2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Saturday, March 22, 2014

" ဖုန်းဘေဖြည့်ဖတ် "









အရှင်ဘုရား ...
တပည့်တော်ရဲ့  ဘဝမှာ
" ပါရမီဖြည့်ဖတ် " ထက်
ဖုန်းဘေဖြည့်ပေးမဲ့
" ဖုန်းဘေဖြည့်ဖတ် "
ကောင်မလေးနှင့်သာ
ဆုံဆည်းရပါလို၏ဘုရား...။

*** မှတ်ချက် ***
အောက်ပါ
မက်ဆေ့ခ်ျလေးကိုဖတ်ရင်း
ရလာတဲ့  အတွေးတစ်ခု

Your balance is lower than 200 Kyats, please recharge soon.

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

သေသည်အထိ မန်ယူ




မန်ယူ ရှူံးပွဲတွေကြုံတော့ တစ်ခြားဖန်တွေက
အသင်းပြောင်းပြီးအားပေးပါလား? လို့ လာခနဲ့ ကြတယ်
သူတို့ ကို တစ်ခွန်းပဲ ပြန်ပြောလိုက်တယ် .
ဇိုး ကတော့ " သေသည်အထိ မန်ယူပဲ "လို့ 

အတည်ပေါက်နဲ့ နောက်တဲ့ ဇိုး

ယနေ့ မှစ၍ ...
ဇိုး ရဲ့  နိုင်ငံခြားခရီးစဉ်မှန်သမျှ
လေယာဉ်ဖြင့်မသွားတော့ပါ
...အကြောင်းကား...
ပျောက်ဆုံးသွားတဲ့
မလေးရှားက
ဘိုးရင်း ( ၇၇၇ )လေယာဉ်၏
အဖြစ်မျိုးနှင့်
ကြုံမှာစိုးသောကြောင့်တည်း

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

" ဝိုင်တစ်ခွက် "






ကျွန်ုပ်၏ ...
တစ်နေ့ တာ
လွဲချော်မှုများကို
ဖေ့ဘုတ်ခ်ကို
အသုံးပြုမိသောနေ့ မှ
စတင်ခဲ့၏ ...။
ကျွန်ုပ် ရိုးရိုးသားသား ဝန်ခံချင်သည်
အဲဒီ ...
တစ်နေ့ တာ
လွဲချော်မှုလေးတွေကပဲ
ကျွန်ုပ်ကို
" ဝိုင်တစ်ခွက် " လို ယစ်မူးစေခဲ့တယ်
ဆိုတာကိုပေါ့ ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

Friday, March 7, 2014

*** ဇိုး ရဲ့  အားနည်းချက် (၃)ခု***

လူသားတိုင်းမှာ 
အားနည်းချက်လေးတွေ 
ကိုယ်စီရှိကြသည် 
သို့ သော် ...
မိမိရဲ့  အားနည်းချက်ကို 
လူကြားထဲမှာ 
ထုတ်ဖော်ဝန်ခံဖို့ ဆိုတာကတော့ 
တော်တော့်ကို ခက်ခဲတဲ့ အရာတစ်ခုဖြစ်သည် 
ဒါပေမဲ့ ...
ဇိုး ကတော့ (ခြွင်းချက်အနေနဲ့ )
ဇိုး ရဲ့  အားနည်းချက်( ၃)ခုကို 
လူသားတိုင်းသိသင့်တယ်ထင်လို့ 
ရှက်ရှက်နဲ့ပဲ ဝန်ခံပါရစေဗျာ...။

*** ဇိုး ရဲ့  အားနည်းချက် (၃)ခု***

၁= အရုပ်ချောခြင်း 
၂= ပိုက်ဆံပေါခြင်း 
၃= ကောင်မလေးတွေက စပြီး 
ချစ်ရေးဆိုခြင်း


ရည်ရွယ်ချက်...
ဟာသမျှသာဖြစ်သည် 

ဇိုး 
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

ဇိုး?


