ဒဿဂီရိလိုလဲ
အချစ်အနုကြမ်းစီးခြင်းမျိုး
မဟုတ်ပါ.....။
ပုံပြင်တွေထဲကလိုလဲ
သူကြီးသား ဆိုးနေခြင်မျိုး
မဟုတ်ပါ....။
နေညိုညို..သူ့ ရဲ့
ရေချိုခပ်တဲ့
လမ်းကလေးမှာပေါ့
ဘ၀မှာ....
ပထမ ဆုံး ချစ်မိခဲ့တဲ့
ကောင်မလေးတစ်ယောက်ကို
ပထမဆုံးနှုတ်ဆက်စကားပြောဖို့ 
စကားလုံးလေးတွေ
အစ အန
ရှာဖွေနေတုန်းမှာပဲ
အချစ်မ,ဖုရားရဲ့
ရွှေစိတ်တော်
ငြိုငြင်မှုကြောင့်
ထင်ပါရဲ့......။
ထင်မှတ်မထားတဲ့
လမ်းလွဲတစ်ခုရဲ့
သွေးတိုးစမ်းမှုအောက်မှာ
ထင်မှတ်မထားစွာ
လိုက်ပါသွားလေရဲ့
အော်...ငါ့မှာတော့
ထွက်ခွါသွားတဲ့
သူ့ ရဲ့ကျောပြင်လေးကို
ငေးကြည့်နေရုံမှ..အပ...။
ဇိုး..
pm.7:53./
24.9.12.
No comments:
Post a Comment