပါမယ်။ ပြီးရင် အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့် ပေးပါတယ်။

၃။ ငုံးဥနဲ့ တရုတ် ကြက်သွန်မြိတ်ကြော် တွဲစားရင် ကျောက်ကပ် အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေ ပန်းညိုးခြင်းကို ပြန်လှည် ကောင်း မွန်စေဖို့ ပြုပြင်ပေးပါတယ်။ တီဘီရောဂါ၊ အဆုတ် အားနည်းပြီး ချောင်းအကြာကြီး ဆိုးနေ သူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေ နိုင်ပါတယ်။

ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစား သင့်ပါဘူး။ တွဲစားမိရင်တော့ ၀မ်းပျက်ခြင်း၊ ၀မ်းဖော ရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်ပေါ် စေပါတယ်။ ပြီးဒါနဲ့ ငုံးဥကို ၀က်အသည်းနဲ့ တွဲမစားမိဖို့ လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်း စက်တွေ ထွက်ပေါ် လာနိုင်ပါတယ်။

ငုံးဥအကြောင်းကို စုံသလောက်တော့ ပြောပြီးပါပြီ။ ရှည်သွားရင်တော့ ခွင့်လွှတ်ပါ။

ဗဟုသုတ စွယ်စုံကျမ်း

Friday, October 25, 2013

မိတ်ဆွေစစ်

မိတ်ဆွေစစ်
လူရယ်လို့ ဖြစ်လာတာနဲ့ တစ်ပြိုင်နက်......
လူသားတိုင်းမှာ မဖြစ်မနေလုပ်ရမဲ့ တာဝန်တစ်ခုစီရှိတယ်....
အဲဒါကတော့ ...ကိုယ့်သမိုင်းကိုရေးရခြင်းဆိုတဲ့ တာဝန်ပါပဲ....
တစ်ချို့သောလူတွေက.....
သူတို့ ရဲ့ဘ၀ကို အနိုင်းနဲ့ပိုင်းပြီး ကိုယ့်သမိုင်းကို ရေးသွားကြတယ်.....
အချို့သော လူတွေက....
သူတို့ ရဲ့ဘ၀ကို အလယ်အလတ်အဆင့်လောက်နဲ့ပဲ ကျေနပ်သွားကြရတယ်....
အချို့သောလူတွေကတော့ ....
သူတို့ ရဲ့ဘ၀ကို သုည နဲ့  စပြီး သုည နဲ့ပဲ အဆုံးသတ်သွားကြရတယ်....
ဒါဟာ ဘာကြောင့်လဲလို့ ခြေရာကောက်ကြည့်လိုက်မယ်ဆိုရင်
သူတို့ တွေဟာ မိတ်ဆွေစစ်/ မိတ်ဆွေမှန်ကို ချဉ်းကပ်တဲ့ နေရာမှာ ကွဲပြား ခြားနားသွားလို့ပါပဲ...
မိတ်ဆွေစစ်/မိတ်ဆွေမှန်ဆိုတာ အခြားမဟုတ်ပါဘူး...
ကျွန်ုပ်တို့ တွေ လေ့လာမှတ်သား ဖတ်ရှုနေကြတဲ့ စာအုပ်စာပေတွေပါပဲ...
(စာအုပ်စာပေ လူ့ မိတ်ဆွေ)ဆိုတဲ့ ဆိုရိုးစကားလဲ ရှိသည်မဟုတ်ပါလား?..
လူတစ်ယောက်ရဲ့ အောင်မြင်ခြင်း/ မအောင်မြင်ခြင်းဆိုတာ
(1)စာအုပ်စာပေလေ့လာမှတ်သားမှု
( 2 )ယင်းလေ့လာမှတ်သားလို့ ရလာတဲ့ စာအုပ်စာပေတွေထဲက အသိဥာဏ်တွေကို
လက်တွေ့ ဘ၀နဲ့ တစ်ထပ်တည်းကျအောင် ကြိုးစားအားထုတ်နိုင်မှုတို့ က
အဓိကကျတယ်လို့  ကျွန်ုပ်ကတော့ဒီလိုပဲ ယုံကြည်ထားပါတယ်....
လောကလူသားတွေဟာ မွေးဖွားလာကတည်းက
ဒီကောင်လေးကတော့....နောင်တစ်ချိန်မှာ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းဖြစ်မဲ့ သူ...
ဒီကလေးကတော့....ကွန်ပျူတာဆော့ဝဲတွေကို တီထွင်တဲ့
ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် ဘီဂိတ်ဖြစ်မဲ့ သူရယ်လို့ 
ခေါင်းစဉ်တပ်ပြီး မွေးဖွားလာကြတာ မဟုတ်ပါဘူး...
သူ တို့ ရဲ့ လေ့လာမှတ်သားမှုတွေကို
လက်တွေ့ ဘ၀နဲ့ တစ်ထပ်တည်းကြအောင်ပေါင်းစပ်နိုင်လို့ သာ
င်္ဒီလို ဂုဏ်ထူးဝိသေသတွေကိုရရှိခဲ့ကြတာပါ....
ဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘ၀တုန်းက....
သူဟာနိုင်ငံရေးစာပေတွေကိုလေ့လာဖတ်ရှုတယ်..
ပြီင်္းတော့ ရန်ကုန် ကန်တော်ကြီး ပန်းခြံထဲကိုသွားပြီး
ပန်းပင်တွေရဲ့အလယ်မှာ သူတစ်ယောက်ထဲ မိန့် ခွန်းပြောလေ့ကျင့်တယ်....
( ကျနော်ကတော့ ဒီကိစ္စကို ဒီလို လုပ်သင့်တယ်လို့ ယူဆပါတယ်
ခင်ဗျား တို့ အနေနဲ့ ရော ဘယ်လိုမြင်ပါလဲ ကျနော့်ရဲ့ ယူဆချက်ကိုထောက်ခံပါသလား..? )
...စသည်ဖြင့်ပေါ့ ဒါကိုသူရဲ့သူငယ်ချင်းတွေကမြင်တော့...ဒီကောင်ဟာ နိုင်ငံရေးရူးရူးနေတဲ့ကောင်ပါကွာဆိုပြီး
ဝိုင်းဟားကြတယ်.....
ဒါပေမဲ့..ဗိုလ်ချုပ်ဟာ ဝေဖန်မှုတွေကို မျက်ကွယ်ပြုပြီး သူ့ အလုပ်ကိုပဲ သူ တစ်စိုက်မတ်မတ်နဲ့
ဆက်လုပ်ခဲ့တယ်....ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့ အခါမှာ လွတ်လပ်ရေးအောင်လံကို
ဆွတ်ခူးပေးတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတော့တာပါပဲ.....
ဒါကိုကြည့်သောအားဖြင့်.... စာအုပ်စာပေဟာဘယ်လောက်အထိအရေးပါတယ်ဆိုတာသိသာလှပါတယ်...
တစ်နည်းအားဖြင့်ပြောရရင် ... စာအုပ်စာပေဆိုတာ....
ဘာသာရေး.နိုင်ငံရေး လူမှုရေး စီးပွားရေးစသည်တို့ ရဲ့
ဆုံဆည်းရာ စုဗူးကြီးတစ်ခုပါပဲ....
ယနေ့ ခေတ် ကမ္ဘာတစ်ဝှမ်းက အောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေကို စစ်တမ်းကောက်ကြည့်လိုက်မယ်ဆိုရင်...
(၇၅)ရာခိုက်နှုံးလောက်က အခြေခံလူတန်းစားတွေဖြစ်ပြီး
သူတို့ တွေဟာ စာအုပ်စာပေတွေလေ့လာမှတ်သားရာမှာ အလွန်ဝါသနာပါတဲ့ သူတွေ
ဖြစ်နေတယ်ဆိုတာတွေ့ ရပါလိမ့်မယ်....
ဒါကြောင့် ကျွန်ုပ်ရဲ့ သယ်ရင်းအားလုံးလဲ.... မိတ်ဆွေစစ်ဖြစ်တဲ့ စာအုပ်စာပေတွေကို
လေ့လာမှတ်သားပါပြီး... ယင်းလေ့လာမှတ်သားလို့ ရလာတဲ့ အသိဥာဏ်တွေကို
လက်တွေ့ဘ၀နဲ့ တစ်ထပ်တည်းကျအောင် ပေါင်းစပ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်....။


ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

Monday, September 23, 2013

ပင့်ကူ နှင့်တူသော သူ မဖြစ်စေဖို့ 

ပင့်ကူသည် မိမိပြုလုပ်သော 
ပင့်ကူအိမ်သို့  ပြန်၍ကျသကဲ့ သို့ 
 ရာဂဖြင့် တပ်မက်ကုန်သောသူတို့ သည် မိမိတို့ ပြုသော တဏှာအလျင်သို့  ကျကုန်၏ 
ပညာရှိတို့ သည် ဤတဏှာအလျင်ကို ဖြတ်၍
 ငဲ့ကွက်ခြင်းမရှိပဲ အလုံးစုံသော ဆင်းရဲကို စွန့်ကာ
 (နိဗ္ဗာန်) သို့ သွားကုန်၏..။ 
(ဓမ္မပဒ)


 
Those who are
 lust-infatuated fall back into the swirling current
 (of samsara)
 like a spider on its self-spun web.
 This, too, the wise cut off.
 Without any longing,
 they abandon all suffering
 and renounce the world.
  (Dhammapada)

ဓမ္မပဒလက်ဆောင်

လိမ္မာသော ရထားထိန်းသည်
လျင်မြန်စွာသွားသော ရထားကို
လမ်းမလွဲအောင် ကောင်းစွာစောင့်ရှောက်သကဲ့သို
မိမိတွင် ဖြစ်ပေါ်လာသော အမျက်ဒေါသကို
တားဆီးနိုင်သောသူကို
လိမ္မာသော ရထားထိန်းဟု ငါ ဘုရားဆိုတော်မူ၏
မတားဆီးနိုင်သောသူတို့ သည်
ကြိုးကိုင်သာဖြစ်ကုန်၏ 
   (ဓမ္မပဒ)
့He who checks
rising anger as a charioteer
checks a rolling chariot,
him I call a true charioteer.
others only hold the reins.
(Dhammapada)

Tuesday, July 16, 2013

ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော်များ

ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော်များ

===================

“ဗုဒ္ဓ” သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော“ထူးခြားအံ့ဖွယ် ကမ္ဘာကျော် မိန့်ခွန်းတစ်ရပ်”ကို ရဲဝံ့ ပြတ်သားစွာ ဟောကြားခဲ့ ပါသည်။

အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမ လူမျိုးတို့ကို ဟောကြားသော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူ တစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင် လမ်းညွှန်ချက်” တရားတို့ပင် ဖြစ်သည်။

ဤ သုတ္တန်တရားတော်မှ ဗုဒ္ဓ၏ မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ” ဖြစ်ပါသည်။

ဘာသာရေး ထုံးတမ်းစဉ်လာ ကြားတွင် တွေဝေငေးမော နေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင်အောင် လမ်းဖွင့် ပေးလိုက်သော ကြည်လင် ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ”လည်း ဖြစ်ပေသည်။

ဗုဒ္ဓ ၏ ထို မိန့်ဆိုချက်မှာ……

“အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊ သင်တို့သည် လက်ခံကျင့်သုံး အပ်သော အမှန်တရား ဓမ္မတို့ကို ဤ အချက် (၁၀) ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ် အားထုတ်ကြ ကုန်လော့…။

(၁) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ် လာခဲ့တာပဲလို့ “ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါ နဲ့ဦး။

(၂) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ” ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။

(၃) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည် ကျော်ကြားရုံ” နဲ့ မစုံစမ်း မဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက် ပါနဲ့ဦး။

(၄) “ရှေးဟောင်း စာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ် တကူ လက်မခံ လိုက်ပါနဲ့ဦး။

(၅) မိမိဥာဏ်ရှိသမျှ တွေးခေါ် ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။

(၆) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့ အမှီပြုအပ်တဲ့ “နည်းနာ နိဿယ” တွေ၊ အကြောင်းပြချက်တွေ ရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ် တကူ လက်မခံလိုက်ပါနဲ့ဦး။

(၇) မိမိဘာသာ “တွေးခေါ်ကြံစည် ဆင်ခြင်ပြီး” ဟုတ်လှပြီ လို့ သဘောကျ နှစ်ခြိုက်ရုံနဲ့လဲ မှန်လှပြီ လို့ မယူဆ လိုက်ပါနဲ့ဦး။

(၈) ဒီတရား အယူအဆတွေ ဟာဖြင့် မိမိစဉ်းစား တွေးတော ထားတာတွေနဲ့“တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက် ပါနဲ့ဦး။

(၉) အများက “လေးစားရိုသေ အပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့ စကားပဲ ဆိုပြီး တော့လည်း မဆင်မခြင်ပဲ မယုံကြည် လိုက်ပါနဲ့ဦး။

(၁၀) ငါတို့ ရင်းနှီး ကျွမ်းဝင်ချစ်ခင်တဲ့ “ငါတို့ဆရာသမား” ပြောကြားတဲ့ စကားပဲ ဆိုပြီတော့လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။

“ကာလာမ လူမျိုးတို့……

သင်၏ ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင် သုံးသပ်ကာ…..

ဤတရားတို့ကား.. မကောင်းမှု တရားတို့ပေတည်း။

ဤတရားတို့ကား.. အကျိုးမဲ့ အပြစ်ကိုသာ ဖြစ်စေသော တရားတို့တည်း။

ဤတရားတို့ကား.. ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။

ဤတရားတို့ကား.. ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း မဟုတ်သော တရားတို့ပေတည်း……ဟု ရှောင်ရှား ပယ်စွန့်သင့်သည် တို့ကို စွန့်ပစ်ကာ လက်ငင်း အကျိုးကျေးဇူး အမှန်တကယ် ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ ကျင့်သုံးပြီးမှ ယုံကြည် လက်ခံကြပါ….ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ ပါသည်။

“ဘာသာအယူဝါဒ ဂိုဏ်းဂဏ ထူထောင်သူတို့သည်…

ငါ့ကိုသာ ယုံကြည်ကိုးကွယ် ကြရမည်။

ငါပြောသည့် အတိုင်းသာ ပြုလုပ်ကြရမည်။

ငါ့ကို မယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ကျရောက်စေရမည်။”… ဟု ခြိမ်းခြောက် ဟောပြော၍ လူစုနေချိန်တွင်……”

“ဗုဒ္ဓ” က…

“ငါပြောတာကိုလည်း ရမ်းပြီး မယုံလိုက်ပါနဲ့ဦး။ ဆင်းရဲဒုက္ခ ငြိမ်းအေးပြီး ချမ်းသာသုခကို ဖြစ်စေတဲ့ …. သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး.. တရားဓမ္မကို ဦးစွာ ကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့ သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့ လက်ခံကြပါ”…ဟု.. ဟောကြားရဲခြင်းသည်…