ရေပတ်လည်
ဝန်းရံသောအရာကို 
" ကျွန်း " ဟုခေါ်လျှင် 
ကောင်မလေးတွေ 
ဝန်းရံနေတဲ့ 
ဇိုး ကို 
မည်သို့  ခေါ်မည်နည်း ? ...။

ဇိုး 
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

Tuesday, March 4, 2014

" အူဝဲလေး သို့  "

" အူဝဲလေး သို့  "

" အူဝဲ "
" အူဝဲ "
" အူဝဲ "

မင်္ဂလာပါ...
" အူဝဲ " လေးရေ
အခုဆိုရင် သင်ဟာ
သင့်မိခင်က မွေးဖွားပေးလို့ 
ဟောဒီ လောကကြီးထဲကို
ချဉ်းနင်း ဝင်ရောက်ခဲ့ပြီ
လောကကြီးရဲ့ ပဉ္စလက်ဆန်တဲ့
ပြကွက်တွေကို ကြည့်ပြီး
" ငါ ဘာမှနားမလည်ပါလား " လို့ 
စိတ်ပျက်မသွားပါနဲ့ 
လောကကြီးကပဲ
သင့်ကို သင်ပေးပါလိမ့်မယ်
ဒါပေမဲ့ ....
ကျေးဇူးပြု၍
သင့်ရဲ့  မျက်စိတွေ နားတွေကိုတော့
အစွမ်းကုန် ဖွင့်ထားဖို့ လိုသည်
ဒီလောက်ဆိုရင်
သင်ဟာ လောကကြီးနဲ့  ဟာမိုနီဖြစ်အောင် နေနိုင်လိမ့်မယ်လို့ 
ကျွန်ုပ် ယူဆမိပါသည်
အဆင်ပြေပါစေ
" အူဝဲ " လေးရေ ...။

မှတ်ချက်...
ရုပ်ရှင်နှင့်/ ဗွီဒီယို သရုပ်ဆောင်
မအူဝဲကို ဆိုလိုခြင်းမဟုတ်ပါ...

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

www.zoesnow.blogspot.com

သင်္ချိုင်း



တိတ်ဆိတ်ငြိမ်သက် 
မြေတစ်ကွက်ကို 
အသက်ပေးလို့ 
ငါ ဝယ်မယ် ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)


စိတ်ဖတ်တတ်သူ (သို့ ) ဇိုး



သတိ... !

လူတစ်ယောက်ရဲ့ 
မျက်လုံးကိုမြင်တာနဲ့ 
ထိုလူရဲ့ စိတ်ကို
ဖတ်တတ်သည် 
ဒါကြောင့် ...
သင့်ရဲ့ ဓာတ်ပုံကို
Facebook မှာ တင်လိုလျှင်
နေကာမျက်မှန်တပ်ပြီးမှ တင်ပါ...။

ဇိုး
ပိုက်ဆံတစ်သောင်းတန်မြို့တော်)

www.zoesnow.blogspot.com

အချစ် စပွန်ဆာ



ကျနော့် ဘဝမှာ
ပထမဆုံး
ကဗျာတစ်ပုဒ် ရေးစပ်ဖို့ အတွက်
သူ့ ရဲ့ အလှတရားတွေက
ကျနော့်ကို
" စပွန်ဆာ " ပေးတယ် ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)



ဇိုး ရဲ့  ဘဝမှာ ...
ကောဖီကောင်းကောင်း
တစ်ခွက်နဲ့
စာအုပ်ကောင်းကောင်း
တစ်အုပ်ရှိရင် 
အရာအားလုံး ပြည့်စုံတယ်...။

ဟဲဟဲ ...
ဆေးပေးမီးယူလေးပါရှိရင်တော့
နောနော်လို ...
" အတိုင်းထက်အလွန်ပေါ့ဗျာ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)



