2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Sunday, December 29, 2013

အနာဂါတ်ရဲ့ အတိုးတက်ဆုံးလူငယ် အကယ်ဒမီဆုကို စွတ်ခူးသွားတဲ့ ယွန်းယွန်း...






အနာဂါတ်ရဲ့ အတိုးတက်ဆုံးလူငယ် အကယ်ဒမီဆုကို စွတ်ခူးသွားတဲ့ ယွန်းယွန်း...









အနာဂါတ်ရဲ့သမီးပျိုလေး ယွန်းယွန်း ကို
မကြာခင်မှာ အကယ်ဒမီရတော့မယ်လို့  လွန်ခဲ့သုံးလလောက် ဇိုးfacebookကနေတစ်ဆင့် ပြောဘူးသည်
အခုတော့ ဇိုး ထင်သလိုတကယ်ဖြစ်လာခဲ့လို့ သူမနဲ့ ထပ်တူ အတိုင်းမသိ ၀မ်းသာမိသည်... ကွန်ဂရက်ကျူလေးရှင်းပါ ယွန်းယွန်း ဒီထက်မကအောင်မြင်မယ်လို့ ယုံကြည်လျှက်...။

                                       ဇိုး
                     (ပိုက်ဆံတစ်သောင်းတန်မြို့တော်)

Tuesday, December 17, 2013

ယုံ....



ငါ့နှလုံးသားကို
ဝက်(ဘ်)ဆိုက် တစ်ခု အဖြစ်
တည်ဆောက်ပြီး....
အခန်းတစ်ခန်းရဲ့
ဘယ်ဘက်စာမျက်နှာမှာ
မင်းကိုချစ်တဲ့အကြောင်း
ကကြိုးဆန်တဲ့
အက္ခရာတွေ နဲ့ 
စာလုံးပေါင်းပြမယ်
အကြွင်းမဲ့....
ယုံလိုက်နော်...ချစ်သူ...။

ဇိုး

(ပိုက်ဆံတစ်သောင်းတန်မြို့တော်)


***ZOE..နေသောမြို့တော်***









***ZOE..နေသောမြို့တော်***

ဇိုး မှာသူငယ်ချင်းသုံးယောက်ရှိတယ်..
ပဌမတစ်ယောက်က. .နေပြည်တော်မြို့သား
ဒုတိယတစ်ယောက်က မိုးကုတ်မြို့သား
တတိယတစ်ယောက်က မုံရွာမြို့သား...
နေပြည်တော်မြို့သားက ဇိုး ကိုပြောတယ်....
မင်းနေတဲ့မြို့က..တို့နေပြည်တော်နဲ့..
(၁၅၃)မိုင်..ဝေးတယ်တဲ့..
မိုးကုတ်မြို့သားကလည်း....
အားကျမခံဝင်ပြောတယ်...
မဟုတ်သေးဘူး...ဒီကောင်နေတဲ့မြို့က..
တို့မိုးကုတ်မြို့နဲ့....(၁၁၅)မိုင်ဝေးတယ်တဲ့..
ဟော...မုံရွာမြို့သားကလည်းတစ်စခန်းထလာပြန်ပြီ.
မင်းတို့နှစ်ယောက်စလုံးမှားတယ်....
ဒီကောင်နေတဲ့မြို့က...
တို့မုံရွာမြို့နဲ့.....(၈၅)မိုင်ဝေးတယ်တဲ့....
တကယ်တော့...
သူတို့သုံးယောက်ဟာ....
မင်းဘက်ကကြည့်ရင်လက်ဖ၀ါး...
ငါ့ဘက်ကကြည့်ရင်လက်ဖမိုး..ဆိုတဲ့...
ဆိုရိုးစကားကို...
လက်ခံသုံးစွဲထားကြတာဖြစ်တယ်...
ဒါဆိုရင်....သူတို့ပြောတဲ့...
ဇိုး နေတဲ့မြို့တော်ဆိုတာ....
ဘယ်မြို့တော်ဖြစ်မလဲ.....?