ဓမ္မ၏ မြင့်မြတ်မှန်ကန်သော.. ဂုဏ်တော် တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒ မျိုးစုံတို့ အတွက် “အံ့သြ တုန်လှုပ်ဖွယ် မိန့်ခွန်းတော် တစ်ရပ် ” ပင် ဖြစ်ပေတော့သည်။

“ဓမ္မရသ စာစုများ” အမှတ်(၂)၊ (စာ-၁၄)


ကူညီကြပါ


Saturday, May 25, 2013

“ ကဆုန်လပြည့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းဓ လေ့ & ညောင်ရေသွန်းပူဇော်ရကျိုး”


လေ့ & ညောင်ရေသွန်းပူဇော်ရကျိုး”
••••••••••••••••••••••••••••••••••••••••••••••••

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြသည်။
ထိုသို့ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်၊ သောကြာနေ့၌ ဖွားမြင်တော်
မူ၍ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်ကိုရောက်တော်
မူပြီး ကဆုန်လပြည့်၊ အင်္ဂါနေ့၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေမြတ်ဖြစ်ခဲ့သည်။

ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာ
သက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမ၀င်မီ
မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဌာန်ဖြင့်
အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်
မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာ
ဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်
လပြည့်နေ့သို့ရောက်တိုင်း မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို
အောင်နိုင်ရာ သစ္စာ၎ပါး ကိုသိမြင်ရာ၊ ဘုရားအဖြစ်သို့ရောက်တော်
မူရာ ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့
ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်
ထားအပ်သော ညောင်ပင်များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်၇ွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလို
ရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင်ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်းဖျန်းပူဇော်ခြင်းကို ညောင်ရေ
သွန်းပွဲတော်ဟု ခေါ်တွင်ကာ မြန်မာတို့ ၏ ၁၂လရာသီပွဲတော်အဖြစ်
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာ
မပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ဤသည်မှာ ညောင်ရေသွန်းပွဲတော်
ဖြစ်ပေါ်လာရခြင်း ၏ အခြေခံအကြောင်းပင်ဖြစ်သည်။

"ညောင်ရေသွန်းပူဇော်ရကျိုး"
••••••••••••••••••••••••
ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် "ခုဒ္ဒက
နိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်" ၌ ဘုရားရှင်
လက်ထက် တော်က ရဟန္တာမထေရ်ကြီးများကိုယ်တိုင်
မိမိတို့၏ ဘ၀ဖြစ်စဉ်များကို
ပြန်လည်ဟောကြားထားသည်တို့ကို
တွေ့ရှိကြည်ညိုရပေသည်။

"ဂန္ဓောဒကိယ ရဟန္တာမထရ်"
••••••••••••••••••••••••
ပဒုမုတ္တရာ မြတ်စွာဘုရားလက်ထက်တော်၍ သူကြွယ်တစ်ဦးသည်
မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ထင်းရှုး ဗောဓိပင် ပူဇော်ပွဲ ပြုလုပ်သောအခါ
လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ
သွန်းလောင်းပူဇော်ခဲ့လေသည်။ ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ
ရွာသွန်းပြီး မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။

♦ ထိုဘ၀မှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှု
ကြောင့် နတ်ပြည်သို့ရောက်ကာ ဘုံအဆင့်တစ်ရာရှိသော နတ်ဗိမာန်၌
နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိ ဘဲ
နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

♦ နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌
လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့် ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်
ပါအင်အားရှိသော သံဝသိတ မည်သော စကြ၀တေးမင်း ဖြစ်ခဲ့ရလေသည်။

♦ ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ ဂန္ဓောဒကိယမထေရ်
အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး
တို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော
ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။

"ဗောဓိသိဉ္စက ရဟန္တာမထေရ်"
•••••••••••••••••••••••••••••
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တစ်ပါးသည်
မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ညောင်ပင်ပူဇော်ပွဲ ကျင်းပ
သောအခါ ဗောဓိပင်သို့သွားရောက်ပြီး-

ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာ
ဘုရားသည် ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊
ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည်
ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း ဟု နှလုံးသွင်း
ဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း
ပူဇော်ခဲ့လေသည်။

♦ ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် ကိုးဆယ်တစ်ကမ္ဘာကာလ
ပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌သာ
ကျင်လည်ခဲ့ရပေသည်။

♦ ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ရောက်သောအခါ လူ့ပြည်၌
ဥဒကသေစနမည်သော စကြ၀တေးမင်းစည်းစိမ်ကို ရှစ်ကြိမ်တိုင်တိုင်
ခံစားစံစားရခဲ့လေသည်။

♦ ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ ဗောဓိသိဉ္ဓက မထေရ်
အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး
တို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့
လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်
မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။

"တိုက်တွန်းလွှာ"
•••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ဗောဓိပင်ကို စိုက်ပျိုးပူဇော်
ခဲ့သော အသနဗောဓိယ ရဟန္တာမထေရ်၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ဗောဓိဝန္ဒက
ရဟန္တာ မထေရ်မြတ်ကြီး တို့သည် လည်း ထိုကဲ့သို့သော အကျိုးထူး
အကျိုးမြတ်များကို ရရှိခဲ့ဘူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောါအခါ ယတြာကျေရုံ၊
ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်ဘဲ
မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊
ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရား
အဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို
လေးလေးနက်နက် အာရုံယူကာ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်
ဆုပန်ပြီး ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်း
ပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို
နိဂုံးသတ်လိုက်ပါသည်။

- အရှင်နာဂ၀ံသ -
မောင်ကံကော်(ကျုံပျော်)
သဒ္ဓမ္မသီတဂူသာသနာရိပ်သာ
တောရကျောင်းတိုက်

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
----------------------*----------------------
“ဆက်စပ်သော ပိုစ့် များအားဖတ်ရှူချင်ပါက”

► “ဗျာဒိတ်ခံယူသည့်နေ့ ”
[https://www.facebook.com/photo.php?fbid=620584127951603&set=a.322278357782183.93617.129054333771254&type=1&theater ]
►"ကဆုန်လပြည့် ဗုဒ္ဓနေ့ "
[ https://www.facebook.com/photo.php?fbid=620605857949430&set=a.322278357782183.93617.129054333771254&type=1&permPage=1 ]
►"ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်"
[https://www.facebook.com/photo.php?fbid=620546577955358&set=a.322278357782183.93617.129054333771254&type=1&theater ]
► “ပရိနိဗ္ဗာန်ပြုတော်မူ”
[https://www.facebook.com/photo.php?fbid=620769604599722&set=a.322278357782183.93617.129054333771254&type=1&permPage=1]
►"ကဆုန်လနှင့် ညောင်ရေသွန်းပွဲ"
[https://www.facebook.com/photo.php?fbid=620530064623676&set=a.322278357782183.93617.129054333771254&type=1&permPage=1]
► “ ကဆုန်လပြည့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းဓလေ့ & ညောင်ရေသွန်းပူဇော်ရကျိုး”
[https://www.facebook.com/photo.php?fbid=620653527944663&set=a.322278357782183.93617.129054333771254&type=1&permPage=1]
► “ ကဆုန်လပြည့် - ဗုဒ္ဓနေ့ ( ဆု၊ ဖွား၊ ပွင့်၊ စံ ) ”
[https://www.facebook.com/photo.php?fbid=620635924613090&set=a.322278357782183.93617.129054333771254&type=1&permPage=1]
► "အလောင်းတော်သိဒ္ဓတ္ထမင်းသား ဘ၀ဖြစ်စဉ်"
[https://www.facebook.com/photo.php?fbid=620995767910439&set=a.322278357782183.93617.129054333771254&type=1&theater]
►"အာနန္ဒာဗောဓိပင် သမိုင်း"
[https://www.facebook.com/photo.php?fbid=620971417912874&set=a.322278357782183.93617.129054333771254&type=1&theater]


Thursday, May 23, 2013

မဟုတ်တိုင်းသာ ခွန်းတုံ့ပြန်မယ်ဆိုရင်


"ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်"

"ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်"
•••••••••••••••••••••••••••••••••••
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

Dhamma Danã Source
► ဓမ္မယျုတ်မန် &
www.facebook.com/youngbuddhistassociation.mm

အေးချမ်းမွန် Credit & Copy From >Young Buddhist's Association < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

အဆိပ်ပင်ကို ရေမလောင်းမိပါစေနှင့်


ဗန်ပါစီ

ပရီးယာလိဂ်ရဲ့ ဂိုးသွင်းဘုရင်ရွှေဖိနပ်ဆုနှင့် အတူတွေ့ ရသည့် ဗန်ပါစီ
တစ်ဦးချင်းအောင်မြင်မှုထက် အသင်းအောင်မြင်မှုက 
ပိုမိုအရေးကြီးကြောင်းပြောကြား.....