ကျွန်ုပ်တို့ ...
့ လူသားအများစုဟာ
" ငါ ဘီလျှံနာကြီးဖြစ်ရင် ဘာတွေလုမ်မယ် " စသည်ဖြင့် 
လေထဲမှာ တိုက်အိမ်ဆောက်လေ့ရှိပေမဲ့ 
" ငါ ဘီလျှံနာတစ်ယောက် ဖြစ်အောင် ဘယ်လို ကြိုးစားမယ် " စသည်ဖြင့် 
ကြိုတင် စီမံကိန်းချဖို့  ကိုတော့ 
မေ့လျှော့နေကြသည် ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)
ကောင်မလေးရေ...
မင်း နဲ့  ငါဟာ
စွယ်တော်ရွက်လို 
အချစ်မျိုးနဲ့ 
မခွဲမခွါ 
အမြဲထာဝရ 
ချစ်ချင်ခဲ့ပေမဲ့
ကံဇာတ်ဆရာရဲ့ 
လက်သရမ်းမှုကြောင့်
အခုတော့...
ဘန်နီဖြိုးလို
ဖုန်းလေးထဲမှာပဲ
အလွမ်းပြေ အနမ်းတွေ
ပေးနေရပြီပေါ့ကွယ် ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

facebook





သတိ...!

ဖေ့ဘုတ်ခ်ကို 
အသုံးပြုခြင်းသည်
မိမိ၏ " ဘတ်ဂျက် "ကို
ဆိုးရွားစွာ 
ထိခိုက်စေနိုင်ပါသည် ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

အားလုံး သတိ!




၁ = hi မယ်
၂= အီစီကလီတွေ ကျွေးမယ် 
၃= vzo ချက်မယ် 
၎ = ဖုန်းနံပါတ်တောင်းမယ် 
၅=အပြင်မှာ ချိန်းမယ် 

၆= ဘာဘာညာညာသွားမယ် 


သူငယ်ချင်းရေ...
ယခုအချိန်ဟာ
2013 ကို
ဘက်ဂီယာပြန်ထိုးနေတဲ့
အဲဒီအတွေးအခေါ်တွေနဲ့
facebook ပေါ်မှာ ဂျစ်ပစီလုပ်နေရမဲ့
အချိန်မဟုတ်တော့ဘူး
ငါတို့ ရောက်ရှိနေတာက
သက္ကရာဇ် 2014
ဒါကြောင့် ...
မင်းတို့  ငါတို့ ရဲ့ အတွေးအခေါ်တွေ
ဘေးချော်မနေဖို့  အရေးကြီးတယ်
အဲဒီလိုမဟုတ်ပဲ
မင်းတို့  ငါတို့ ရဲ့ 
အတွေးအခေါ်တွေ
ဘေးချော်နေအုံးမယ်
ဆိုရင်တော့...
28 ရက်သာလိုတော့တဲ့
ပြည်လုံးကျွတ် သန်းခေါင်စာရင်းထဲမှာ
မင်းတို့  ငါတို့  မဟုတ်တဲ့
အခြားသူတွေရဲ့ 
နာမည်တွေက
နေရာယူသွားလိမ့်မယ်
မင်းတို့  ငါတို့ ရဲ့ 
အတွေးအခေါ်တွေကို
တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ်
တို့  နိုင်ငံ / တို့ လူမျိုး
တို့ ဘာသာ/တို့ သာသနာအတွက်
အကျိုးရှိအောင် အသုံးချလိုက်ရအောင်
ငါပြောတာကို သဘောတူရင်
လက်မထောင်လိုက်နော် သူငယ်ချင်း ...။

***နှိုးဆော်လွှာ***

ပြည်သူအားလုံး ပါဝင်လို့ 
သန်းခေါင်စာရင်း ကောက်ကြစို့ 
အချက်အလက်များ မမှန်ကန်ပါက
နစ်နာသူမှာ ပြည်သူသာ ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

သတိ...!



သတိ...! 

အွန်လိုင်းပေါ်မှာ 
နာမည်လှလှလေးတွေ
အသုံးပြုပြီး
တော်ကီလှလှလေးတွေနဲ့ 
အီစီကလီ ကျွေးတတ်သူများသည် 
တကယ့် အပြင်ဘက်မှာ
အရုပ်ဆိုးပြီး / ဂေါ်မစွံတဲ့ 
လူပျိုကြီး / အပျိုကြီး များ 
ဖြစ်သည်...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)



miss myanmar ခင်ဝင့်ဝါ
































ကျနော့်ရည်းစား ဘုရားမှနေတယ် ဇာတ်ကားနဲ့  


အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့

miss myanmar ခင်ဝင့်ဝါ