ရေရေလည်လည်ကို
မှော်ဆန်တဲ့ပြကွက်တစ်ကွက်ပါပဲ
ဒေးဗစ်ကိုပါဖီး(လ်)တောင်
မျက်စိလည်လောက်ပါရဲ့
အကွက်ကျကျစီစဉ်ထားတဲ့
ဒီပြိုင်ပွဲမှာ......ငါဟာ...
အခြောက်တိုက်အိပ်ငိုက်နေတဲ့
ယုန်သူငယ်တစ်ကောင်
ဖြစ်နေပါရော့လား...? .....။
နယူတန်ရဲ့.....
တန်ပြန်သက်ရောက်မှု
သီအိုရီကို..
ဘယ်ငနဲသားက
အပေါင်ဆိုင်အပ်နှံလိုက်တာလဲ...?....။
အချစ်(+)အချစ်မဖြစ်ပဲ
အချစ်(-)အမုန်းဖြစ်ခဲ့တဲ့
ဒီပွဲရလဒ်ဟာ.....
ယူရို(2004)ဗိုလ်လုပွဲမှာ....
ဂရိအသင်းကိုရှုံးနှိမ့်လို့ ကျခဲ့တဲ့
စီရိုနယ်(လ်)ဒိုရဲ့မျက်ရည်တွေကို
ပြန်ပြီးအမှတ်ရစေတယ်.....။
ရှေးသရောအခါက
အာဒံ နဲ့  ဧဝ
ရိုမီယို နဲ့ ဂျူးလိယတ်
ရှင်မွှေးနွန်း နဲ့ မင်းနန္ဒာ တို့ ရဲ့
အချစ်ပြယုဂ်ဟာ
အခုချိန်ဆို........
ပလက်ဖောင်းဘေးက
စာအုပ်အဟောင်းဆိုင်မှာ.
ငိုက်မြည်းနေလောက်ပြီ.....။
အို...အသင်လောက..
သင့်..ကို ကျွန်ုပ်တစ်ခုလောက်
တောင်းဆိုပါရစေ...
အချစ်ကိုရောင်းကုန်လိုသဘောထားတဲ့
လူအပေါင်းကိုဆုံးမဖို့ 
သင့်..ရဲ့ လက်ရုံးတော်..
နတ်ဆိုးတစ်ကောင်လောက်
ကျေးဇူးပြုပြီး.......
စေ..................
လွှတ်
ပေး
ပါ.................................။
ဇိုး...
pm...10:10..mn/
No comments:
Post a Comment