                     ဇိုး

(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

Tuesday, December 10, 2013

ပစ္စုပ္ပာန်တည့်တည့်








အတိတ်ကို
ပြန်တွေးပြီးတော့လဲ
ဝမ်းနည်းမှတ်တမ်းတွေ မရေးချင်ဘူး ....။
အနာဂါတ်ကို
မျှော်တွေးပြီးတော့လဲ
လေထဲမှာ တိုက်အိမ်မဆောက်ချင်ဘူး...။
ပစ္စုပ္ပာန်တည့်တည့်မှာပဲ
တန်ဖိုးရှိတဲ့ အချိန်တွေကို
ငါ့ ဘဝ အတွက်
အကျိုးရှိအောင် အသုံးပြုမယ်...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)



***မိတ်ဆွေစစ်***




 ***မိတ်ဆွေစစ်***

လူရယ်လို့ ဖြစ်လာတာနဲ့ တစ်ပြိုင်နက်......
လူသားတိုင်းမှာ မဖြစ်မနေလုပ်ရမဲ့ တာဝန်တစ်ခုစီရှိတယ်....
အဲဒါကတော့ ...ကိုယ့်သမိုင်းကိုရေးရခြင်းဆိုတဲ့ တာဝန်ပါပဲ....
တစ်ချို့သောလူတွေက.....
သူတို့ ရဲ့ဘ၀ကို အနိုင်းနဲ့ပိုင်းပြီး ကိုယ့်သမိုင်းကို ရေးသွားကြတယ်.....
အချို့သော လူတွေက....
သူတို့ ရဲ့ဘ၀ကို အလယ်အလတ်အဆင့်လောက်နဲ့ပဲ ကျေနပ်သွားကြရတယ်....
အချို့သောလူတွေကတော့ ....
သူတို့ ရဲ့ဘ၀ကို သုည နဲ့  စပြီး သုည နဲ့ပဲ အဆုံးသတ်သွားကြရတယ်....
ဒါဟာ ဘာကြောင့်လဲလို့ ခြေရာကောက်ကြည့်လိုက်မယ်ဆိုရင်
သူတို့ တွေဟာ မိတ်ဆွေစစ်/ မိတ်ဆွေမှန်ကို ချဉ်းကပ်တဲ့ နေရာမှာ ကွဲပြား ခြားနားသွားလို့ပါပဲ...
မိတ်ဆွေစစ်/မိတ်ဆွေမှန်ဆိုတာ အခြားမဟုတ်ပါဘူး...
ကျွန်ုပ်တို့ တွေ လေ့လာမှတ်သား ဖတ်ရှုနေကြတဲ့ စာအုပ်စာပေတွေပါပဲ...
(စာအုပ်စာပေ လူ့ မိတ်ဆွေ)ဆိုတဲ့ ဆိုရိုးစကားလဲ ရှိသည်မဟုတ်ပါလား?..
လူတစ်ယောက်ရဲ့ အောင်မြင်ခြင်း/ မအောင်မြင်ခြင်းဆိုတာ
(1)စာအုပ်စာပေလေ့လာမှတ်သားမှု
( 2 )ယင်းလေ့လာမှတ်သားလို့ ရလာတဲ့ စာအုပ်စာပေတွေထဲက အသိဥာဏ်တွေကို
လက်တွေ့ ဘ၀နဲ့ တစ်ထပ်တည်းကျအောင် ကြိုးစားအားထုတ်နိုင်မှုတို့ က
အဓိကကျတယ်လို့  ကျွန်ုပ်ကတော့ဒီလိုပဲ ယုံကြည်ထားပါတယ်....
လောကလူသားတွေဟာ မွေးဖွားလာကတည်းက
ဒီကောင်လေးကတော့....နောင်တစ်ချိန်မှာ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းဖြစ်မဲ့ သူ...
ဒီကလေးကတော့....ကွန်ပျူတာဆော့ဝဲတွေကို တီထွင်တဲ့
ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် ဘီဂိတ်ဖြစ်မဲ့ သူရယ်လို့ 
ခေါင်းစဉ်တပ်ပြီး မွေးဖွားလာကြတာ မဟုတ်ပါဘူး...