ဇိုး 
(ပိုက်ဆံတစ်သောင်းတန်မြို့ တော်)
 

ရှေးဟောင်း ရုပ်ပွားတော်

၅-၅-၂၀၁၃ မ၈င်္လာတန၈င်္နွေနေ့လေးပါရှမ်းစော်ဘွား အဆက်ဆက် ကိုးကွယ်လာခဲ့သော ခန္ဒာကိုယ်ပေါ်တွင် ရုပ်ပွားတော်ပေါင်း ၁၀၀၀ ပါသော ရှေးဟောင်း ရုပ်ပွားတော်

မေးသင့်သော မေးခွန်းများ

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ သမီးနဲ့ အဆိုတော်ရဲလေးလက်ထပ်မဲ့ကိစ္စ

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ တစ်ဦးတည်းသော သမီးနဲ့ အဆိုတော်ရဲလေးလက်ထပ်မဲ့ကိစ္စဟာ နည်းနည်းစဉ်းစားစရာဖြစ်နေတယ်။ ဗုဒ္ဓဘာသာအချင်းချင်းသာ လက်ထပ်မယ်ဆို ပြောစရာမရှိပေမဲ့ ဦးအောင်မင်းလို သြဇာကြီးတဲ့ ၀န်ကြီးတစ်ယောက်သမီးဟာ မွတ်ဆလင်ကို လက်ထပ်မယ်ဆိုရင် ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။
ရဲလေးရဲ့ အဖေက မွတ်ဆလင်ဖြစ်ပြီး အမေက ဗုဒ္ဓ ဘာသာဖြစ်နေလို့ အဆိုတော်ရဲလေးဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်သူလား ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူလား အစ္စလာမ်ကိုသက်ဝင်ယုံကြည်ပေမဲ့ အခြေအနေအရ ဗုဒ္ဓဘာသာဟန်ဆောင်နေသူလားဆိုတာ သေချာမသိပါဘူး။
အကောင်းဆုံးကတော့ မီဒီယာတွေအနေနဲ့ ရဲလေးကို သေချာအင်တာဗျူးပြီး သူဘာသာပြောမလဲဆိုတာ နားထောင်စေချင်ပါတယ်။ အင်တာဗျူးလုပ်ရာမှာ လိမ်နေတာလား အမှန်ပြောနေတာလား သိနိုင်အောင် video interview လုပ်စေချင်ပါတယ်။

အချို့မွတ်ဆလင်တွေ မြန်မာမလေးတွေကိုယူဖို့ဆိုရင် ဟန်ဆောင်ပြီး သင်္ကန်းတောင်ဝတ်ပြတာမျိုးရှိတော့လည်း အခက်သားပဲ။
ရဲလေးက ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ပါတယ်လို့ ကိုယ်တိုင်ပြောရင်တောင်မှ ယုံဖို့တော်တော်ခက်ခဲတယ်။

အဆိုတော်ရဲလေးက ဗုဒ္ဓဘာသာကို ယုံကြည်တယ်ဆိုရင်တောင်မှ သူ့အဖေဟာ မွတ်ဆလင်ဖြစ်တယ်။ သူ့အဖေဘက်က မွတ်ဆလင်အသိုင်းအ၀ိုင်းဖြစ်တယ်။ ဒါကြောင့် ၀န်ကြီးဦးအောင်မင်းဟာ မွတ်ဆလင်ကို ခမည်းခမက်တော်ရမှာဖြစ်ပြီး သူ့သမီးဟာ မွတ်ဆလင်ကို ယောက္ခမတော်ရမှာဖြစ်တယ်။ မွတ်ဆလင်နဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဟာ ဆွေမျိုးတော်သွားပြီဖြစ်လို့ နောင်တစ်ချိန် မွတ်ဆလင်နဲ့ပတ်သတ်တဲ့ကိစ္စတွေ အရေးအခင်းတွေမှာ ဆုံးဖြတ်ရာမှာ မျောက်သားစားချင်ရင်တောင် မျောက်မျက်နှာကြည့်နေရလို့ မပြတ်သားတာတွေ ဖြစ်လာနိုင်တယ်။

မွတ်ဆလင်တွေ မြန်မာပြည်ရဲ့ သြဇာအာဏာရှိတဲ့အသိုင်းအ၀ိုင်းထဲ နိုင်ငံရေးအသိုင်းအ၀ိုင်းထဲကို ထိုးဖောက်ဖို့ ကြိုးစားနေကြတယ်။ အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီကို အဘ အဘခေါ်ပြီး ကပ်ဖို့ကြိုးစားနေသလို NLD ကိုလည်း အမေ အမေခေါ်ပြီး ချဉ်းကပ်နေကြတာပဲ။ ဒီကိစ္စဟာ သာမန်အချစ်ရေးကိစ္စမဟုတ်ဘဲ မွတ်ဆလင်တွေရဲ့ ကျားရွှေ့ကွက်တစ်ခုဆိုရင်တော့မကောင်းဘူး။

မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ ဦးအောင်မင်းဟာ သမ္မတကြီး အားကိုးရတဲ့သူပါ။ ခုချိန်မှာ မွတ်ဆလင်နဲ့ ဆွေမျိုးတော်တော့မှာမိုလို့ ဦးအောင်မင်း ကို ပြည်သူတွေကစောင့်ကြည့်ဖို့လိုသလို ၀န်ကြီးဦးအောင်မင်းအနေနဲ့ကလည်း သူ့ရဲ့ နာမည်ကောင်းကို ဘာသာခြားကို ဆွေမျိုးတော်မိတာကြောင့် မပျက်စီးရလေအောင် မွတ်ဆလင်နဲ့ပတ်သတ်ပြီး အဂတိလိုက်စားမိတာမျိုးတွေ မလုပ်မိအောင် သတိထားဖို့လိုပါတယ်။

မြန်မာအစိုးရအရာရှိတွေ နိုင်ငံရေးသမားတွေ ရဲ့ သားသမီးတွေဟာ မြန်မာဗုဒ္ဓဘာသာတွေနဲ့ မင်္ဂလာဆောင်တာကိုပဲ ဖြစ်စေချင်ပါတယ်။ ဦးမောင်မောင်ခရဲ့ သမီး မွတ်ဆလင်ကိုယူပြီးမှ မြန်မာပြည်မှာ ဗလီတွေပိုများလာတယ်လို့လဲ ပြောကြတယ်။

