2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Monday, April 22, 2013

ဗန်ပါစီ ရဲ့ ဟက်ထရစ် နဲ့ အကြိမ်နှစ်ဆယ်မြောက် ချန်ပီယံဆုကို မန်ယူတို့ ဆွတ်ခူး

အက်စ်တန်ဗီလာကို အနိုင် ယူပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းအနေဖြင့် ယခုအခါ အကြိမ်(၂၀)မြောက် အင်္ဂလန် အမှတ်ပေး ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်ခဲ့ပြီ ဖြစ်သည်။
မန်ယူ အသင်းသည် ယခုပွဲစဉ် အနိုင်ရပါက ရာသီ မကုန်မီ စောစီးစွာ ချန်ပီယံဆု ရနိုင်မည် ဖြစ်သောကြောင့် အာရုံစိုက် ကစား သွားခဲ့သည်။ မန်ယူတွင် ရော်ဘင်ဗန်ပါစီကို အထောင် တိုက်စစ်မှူး အဖြစ် နေရာပေးကာ ဝိန်းရွန်နီက ကွင်းလယ် ဆင်းကစားပြီး ရှင်ဂျီကာဂါဝါ၊ မိုက်ကယ်ကာရစ်၊ ရိုင်ယန်ဂစ်၊ အန်တိုနီယို ဗလန်စီယာတို့နှင့် ချိတ်ဆက်ခဲ့သည်။ နောက်တန်းတွင် ရာဖေးဒါဆေးလ်ဗား၊ ရီယိုဖာဒီနန်၊ ဂျွန်နီအီဗန်စ်နှင့် ပက်ထရစ်အီဗရာတို့ ပွဲထွက်လာခဲ့သည်။ ဗီလာဘက်တွင် ခရစ္စတီယန် ဘန်တက်ကီ၊ ဂါဘရီရယ်လ် အဘွန်လဟော်၊ အန်းဒရက်စ် ဝိန်းမန်း၊ ချားလ်စ် အန်ဇော့ဘီယာ၊ ဖေဘီယန်ဒဲ့လ်ဖ်၊ အက်ရှ်လေဝက်စ်ဝုဒ်၊ ဂျိုးဆက်ဘန်နက်၊ နသန်ဘေကာ၊ ရွန်ဗလား၊ မက်သရူးလော်တန်တို့ ပါဝင် ကစား ခဲ့ကြသည်။ပွဲချိန် (၂)မိနစ် မပြည့်မီကတည်းက မန်ယူတို့ ပွဲကို ဦးဆောင်သည်။ ဗလန်စီယာ နောက်ပြန်ချပေးသော ဘောလုံးကို ညာခြမ်းမှ ရာဖေးလ် ကန်တင် ပေးလိုက်သည်ကို ဂစ်က အလိုက်သင့် ပြန်ချပေးလိုက်ရာ ဗန်ပါစီက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်း သွားခဲ့သည်။ ထို့နောက် ရာဖေးလ်၏ ကန်ချက် တစ်ကြိမ် တိုင်ထိ ထွက်သွားသည်။ (၁၃)မိနစ်တွင် ကွင်းလယ်၌ ကာဂါဝါနှင့် အပေးအယူ ကစားပြီး ရွန်နီ ကန်တင်ပေးလိုက်သော ဘောလုံးကို ဗန်ပါစီက လှလှပပ မြေမကျ ကန်သွင်းရာ ဂိုးသမား ဘရက်ဒ်ဂူဇန်၏ ဘယ်ထောင့်ထဲ တန်းနေအောင် ဝင်သွားပြီး မန်ယူတို့ ဒုတိယဂိုး ရခဲ့သည်။ (၃၃)မိနစ်တွင် ကာဂါဝါ မျှောထုတ်ပေးသော ဘောလုံးကို ဂစ်က ဧရိယာထဲ ဖြတ်ပို့ရာ ဗန်ပါစီက ရယူပြီး ဂိုးသမား ဂူဇန်ကို ခြေယောင်ပြကာ အပိုင် ကန်သွင်းသွားသဖြင့် Hat-Trickရှင် ဖြစ်လာသည်။ ဒုတိယပိုင်းတွင် မန်ယူသည် ကစားအားကို ချကာ အနိုင်ကိုသာ ထိန်းသိမ်း သွားခဲ့ရာ ဗီလာတို့ အခွင့်အလမ်းများ ပိုမို ရရှိလာသည်။ သို့သော်လည်း ဗီလာ၏ အပိုင် အခွင့်အရေး တစ်ရပ်ကို ဂိုးဧရိယာထဲထိ ဆင်းကာကွယ်သည့် ဗန်ပါစီ ဖျက်ထုတ်ခဲ့သလို မန်ယူဘက်မှ ကာဂါဝါ၏ အကောင်းဆုံး ဂိုးသွင်းခွင့် တစ်ခု ဘားတန်းပေါ် ကျော်သွားသဖြင့် ဒုတိယပိုင်းတွင် ဂိုးထပ် မသွင်းနိုင်ဘဲ ပွဲပြီးကာ မန်ယူတို့ ချန်ပီယံ ဆုကို ဆွတ်ခူးရန် သေချာ သွားခဲ့သည်။

No comments:

Post a Comment