သူ တို့ ရဲ့ လေ့လာမှတ်သားမှုတွေကို
လက်တွေ့ ဘ၀နဲ့ တစ်ထပ်တည်းကြအောင်ပေါင်းစပ်နိုင်လို့ သာ
င်္ဒီလို ဂုဏ်ထူးဝိသေသတွေကိုရရှိခဲ့ကြတာပါ....
ဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘ၀တုန်းက....
သူဟာနိုင်ငံရေးစာပေတွေကိုလေ့လာဖတ်ရှုတယ်..
ပြီင်္းတော့ ရန်ကုန် ကန်တော်ကြီး ပန်းခြံထဲကိုသွားပြီး
ပန်းပင်တွေရဲ့အလယ်မှာ သူတစ်ယောက်ထဲ မိန့် ခွန်းပြောလေ့ကျင့်တယ်....
( ကျနော်ကတော့ ဒီကိစ္စကို ဒီလို လုပ်သင့်တယ်လို့ ယူဆပါတယ်
ခင်ဗျား တို့ အနေနဲ့ ရော ဘယ်လိုမြင်ပါလဲ ကျနော့်ရဲ့ ယူဆချက်ကိုထောက်ခံပါသလား..? )
...စသည်ဖြင့်ပေါ့ ဒါကိုသူ့ရဲ့သူငယ်ချင်းတွေကမြင်တော့...ဒီကောင်ဟာ နိုင်ငံရေးရူး ရူးနေတဲ့ကောင်ပါကွာဆိုပြီး
ဝိုင်းဟားကြတယ်.....
ဒါပေမဲ့..ဗိုလ်ချုပ်ဟာ ဝေဖန်မှုတွေကို မျက်ကွယ်ပြုပြီး သူ့ အလုပ်ကိုပဲ သူ တစ်စိုက်မတ်မတ်နဲ့
ဆက်လုပ်ခဲ့တယ်....ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့ အခါမှာ လွတ်လပ်ရေးအောင်လံကို
ဆွတ်ခူးပေးတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတော့တာပါပဲ.....
ဒါကိုကြည့်သောအားဖြင့်.... စာအုပ်စာပေဟာဘယ်လောက်အထိအရေးပါတယ်ဆိုတာသိသာလှပါတယ်...
တစ်နည်းအားဖြင့်ပြောရရင် ... စာအုပ်စာပေဆိုတာ....
ဘာသာရေး.နိုင်ငံရေး လူမှုရေး စီးပွားရေးစသည်တို့ ရဲ့
ဆုံဆည်းရာ စုဗူးကြီးတစ်လုံးပါပဲ....
ယနေ့ ခေတ် ကမ္ဘာတစ်ဝှမ်းက အောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေကို စစ်တမ်းကောက်ကြည့်လိုက်မယ်ဆိုရင်...
(၇၅)ရာခိုက်နှုံးလောက်က အခြေခံလူတန်းစားဘဝကနေကြီးပျင်းလာတဲ့သူတွေဖြစ်ပြီး
သူတို့ တွေဟာ စာအုပ်စာပေတွေလေ့လာမှတ်သားရာမှာ အလွန်ဝါသနာပါတဲ့ သူတွေ
ဖြစ်နေတယ်ဆိုတာတွေ့ ရပါလိမ့်မယ်....
ဒါကြောင့် ကျွန်ုပ်ရဲ့ သယ်ရင်းအားလုံးလဲ.... မိတ်ဆွေစစ်ဖြစ်တဲ့ စာအုပ်စာပေတွေကို
လေ့လာမှတ်သားပြီး ယင်းလေ့လာမှတ်သားလို့ ရလာတဲ့ အသိဥာဏ်တွေကို
လက်တွေ့ဘ၀နဲ့ တစ်ထပ်တည်းကျအောင် ပေါင်းစပ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်....။


ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

ဥပေက္ခာ ဒေ၀ီ

  

ညင်သာသော ခေါ်သံကိုလည်း

ကြားဟန်မပြု...