ဘကတအဖွဲ့အနေနဲ့ကတော့ သမ္မတကြီးနဲ့ အန်တီစုဘေးက အားကိုးရတဲ့လူတွေဟာ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့သူတွေပဲ ဖြစ်စေချင်ပါတယ်။ သူတို့ရဲ့ သားသမီးတွေဟာလည်း ကိုယ့်ဘာသာတူချင်း လက်ထပ်တာမျိုးပဲဖြစ်စေချင်ပါတယ်။ မြန်မာအမျိုးသားတိုင်း အမျိုးသမီးတိုင်းဟာ ဘာသာတူချင်း လက်ထပ်တာကိုပဲ မြင်ချင်ပါတယ်။

မြန်မာအမျိုးသား အမျိုးသမီးများ ဘာသာခြားများရဲ့ Love Jihad လုပ်တာကို ရှောင်ရှားနိုင်ကြပါစေ။

ဘင်္ဂါလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ

ဗုဒ္ဓဘာသာ တိုင်း သိထားသင့်သည်

ရဟန်းခံပြီးသော်လည်း လူချွတ်ထိုက်သူ ( ၁၁ )ယောက်နှင့် ရဟန်းမခံသင့်သူများ

၁။ ပဏ္ဍက - ပဏ္ဍုပ် ဆိုတာ ပုံမှန် ယောင်္ကျားစိတ်မရှိသူ မစို မခြောက်များ၊
၂။ ထေယျသံဝါသက - ကိုယ့်ဘာသာ ဦးခေါင်းရိတ် သင်္ကန်းပတ်ကာ သာမဏေအစစ်ပုံစံ၊ ရဟန်းအစစ်ပုံစံ အယောင် ဆောင်ဖူးသူ၊ ရဟန်းများနှင့် အတူတူ စားသောက်နေထိုင်လေ့ရှိသူ၊

၃။ တိတ္ထိယပက္က န္တက - အစပထမ ရဟန်းဘောင်မှ အခြားဘာသာသို့ပြောင်းလဲသွားပြီး နောက်တဖန် ရဟန်း
ဘောင်ဝင်လာသူ၊
၎။ တိရ စ္ဆာန - လူယောင်ဖန်ဆင်းနိုင်သော နတ်၊ နဂါးများ၊ ဂဠုန်များစသည့် တိရိ စ္ဆာန်များ၊

၅။ မာတုဃာတက - အမေကို သတ်ဖူးသူ၊
၆။ ပိတု ဃာတက - အဖေကို သတ်ဖူးသူ၊
၇။ အရဟ န္တဃာတက - ရဟ န္တာမထေရ်တပါးပါးကို သတ်ဖူးသူ၊
၈။ ဘိက္ခုနီ ဒူသက - ဘိက္ခုနီတပါးပါးကို ဖျက်ဆီးအနိုင်ကျင့်ဖူးသူ၊

၉။ သံဃဘေဒက - သံဃာကို သင်းခွဲသောသူ၊
၁၀။ လောဟိတုပ္ပါဒက - သက်တော်ထင်ရှား ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုလုပ်သူ၊
၁၁။ ဥဘတောဗျဉ္ဇနက - ဥဘတောဗျည်း ဆိုတာ ယောင်္ကျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးစလုံး ပါသူ၊

အထက်ပါ ( ၁၁ ) ယောက်တို့အား မည့်သည့်အကြောင်းနှင့်မျှ ရဟန်းခံမပေးရပါ၊ အကယ်၍ သံဃာက မသိလို့ ရဟန်း ခံ ပေး ပြီး သား ဖြစ်လျင်တောင် ရဟန်းအသွင် ဖျက် ကာ လူထွက်စေရမည်၊ လူချွတ်ခိုင်းရမည်။
http://buddhismbeams.blogspot.com/2013/05/blog-post_22.html

နောက်တဖန် …
၁၂။ အနုပဇ္ဈာယက - ရဟန်ခံပေးမည့် တာဝန်ခံ ဥပေဇ္ဈာယ်ဆရာ မရှိသူ၊
၁၃။ သံဃုပဇ္ဈာယက - ဥပေဇ္ဈာယ် ရှိသော်လည်းတပါးတည်းမဟုတ်ပဲ သံဃာအများကြီး ဖြစ်နေသူ၊
၁၄။ ဂဏုပေဇ္ဈာယက - ဂိုဏ်းသံဃာဟူသော ဥပေဇ္ဈာယ် ရှိသူ၊

၁၅။ ဆရာဥပေဇ္ဈာယ်သည် ပဏ္ဍုပ်အခြောက်ဖြစ်နေလျင်၎င်း၊ အသွင်ခိုးဖူးသူ ဖြစ်နေလျင်၎င်း၊ တိရိ စ္ဆာန်ဇာတ် ဖြစ် နေလျင်၎င်း၊ ပဉ္စာနန္တရိယကံကြီး ၅ပါး တွင် တပါးပါး ကျူးလွန်ဖူးသူဖြစ်လျင်၎င်း၊ ဥဘတော ဗျည်းဖြစ်နေလျင်၎င်း ရဟန်းခံ မပေးကောင်းပါ၊ ( အရေအတွက်များသော်လည်း အင်္ဂါတပါးသာ ယူရပါမည် )

၁၆။ အပတ္တက - ကိုယ်ပိုင် သပိတ် မရှိသေးသူ၊
၁၇။ အစီဝရက - ကိုယ်ပိုင် သင်္ကန်း မရှိသေးသူ၊
၁၈။ အပတ္တ စီဝရက - ကိုယ်ပိုင် သပိတ်ရော သင်္ကန်းပါ မရှိသေးသူ၊

၁၉။ ယာစိတက ပတ္တ - ကိုယ်ပိုင်မဟုတ်ပဲ သူတပါးဆီက ခေတ္တငှါးရမ်းထားသော သပိတ်ဖြင့် ရဟန်းခံ လိုသူ၊
၂၀။ ယာစိတက စီဝရက - ခဏငှါးထားသော သင်္ကန်းဖြင့် ရဟန်းခံလိုသူ၊
၂၁။ ယာစိတက ပတ္တစီဝရက - ခဏငှါးထားသော သပိတ် သင်္ကန်း ၂ မျိုးလုံးဖြင့် ရဟန်းခံလိုသူ၊

အထက်ပါ နံပါတ်စဉ် ( ၁၂ ) မှ ( ၂၁ ) အထိ သာသနာ့ဘောင် ၀င်လိုသူများသည် ရဟန်းခံလျင် ရဟန်း ဖြစ်၏၊ သို့ပါ သော် လည်း ဆရာဥပေဇ္ဈာယ်ဖြစ်သော ဆရာတော်မှာ ဒုက္ကဋ်အာပတ် သင့်၏။

|Like --->Buddhism Beams(myanmar)
ကျမ်းကိုး။ ။ န ဥပသမ္ပာဒေတဗ္ဗေက ၀ီသတိဝါရ
မဟာခန္ဓက၊ ၀ိနည်း မဟာဝါပါဠိတော်၊ ၀ိနယပိဋက၊

Monday, April 29, 2013

ဖေ့ဘုတ်ခ်ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့်မိန်းကလေး

Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ

၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်း တစ်ယောက်အကူအ ညီတောင်း၍လူပျောက်ကြော်ငြာPost တစ်ခုတင်ခဲ့ပါသည်ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည် ။

သို့သော်အသက်ရှင်လျက်တော့ မဟုတ်ပါ ထို့ကြောင့်၎င်းသေဆုံးမှုသည် လူသေမှုဖြစ်နိုင်လား လူသတ် မှုဖြစ်နိုင်လားဆိုသည်ကိုဝိုင်းဝန်းစဉ်းစားစုံ စမ်းနိုင်ရန် ဒီစာကိုမေးမြန်းရေးသားပါသည် ။

