နှင်းတွေဝေလျှံနေတဲ့
ဆောင်းတစ်ညမှာ
အလွမ်းတွေပေကျံနေတဲ့
ငါ့...အတွက်..
အတွေးများစွာ
နှိပ်စက်နေခဲ့တယ်....။
ဘ၀တစ်ခုရဲ့နောက်ကွယ်မှာ
အချစ်...ဆိုတာရှိခဲ့လို
ချစ်ခဲ့ရသူရှိပေမဲ့
ဖွင့်ဟခွင့်မရတဲ့
ငါ့...အတွက်တော့
ထာဝရအဖော်မွန်ဟာ
စွန့် လွတ်ခြင်းပါပဲ...။
ပေကျံနေတဲ့
အလွမ်းတွေ
ဖွင့်ဟခွင့်မရတဲ့
အချစ်တွေ
ထာဝရဆိုတဲ့
စွန့်လွတ်ခြင်းတွေနဲ့ 
မျက်ရည်မြစ်ကမ်းထဲမှာ
လက်ပစ်ကူးနေတဲ့
ငါ့..အတွက်
မဟာဇနက မင်းသားလေးကို
ကယ်တင်ခဲ့တဲ့
မဏိမေခလာ လို
နတ်သ္မွီးလေးတစ်ပါး
ရှိနိုင်ပါ့မလား...?....။
ဇိုး.
24..9.12
pm.7:10../
No comments:
Post a Comment