2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Monday, April 22, 2013

မသီတာထွေး (သို့ ) မြန်မာ့မိန်းကလေးများရဲ့ လမ်းပြကြယ်

(ညီမလေးရေ...မင်းကို မြန်မာပြည်သူတွေ ဘယ်တော့မှ မေ့ပျောက်သွား မှာ မဟုတ်ပါဘူး ညီမလေးရေ..)

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် ။

ညီမလေးရေ
မင်းရေတိမ်နစ်ရတဲ့သတင်း
တို့ရင်ကို ပြင်းပြင်းဝင်ဆောင့်
အသည်းထဲ … အသွေးထဲမှာ
နင့်နေအောင်ကို အောင့်တယ် ။

ကယ်ပါ …. ကူပါ
တစာစာအော်ခဲ့ရတဲ့မင်းဟာ
မိစ္ဆာဘီလူး … ကာမရူးတွေကို
နောက်ဆုံးသောထွက်သက်အထိ
အရှုံးမပေး … ဒူးမထောက်
တို့လူမျိုးရဲ့ အရှက်ကို
မင်းသစ္စာဖောက်မသွားဘူးဆိုတာ
မင်းလက်ထဲမှာ ဆွဲဆုပ်ထားတဲ့
မြက်ပင်အကျိုးအကြေတွေက သက်သေပြနေတယ် ။

ညီမလေးရေ ….
မင်းအရှက် … မင်းအသက်နဲ့
ငါတို့ရဲ့အနာဂတ်တွေကို
ဓားမြိမြိတစ်လက်နဲ့
ထိထိမိမိအထောက်ခံထားရပြီဆိုတာ
သက်သေပြသွားခဲ့တယ် ။

ညီမလေးရေ
ဘာသာစကားတွေ ဘယ်လိုပဲကွဲကွဲ
ယဉ်ကျေးမှုတွေ ဘယ်လိုပဲကွာကွာ
အမိနိုင်ငံတော်ကြီးရဲ့အရိပ်အောက်မှာ
တို့ဟာ … ပြည်ထောင်စုရဲ့ မောင်နှမတွေပဲလေ
မင်းငိုလိုက်တဲ့ မျက်ရည်ဟာ
သံလွင် .. စစ်တောင်း
ချင်းတွင်း နဲ့ ဧရာဝတီမှာ
မျောပါစီးဆင်း ….
သွေးချင်းချင်းနဲ့
မျက်ရည်မြစ်လဲ ဖြစ်ခဲ့ပြီ ။

ညီမလေးရေ …
တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ
မုတ်သုံမိုးပြေး
လေနုအေးထဲမှာ
မင်းပေးခဲ့တဲ့ စည်းလုံးခြင်းဂီတနဲ့အတူ
အမျိုးသားရေးတေးတွေ …
တတိုင်းပြည်လုံး ပျံ့လွင့် …..
မင်း နားစွင့်ကြည့်လှည့်ပါ ။

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် … … ။


(ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ)

မိုးစက်နီ
ဧပြီ ၂၀၊ ၂၀၁၃ ခုနှစ်။

No comments:

Post a Comment