ယနေ့အချိန်ခါတွင် facebookခေါ်လူ မှုကွန်ယက်အားအ လွှာအသီးသီး မှအသုံး ပြုနေသဖြင့် မိမိထက်သိမိမိထက်တက် တက်သိနားလည် သူများရှိပါကကာယကံ ရှင်များအားမိမိထက်ပိုမိုကူ ညီနိုင်ရန်၎င်းမိ မိတက်စွမ်းသ၍ကူညီချင်သူများရှိပါက ကူညီနိုင်ရန်အ သိပေးခြင်း သာဖြစ်ပါသည်။

သေဆုံးသူမှာရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေး ရွာအုပ် စု ရေတာရှည်ကျေးရွာမှအဖဦးဇော်ထွန်း အမိဒေါ်နော်မယ်စေး၏ သမီး ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် တွင်ဒုတိယနှစ် တွင် တက်ရောက် ပညာသင်ကြားနေသောကျောင်း သူမနော်မေသူ သူ ဇော်ဖြစ်ပါသည် ၄င်း၏ချစ်သူမှာရန်ကုန် ဆေး၁ တွင်ပညာ သင်ကြားနေသော ဒုတိယနှစ်ကျောင်းသားမောင်ရဲမင်းဦးဖြစ်ပါသည်

အခင်းဖြစ်ပွားသည့်နေ့ ၁၉.၄.၂၀၁၃ေooနေအိမ်မှအပြင်ထွက် သွားခဲ့ပါသည် မောင်ရဲမင်းဦးမွေးနေ့သို့သွား၍ထိုမှတဆင့်မိဘများနေထိုင်
ရာရေတာရှည်ကျေးရွာသို့သွားမည်ဖြစ်ကြောင်းသိရပါသည်

၁၉.၄.၂၀၁၃ရက်နေ့ ည၈း၀၀နာရီခန့် တွင် ဒေါ်နော်မယ်စေး ထံသို့ မောင်ရဲမင်း ဦးမှဖုန်းဆက်၍`အန်တီသမီးကိုည ၇း၃၀နာရီကမှော်ဘီကားပေါ်သို့ တင်ပေး လိုက်ကြောင်း သွားကြိုရန်ပြောကြားခဲ့သည်´

ထို အခါဒေါ်နော်မယ်စေးမှလူလွတ်၍အကြို ခိုင်းသော်လည်းပြန် လည်ရောက်ရှိလာခြင်းမရှိပေ ထို့ကြောင့်ဒေါ်နော်မယ်စေးမှ ည၁၀း၃၀ခန့်တွင်မောင်ရဲမင်းဦးထံဖုန်းဆက်၍၄င်၏သမီးအားကားပေါ်
တင်ပေးလိုက်တာသေချာလားဟုမေးသောအခါသေ ချာကြောင်း၎င်းကိုယ်တိုင်ကားထွက်မှပြန် လာကြောင်းပြောကြားခဲ့ပါသည်။

(မှတ်ချက် ယခင်က မောင်ရဲမင်းဦးသည်မနော် မေသူသူဇော်၏မိဘများထံသို့တစ်ခါမျှဖုန်း ဆက်သွယ်ဖူးခြင်း မရှိကြောင်းသိရသည်)

၂၀.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးသည်သမီးနှင့်အတူနေထိုင်ရာ၎င်း၏ မောင်နေအိမ်သို့သို့သွားရောက်၍သမီး၏ သူငယ်ချင်းလိပ်စာ ဖုန်းနံပတ်များစုံစမ်း၍ ဆက်သွယ်မေးမြန်း ရာ၎င်းတို့ထံ သို့မလာ ကြောင်းသိရှိခဲ့ရပါသည်

ထို့နောက်မှော် ဘီသို့ပြန်လာ၍ မှော်ဘီရဲစခန်းသို့လူ ပျောက် အမှုဖွင့်သောအခါမှော် ဘီရဲစခန်း မှတာဝန်ရှိသူများအကြံပေးချက်ဖြင့်၎င်းသ မီးနေထိုင်ရာမရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းသို့အ မှုဖွင့်ရန်စီစဉ် ရပါသည် ။

ထိုနေ့မိုးချုပ်သွားသဖြင့နောက်တစ်နေ့တွင်မှသာအမှုဖွင့်နိုင်ပါသည် ၂၁.၄.၂၀၁၃ရက်နေ့တွင် ဦးဇော်ထွန်းဒေါ် နော်မယ်စေး တို့သည် မောင်ရဲမင်းအောင် နေအိမ်ကိုစုံစမ်းသွားရောက်၍မောင်ရဲမင်းဦးနေအိမ်ကိုစုံစမ်းသွားရောက်၍

၎င်း၏မိဘများနှင့်အတူ မရမ်းကုန်းမြို့နယ်ဘုရင့် နောင်ရဲစခန်းသို့ သွားရောက်၍နေ့လည် ၁၀း၀၀နာရီအချိန်ခန်တွင် ရဲတပ်ကြပ်ကြီး ကျော်ဆန်းဝင်းထံ လူပျောက်အမှုဖွင့်၍တိုင်ကြားခဲ့ပါသည်

၎င်းရဲတပ်ကြပ်ကြီးကျော် ဆနးဝင်းမှ နှစ်နာရီအချိန်တွင်စခန်းအား လုံးဖြန့်ဝေပေးမည်ဟုပြောကြားခဲ့ပါသည်

ထိုနေ့ညနေ၀၆၀၀အချိန်ခန့်တွင်မောင်ရဲမင်းဦးမှဒေါ်နော်မယ်စေးထံ ဖုန်းဆက်၍ `၄င်းသည်မနော်မေသူသူဇော် ကိုင်သောဖုန်းအား ညနေ၄း၀၀နာရီခန့်ကဆက်၍ရ ကြောင်းသို့ရာတွင်ယောက်ျားတစယောက်ကိုင်ကြောင်းလှိုင်သာယာလို့ပြောသံ ကြားကြောင်းထို့နောက် ဖုန်းချသွားကြောင်း´ ပြောကြားခံ့ပါသည် ။

၂၂.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးထံသို့ဝါးနက်ချောင်းကျေးရွာ မှော်ဘီမြို့ နယ်ချင်းကျောင်းမှ မနော်မေသူသူအောင် ၏ပစ္စည်းများလှိုင် သာယာရဲစခန်းတွင်အပ်နှံထားကြောင်း၎င်းတို့ထံသို့လှိုင်သာယာခရစ်ယာန်
ဘုရားကျောင်းမှအကြောင်းကြားသောကြောင့်ပြောခြင်းဖြစ်ကြောင်းမှန်မ မှန်သွားကြည့်ရန်ပြောခဲ့ပါသည်။

ထို့ကြောင့်နေ့လည်၁၁း၀၀နာရီခန့်တွင် မောင်ရဲမင်း ဦးထံနှင့် ဘုရင့်ရဲစခန်းမှရဲတပ်ကြပ်ကြီးကျော်ဆန်းဝင်း ထံသို့ ဖုန်းဆက်အကြောင်း ကြားပြီးလှိုင်သာယာရဲစခန်းသို့ လိုက်သွားရာနေ့လည်၂း၁၅အချိန် ခန့်တွင်ရောက်ရှိ၍ ပစ္စည်းများစစ်ကြည့်ရာ မှန်ကန်ကြောင်းတွေ့ရပါသည် ။