ညနေခင်းရဲ့

နူးညံ့တဲ့ လေပြေအောက်မှာ

ဥပေက္ခာဒေဝီတစ်ပါးကို

အချစ်က ...


မွေးဖွားခဲ့လေသည်...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)



ဒိန်း... ဒိန်း... ဒိန်း...


ဒိန်း....
.....ဒိန်း
......ဒိန်း

မှတ်ချက်.....

အထက်ပါအသံသည်

အီရတ် နဲ့ အမေရိကန် စစ်ပွဲက

ထွက်ပေါ်လာတဲ့အသံမဟုတ်ပါ

တကယ်တော့.

အွန်လိုင်းပေါ်က
အလှနတ်သမီးလေးတစ်ပါးရဲ့

့ ညှို့အားပြင်းတဲ့

အကြည့်တစ်ချက်ကြောင့်

ဇိုး ရဲ့ ရင်ဘတ်ထဲက

ထွက်ပေါ်လာတဲ့

ရင်ခုန်သံ တေးသွားလေးတစ်ပုဒ်ပါ....။



ဇိုး
( ပိုက်ဆံတစ်သောင်းတန်မြို့တော်)

ဇိုး....

ငါ့ နှလုံးသားက
အမှန်ခြစ်ပေးနေရင်တောင်
ငါ့ မျက်ဝန်းတွေက
မင်းကို ကြက်ခြေခတ်ထားမယ်
အဲဒါ ....ဇိုး ဆိုတဲ့
အပေအတေတစ်ယောက်ရဲ့
အဘိဓာန်ပဲ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

***သူ သိစေချင်***

  
***သူ သိစေချင်***

တွေ့ ရလို့  ကျေနပ်ရပေမဲ့
ဝေးရလို့  ဆွေးရတာဟာ
ကုဋေကုဍာ...
ရင်ထဲက ...
ခံစားချက်တွေက ဗလပွ
ဒါတွေကို သူမသိ
အပူမိတဲ့ ငါ့မှာတော့
အတွေးတွေ ဇဝေဇဝါ နဲ့
စိတ်ထင်ရာလှမ်းခဲ့
ဘဝလမ်းကတော့ မရေရာ
သေချာတာက ဝေဒနာ....။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်




LOVE....သတိ !

        

        LOVE....သတိ !


အလွမ်း အဆွေး
မကျွမ်းသေးပဲ
အချစ်နယ်ပယ်
သွားမလည်နဲ့
အချစ် ဟူသည်
ပျော်ရွှင်မှုများ
မွေးဖွားပေးပြီး
အလွမ်း အဆွေး
သူပဲပေးတယ်
ဒီအကြောင်းများ
သတိမထားပဲ
အချစ်ဇာတ်လမ်း
သွားမစမ်းနဲ့
အသဲကျွမ်းကာ
လွမ်းတတ်တယ်

ဇိုး

(ပိုက်ဆံတစ်သောင်းတန်မြို့တော်)


Saturday, November 23, 2013

လူသားတိုင်းကို သိစေချင်သည်...


