2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Monday, April 22, 2013

ဘကြီးမှိုင်းဆိုသော ငနဲသားကို ခြေရာခံမိပြီ

ဖေ့စ်ဘုတ်ပေါ်တွင် ဘကြီးမှိုင်းဆိုသော နာမည်ဖြင့် ဗုဒ္ဓဘာသာကို ဆော်ကားခြင်း ရဟန်းသံဃာများ ဆရာတော်ကြီးများကို ဆဲဆိုခြင်းများ ပြုလုပ်နေသူမှာ ယခုအခါ မဲဆောက်တွင် နေထိုင်ကာ ထိုင်းပတ်စပို့ ထိုင်းဗီဇာ အကျိုးဆောင်လုပ်နေသူ KTG သားကြီး ဆိုသော မူဆလင်ဘာသာဝင် တယောက်ဖြစ်ပါသည်။ မဲဆောက်တွင် မနေထိုင်ခင်က စင်ကာပူ နှင့် ထိုင်းနိုင်ငံ ချင်းမိုင်တွင်လည်း နေထိုင်ခဲ့သူ ဖြစ်ပါသည်။ ဘကြီးမှိုင်းဆိုသော အကောင့်မဖွင့်မှီက မိုးပေါက်စင် ဟူသော အကောင့်ဖြင့် မြန်မာ့နိုင်ငံရေးတွင် ထင်ရာမြင်ရာများ ပြောဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း၊ ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုခြင်းများ လုပ်ခဲ့သူမှာလည်း ၎င်းပင် ဖြစ်ပါသည်။ မိုးပေါက်စင်ဟူသော နာမည်ဖြင့် ဆဲဆိုရိုင်းစိုင်း နေသည့်အခါက ဖေ့စ်ဘုတ် သုံးသူအချို့ မှ မိုးပေါက်စင် ဆိုသည်မှာ မိုးသီးဇွန် ဟု ထင်ယောင်ထင်မှား ဖြစ်ကြပါသည်။ တချို့ ကလည်း ဒေါက်တာလွဏ်းဆွေဟု စွပ်စွဲကြပါသည်။ ထိုကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်အောင်လည်း မိုးပေါက်စင်ဟူသော နာမည်ကို သုံးခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဘကြီးမှိုင်း ဆိုသော နာမည်ဖြင့် အကောင့် အသစ်ဖွင့်ကာ မြန်မာနိုင်ငံရေးတွင် ခြေရှုပ်လာပြန်ပါသည်။



ဘကြီးမှိုင်း ခေါ် KTG သားကြီး

ဘကြီးမှိုင်းဟူသော နာမည်ဖြင့် ချေဂွေဗားရား ပုံကိုအသုံးပြုကာ သူ့ ကိုယ်သူ ပြည်တွင်းရှိ ကွန်မြူနစ် ယူဂျီအယောင်ဆောင်ကာ ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားပြောဆိုမှုများ ပြုလုပ်ခဲ့ပါသည်။ ပြည်တွင်းတွင် အမှန်တကယ် တိုင်းပြည်အရေး လုပ်ဆောင်နေသူများ အနှောင့်အယှက်ဖြစ်အောင် ရည်ရွယ်ကာ ပြည်တွင်းသူပုန်အမည်ဖြင့် ရေးသားပြောဆိုခြင်း၊ လက်ပံတောင်းတောင်ခြေတွင် နေထိုင်သည်ဟု ပြောဆိုခြင်းများ တရားလွန် တရားမင်း ပြုလုပ်ခဲ့ပါသည်။ သို့ ပါသော်လည်း မိတ္ထီလာတွင် အဓိကရုဏ်းများ ပေါ်ပေါက်လာချိန်မှစကာ ဗုဒ္ဓဘာသာကို တရားလက်လွန် ဆော်ကား မိုက်ရိုင်းပြီး ၎င်း၏ ဇာတိရုပ်ပြလာပါသည်။ ရဟန်းသံဃာများကို ရုန့် ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ မြတ်စွာဘုရားရှင်ပုံတော်ကို အမျိုးသမီး အတွင်းခံဘောင်းဘီတွင်ကပ်ကာ ဓါတ်ပုံရိုက်တင်ခြင်း ဒေါ်အောင်ဆန်းစုကြည်ကို မိုက်ရိုင်းစွာ ဆဲဆိုခြင်းများ အတိုင်းထက်လွန် ပြုလုပ်ခဲ့သည်ကို ဖေ့စ်ဘုတ်သုံးသူ မြန်မာအများစု မျက်မြင်ဖြစ်ပါသည်။

ဘာသာရေးအဓိကရုဏ်း ဖြစ်ချိန်တွင် ရဟန်းသံဃာများကိုသာမက ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ ကိုပါ မုန်းတီးစွာဖြင့် ဖေ့စ်ဘုတ်ပေါ်တွင် ယခုကဲ့သို့ တရားလွန်တရားမင်း ဆဲဆိုရိုင်းစိုင်းနေခြင်း ဖြစ်ပါသည်။ ထို့ အပြင်တိုင်းပြည်အရေးကို အမှန်တကယ် အနစ်နာခံ အလုပ်လုပ်နေသူများအတွက် အခက်အခဲ အကြပ်အတည်းများ ဖြစ်လာစေရန် ရည်ရွယ်၍လည်း ပြည်တွင်းယူဂျီအယောင်ဆောင်ဖြင်း မိုးသီးဇွန်အယောင်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဘကြီးမှိုင်း ဘယ်သူလဲ သိချင်က အမေရိကန် သံရုံးများတွင် မေးနိုင်သည်ဟု ပြောဆိုကာ ၎င်းမှာ မိုးသီးဇွန်ဟု ထင်ယောင်ထင်မှား ဖြစ်လာရန်လည်း ပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့  မြန်မာ့နိုင်ငံရေး ပျက်စီးရာပျက်စီးကြောင်းကို ဖန်တီးနေသော မူဆလင်ဘာသာဝင် သားကြီး ဆိုသူအား မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အပေါင်းတို့ သတိပြု ရှောင်ရှားနိုင်စေရန် ယခုကဲ့သို့ ဖော်ထုတ်လိုက်ရခြင်း ဖြစ်ပါသည်။

လေးစားစွာဖြင့်

-ကိုရဲ


No comments:

Post a Comment