၎င်းပစ္စည်းများကို၁၉.၄.၂၀၁၃ရက်နေ့တွင် ည၈း၁၅အချိန်ခန့် တွင်အောင်ဇေယျတံတား(လှိုင်သာယာဘက်ကမ်း)တွင်လုံခြုံရေး တာဝန်ထမ်းဆောင်နေသောတာဝန်ကျရဲ ထံသို့ အမည်မသိအမျိုး သမီး၃ဦးမှလာ၍အပ်နှံ သွားကြောင်းသိရသည်

ပစ္စည်းများမှာ မေ န်ာမေသူသူဇော်ကိုင်ဆောင်သော လက် ကိုင်အိတ် ကျောင်း သားကဒ် အမေရိကန် သံရုံးစာကြည့်တိုက် အသင်းဝင် ကဒ်ဒေါက်ဖိနပ်တစ်ရံ စုစုပေါင်းပစ္စည်း၁၁မျိုး တို့ ဖြစ်သည် ထို့နောက်ဘု ရင့်နောင် ရဲစခန်းသို့ လိုက်သွားပြီး ထွက်ဆိုချက်များပေးခဲ့ရပါသည်


၂၃.၄.၂၀၁၃ရက်နေ့တွင်မနက်၀၉း၀၀ အချိန်ခန့်တွင် ဘုရင့်နောင်ရဲစခန်းသို့ ဒေါ် နော်မယ်ဆေးနှင့်အတူ ၄င်း၏မောင်နှင့် တူမတို့ထွက်ဆိုချက်များသွားပေးခဲ့ပါသည်ထိုအချိန်တွင် အမှုစစ်ဒုရဲအုပ်ကျော်ဝင်း နိုင်သည်ပစ္စည်းများ စတင်သိမ်းဆည်းခဲ့သော ရဲတပ်ကြပ်ကြီးဟာတူးမောင်အားစစ် ဆေးရန်လှိုင်သာယာရဲစခန်းသို့သွားမည် ဖြစ်သဖြင့်၎င်းနှင့်အတူလိုက်သွားခဲ့ပါသည်

ထိုသို့စစ်ဆေးနေစဉ်ဒုရဲအုပ်ကျော် ဝင်းနိုင်ထံသို့ ပိုင်ရှင်မဲ့ အလောင်း တစ် လောင်းအင်းစိန်ဆေးရုံကြီး သို့ရောက် ရှိနေကြောင်းဖုန်း သတင်းဝင်လာပါသည်


ထိုအကြောင့်အမှုစစ်ဒုရဲအုပ်ကျော်ဝင်းနိုင်နှင့်အတူ အင်းစိန်ရဲစခန်းသို့သွားရောက်ခဲ့ရပါသည် ထို့နောက် အင်းစိန်စခန်းမှူး ဓါတ်ပုံများထုတ်ပြ၍မနော်မေသူသူဇော် ဟုတ်မဟုတ်ကြည့်ခိုင်းပါ သည်

ဒေါ်နော်မယ်စေး၏ ဆွေမျိုးများ မှအင်းစိန်ဆေးရုံကြီးသို့ ဖုန်းဆက်၍ အလောင်းရှိမရှိမေးမြန်း၍ ရှိသည်ဟု ပြော သဖြင့်၀၄း၀၀နာရီ အချိန်ခန့်တွင်အင်း စိန်ဆေးရုံကြီးသို့လိုက်သွားခဲ့သည်

ထိုနေ့ ကအလောင်းသယ်ယူသော ကားမအား၍ နောက်ကျခြင်းကြောင့်သာ အလောင်းကို ပြန်ရခြင်းဖြစ်သည် အကယ်၍ကားနောက် မကျပါက မိခင်မှာသမီးကိုမြင်တွေ့ ခွင့်ရ မည်မဟုတ်ပေ ထိုအလောင်း ကို၂၀.၄.၂၀၁၃ရက်နေ့ နံနက်၉း၀၀နာရီအချိန်ခန့်တွင် အင်းစိန်ရွာမအနောက်၆ရပ်ကွက် ငါးဒိုင်အနီးရှိမြစ် ကမ်းမှ၅ပေအကွာ တွင်တွေ့ရှိဆယ်ယူပြီး အင်းစိန်ရဲစခန်းသို့အကြောင်းကြားခဲ့ကြ သည်

စခန်းမှလာရောက်၍ နေ့လည်၁နာ ရီခန့်တွင်အင်းစိန်ဆေးရုံကြီး သို့ပို့ဆောင် ခဲ့သည် ၂၄.၄.၂၀၁၃ရက်နေ့ တွင်ထိန်ပင်သို့ ပို့ဆောင်ဂူသွင်းသည်

အထက်ပါဖြစ်စဉ်များကိုသေချာဖတ် ၍အကြံပြုပေးကြပါ ဖြန့်ဝေပေးပါ ၁ စော်ဘွားကြီးကုန်းမှအောင်ဇေယျ တံတား ညနေ၀၇း၃၀ တွင်သွားပါက၄၅ မိနစ်ဖြင့်ရောက်နိုင်ပါသလား ၂ ဘုရင့်နောင်ရဲစခန်းမှ လူပျောက်အ မှုဖွင့်ထားပြီး

၂နာရီအတွင်းရန်ကုန်တိုင်းရှိ စခန်းအားလုံးဖြန့်မည်ဆိုသော်လည်းအ ဘယ့်ကြောင့် လှိုင်သာယာရဲစခန်းမှပစ္စ ည်းများလက်ခံထိန်း သိမ်းပြီးလူပျောက်အ မှုကိုမသိရှိသလဲ ၃ ၄င်းပစ္စည့်းများထဲတွင် ကျောင်းသား ကဒ် မှတ်ပုံတင်များပါရှိပြီး

၎င်းကဒ်များတွ င်နေရပ်လိပ်စာများ ပါရှိသော်လည်းအဘယ့်ကြောင့် ကာယကံရှင်များအားအကြောင်း မကြားသနည်း (သိ့မဟုတ်)ကာယကံရှင် များနေထိုင်ရာမြို့ နယ်ရဲစခန်းသို့အ ကြောင်းမကြားသလဲ ၄ လူသေမှုဖြစ်နိုင် သလား(သို့မဟုတ်) လူသတ်မှုဖြစ်နိုင်သလားစာ ဖတ်သူများလည်းသေ ချာဖတ်၍စဉ်း စားပေးပါ အမှားအယွင်းပါပါကတောင်း ပန်ပါသည် အမှန်တရား တန်ဖိုးထားနိုင်ကြပါစေ။

Saturday, April 27, 2013

အွန်လိုင်းပေါ်က ကောင်မလေးများ...အားလုံး သတိ

ဘုရား..ဘုရား..တစ်ကယ်သေသွားတာပဲ
...မယုံနိုင်စရာ.၊ ကျမတို့မြို့မှာ မိခင်ကစွန့်ပစ်သွားခဲ့လို့ ကံဆိုးလိုက်တာလို့ တွေးမိခဲ့တာ...၊ တစ်ကယ်ကို ကံဆိုးတာပါပဲ..။

ဟိုတလောက ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံတော်ဖွင့်တဲ့ သဲသဲသော် ဆိုတဲ့ ကောင်မလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့ သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီ့သတင်းတွေ့တော့ အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။ စောစောက ထိုင်းသတင်းစာ တစ်စောင်မှ မြန်မာမိန်းကလေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင်စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရတယ်။ ၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးက ဖေ့စ်ဘုတ်ပေါ်မှာ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက် (ဖေ့စ်ဘုတ်အကောင့် နာမည် နတ်သားလေး တဲ့)နဲ့ ချိန်းတွေ့ပါသတဲ့။ ချိန်းတွေ့ရင်း ကောင်မလေးကို သတ်ဖြတ်ပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးအလောင်းကို သူ့အခန်းထဲမှာ အ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံစည်ရင်းနဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ခုတော့ တရားခံကို ဆမူပါကန်မြို့ဖမ်းမိပြီလို့ သိရပါတယ်။ တရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။ ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။ ဖေ့စ်ဘုတ်ပေါ်က မိန်းကလေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း မမြင့်မြင့်အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြသွားပါပြီ။ မနက်ဖြန် သင်္ဂြုလ်မယ်လို့ သိရပါတယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ်။