ဟဲဟဲ

  ဖွန်ကြောင်တစ်ယောက်တော့
မဟုတ်ဘူး... .
အပျင်းပြေ
ရည်းစားတော့ထားတယ်...။

မှတ်ချက် ...... ဟာသမျှသာဖြစ်သည်

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်) 

Wednesday, November 20, 2013

သူ့ ကြောင့်

    ကမ္ဘာ ဦး အစက
အာဒမ် နဲ့ ဧဝ ဟာ
မစားကောင်းတဲ့သစ်သီးတစ်လုံးကို အတူတူစားကြရင်း
ချစ်သူတွေဖြစ်သွားကြတယ်...။


ကမ္ဘာ့ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးထဲမှာ လူလားမြောက်ခဲ့တဲ့
ကျနော် နဲ့  သူကတော့
ကွန်နက်ရှင်မကောင်းတဲ့ အင်တာနက်ကို အတူတူသုံးကြရင်း
ချစ်သူတွေဖြစ်သွားကြတယ်....။

ဇိုး
ပိုက်ဆံတစ်သောင်းတန်မြို့တော်

အွန်လိုင်း ဟာသ









ကိုရီးယားဗိုင်းရပ်စ်









ကမ္ဘာကြီးကို
ပင့်ကူအိမ်လို ချည်နှောင်ထားတဲ့ယနေ့ခေတ်ကြီးထဲမှာ
လူယောင်ဖန်ဆင်းပြီး ကောင်လေးတွေရဲ့
နှလုံးသားကို ပြုစားတတ်တဲ့
ဥစ္စာစောင့်မလေးတွေ မရှိတော့ဘူး
ဟို ....ကိုရီးယားဇာတ်ကားတွေထဲကလို
ကောင်လေးတွေကို ရည်းစားစကားစပြောတဲ့ ကောင်မလေးတွေပဲရှိတော့တယ်
ဟုတ်တယ်ဟုတ်....။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

Saturday, November 16, 2013

မော်ဒယ် အွန်ဆိုင်း






တန်ဆောင်တိုင် အမှတ်တရ
















ဒီနှစ်တန်ဆောင်တိုင်မှာ ဇိုးကတော့ ပြင်ဦးလွင်ကို ဒိုးမယ်
သရဲတို့ ရော တောင်ကြီးလား?
ပြင်ဦးလွင်လား?
ဘယ်ကိုပဲသွားသွားပါ
သရဲတို့ ကြိုတင်ရင်ခုန်ရအောင်
တန်ဆောင်တိုင်အမှတ်တရ
လက်ဆောင်လေးတွေပို့လိုက်တယ်နော် ....။
ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)



ချမ်းသာစစ်...?




 အချို့သော လူတွေက
မိမိလိုချင်တဲ့ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝမှုတွေရဖို့ အတွက်
လမ်းမှားတွေပေါ်မှာလျှောက်လှမ်းမိကြတယ်
တစ်ချို့ဆိုရင်....
ဒီချမ်းသာမှုတွေအတွက်အသက်ကိုတောင် စတေးဝံ့ကြတယ်
ဒါဆိုရင် လူတစ်ယောက်ရဲ့အသက်ထက်
ချမ်းသာကြွယ်ဝမှု့ က
ပိုးပြီးအရေးကြီးသလိုဖြစ်မနေဘူးလား?
မိတ်ဆွေ...သင့်ကို
ဇိုး နဲနဲလောက် အင်တာဗျူးမယ်နော်
လောကမှာချမ်းသာကြွယ်ဝမှုနဲ့ 
အသက်ရှင်ရပ်တည်မှု
ဒီနှစ်ခုမှာ ဘယ်ဟာက အရေးကြီးဆုံးလဲ?
ချမ်းသာစစ်၊ ချမ်းသာမှန်ဆိုတာကရောဘာလဲ?
ပစ္စည်းဥစ္စာတွေတော့ချမ်းသာ ပြည့်စုံပါရဲ့
နေ့ တိုင်းဒီပစ္စည်းဥစ္စာတွေအတွက် .. ကြောင့်ကြနေရမယ်ဆိုရင်
ချမ်းသာစစ်ဖြစ်နိုင်ပါ့မလား?
ချမ်းသာစစ် ကိုရှာတွေ့ နိုင်ပါစေ.... မိတ်ဆွေ...။


ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)


မိုနိုပိုလီ မိစန္ဒီ...