ဒို့ နှစ်ယောက်ရဲ့
ဆက်ဆံရေးအေးခဲမှုတွေကြောင့်တော့
ဘိုးဘွားရိပ်သာကို
မသွားချင်ဘူးချစ်သူ ....
အချစ်ဆိုတဲ့
ဆုံမှတ်တစ်ခုကိုရောက်ဖို့ 
ခြေလှမ်းပေါင်း(1500)လိုအပ်တယ်ဆိုရင်
ကျေးဇူးပြုပြီး....
မင်းရဲ့ခြေဖ၀ါး နုနုလေးကို
တစ်လှမ်းလောက်တော့
ဖွဖွလေးမြေမှာခပေးပါ....
ကျန်တဲ့ (1499)လှမ်းသောခြေလှမ်းတွေအတွက်
မျှော်လင့်ချက်နဲ့
ခရီးဆက်ချင်လို့ ပါ ....ချစ်သူ.....။
ဇိုး...
pm..1:00.../
No comments:
Post a Comment