(သံဃာ့ ဂုဏ်တော် ၉-ပါး)

(သံဃာ့ ဂုဏ်တော် ၉-ပါး)
******************
(၁) သုပ္ပဋိပန္နော - (လောဘ၊ဒေါသ၊မောဟ) ကိလေသာ ငြိမ်းကြောင်း ကောင်းစွာကျင့် ကြံရ၏။
(၂) ဥဇုပ္ပဋိပန္နော - ကိုယ် - နှုတ် - စိတ်ထား အကောက်၃-ပါး ကင်းရန်~သာဌေမာယာ ကင်းစင်ကွာ၍
အကျင့် မြတ်ဝိနည်းကိုဖြောင့် မှန်စွာ ကျင့် ကြံရ၏ ။
(၃) ဥာယပ္ပဋိပန္နော - နိဗ္ဗာန် အကျိုးမျှော်ကိုး ရည်သန်ပြီးကျင့် ကြံတော်မူရ၏ ။
(၄) သာမိစိပ္ပဋိပန္နော - မဂ္ဂင် ရှစ်ပါး အကျင့် မြတ်ကိုရိုသေ၊လေးမြတ်စွာကျင့် ကြံရ၏ ။
(ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဌ ပုရိသပုဂ္ဂလာ ဧသဘဂဝတော သာဝကသံဃော = အစုံလေးပါး၊
သီးခြားရှစ်ဖော်၊မြတ်ဘုရား၏ တပည့် သားမော် အရိယာသံဃာတော်သည်~ )
(၅) အာဟုနေယျော - အဝေးမှ သယ်ဆောင်လာသည့် ပစ္စည်းကိုပင် ပေးလှုခြင်းငှါ ခံယူထိုက်ပေ၏ ။
(၆) ပါဟုနေယျော - ဧည့် သည်အတွက်စီမံထားသည့်စားဖွယ်ကိုပင် စိတ်ထားဖြူစင် ပေးလှူခြင်းငှါ
အလှူခံထိုက်ပေ၏ ။
(၇) ဒက္ခိဏေယော - (နောင်ဘဝ) တမလွန်စခန်း ကောင်းဖို့ ရည်မှန်းပြီး လှူဒါန်းထိုက်ပါ၏။
(၈) အဉ္ဇလိကရဏီယျော - ကောင်ကျိုးချမ်းသာ မှန်စွာရမည်ဟု ယုံကြည်ပြီးလက်စုံမိုး၍ ရှိခိုးထိုက်ပါ၏ ။
(၉) အနုတ္တရံ ပုညက္ခေတ္တံ ၊ လောကဿ - နတ်+လူ အများ ကောင်းမှု့ ပွါးဖို့  ကြဲထား၊ ပျိုးချ တုမရသည့် 
ကောင်းသောလယ်မြေ၊ ယာမြေ ပမာ ဖြစ်ပေ၏ ။
သံဃာတော်ဟူသမျှသည် ဝိနည်းသိက္ခာ(၂၂၇)ပုဒ်ကိုစောင့် ထိန်းရ၏ ဘုရားသာဿနာ(၃)ရပ်တာဝန်ကိုလည်း
ထမ်းဆောင်ရ၏။ဘယ်အရာကိုဘဲသုံးဆောင်၊သုံးဆောင်(လောဘ၊ဒေါသ၊မောဟ) ကိလေသာဖယ်ခွါပြီး ..
နိဗ္ဗာန်ကိုရည်မှန်းပြီး သုံးဆောင်ရ၏ ။
ဓမ္မဒါန မျှဝေလျှက်
မြတ်သောမောင်

ဗုဒ္ဓဘာသာစစ်ဆိုတာ

ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။၎င်းတို့မှာ
၁။ပေးကမ်းကျိုးရှိ၏။
၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။
၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။
၎။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။
၅။ဤလူ့ဘုံလောကသည်ရှိ၏။
၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။
၇။အမိ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ကောင်းကျိုး၊  ပြစ်မှားလွန်ကျူးခြင်း၌  မကောင်းကျိုးရှိ၏။
၈။ အဖ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ ကောင်းကျိုး ၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။
၉။လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွေ့၍ ပဋိသန္ဓေစွဲ နေကုန်သော သတ္တဝါတို့သည် ရှိ၏။
၁၀။လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာကျင့်ကြကုန်သော ဤလောက၊ တမလွန်လောက ကို ကိုယ်တိုင် ဒိဋ္ဌသိမြင်၍ မျက်မှောက်ပြု၍ ဟောကြားကြကုန်ပေကုန်သော ရဟန်း၊ ပုဏ္ဏား၊ ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသူတော်ကောင်းတို့သည် ရှိကုန်၏ ဟု သိထားရမည်တည်း။
(ဤကား ဒသဝတ္ထုက သမ္မာဒိဋ္ဌိတည်း)

ဤသမ္မာဒိဋ္ဌိတည်လျှင်ပင် ဗုဒ္ဓဘာသာဝင်ဆိုရပြီ။ ပထမအဆင့်ပင်ဖြစ်၏။ ခန္ဓာ အာယတန၊ဓာတ်၊သစ္စာ၊ပဋိစ္စ သမုပ္ပါဒ်တို့ကို ဓာတ်ကွဲအောင်ကြည့်နိုင်၊ မြင်နိုင်မှ ဗုဒ္ဓဘာသာဝင် အလတ်တည်း။ ဝိပဿနာ သမ္မာဒိဋ္ဌိ ဥာဏ်ကိုရသော ပုဂ္ဂိုလ်ကား ဘာသာဝင်အကြီးတည်း။ သစ္စာလေးပါးကို ပေါက်ရောက်ပြီးသော သောတာပန် ပုဂ္ဂိုလ်သည်သာ ပရမတ္ထ ဗုဒ္ဓဘာသာဝင်အစစ်ကြီးပေတည်း။ အဘယ့်ကြောင့်ဆိုသော် သောတာပန် ပုဂ္ဂိုလ်သည် နောက်နောက်ဘဝတို့၌လည်း သဗ္ဗညုဗုဒ္ဓသရဏဂုဏ် အပြီး မြဲနေသောကြောင့် တည်း။ဗုဒ္ဓဘာသာဝင်အလတ်၊အကြီးတို့ကား ယခုဘဝသာလျှင် စိတ်ချရကုန်၏။ အငယ်သည်ကား တစ်နေ့ တစ်ရက်မျှပင် စိတ်မချရသေး။ ယနေ့ ဗုဒ္ဓဘာသာ နက်ဖြန် စာဖြူဝင် ဖြစ်နိုင်သေးသူဖြစ်၏။ စိတ်မချရသေး။ ဒါကြောင့် အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများလည်း ပရမတ္ထ ဗုဒ္ဓဘာသာဝင် မဖြစ်သေးလင့် ကစား ဗုဒ္ဓဘာသာ အလတ်၊ အကြီးအဆင့်လောက်တော့ ရောက်အောင် ကြိုးစားကြပါလို့ တိုက်တွန်းသမှု ပြုလိုက်ရပါသည်။
စာတ်ဖတ်သူအားလုံးကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။