2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Saturday, April 27, 2013

(သံဃာ့ ဂုဏ်တော် ၉-ပါး)

(သံဃာ့ ဂုဏ်တော် ၉-ပါး)
******************
(၁) သုပ္ပဋိပန္နော - (လောဘ၊ဒေါသ၊မောဟ) ကိလေသာ ငြိမ်းကြောင်း ကောင်းစွာကျင့် ကြံရ၏။
(၂) ဥဇုပ္ပဋိပန္နော - ကိုယ် - နှုတ် - စိတ်ထား အကောက်၃-ပါး ကင်းရန်~သာဌေမာယာ ကင်းစင်ကွာ၍
အကျင့် မြတ်ဝိနည်းကိုဖြောင့် မှန်စွာ ကျင့် ကြံရ၏ ။
(၃) ဥာယပ္ပဋိပန္နော - နိဗ္ဗာန် အကျိုးမျှော်ကိုး ရည်သန်ပြီးကျင့် ကြံတော်မူရ၏ ။
(၄) သာမိစိပ္ပဋိပန္နော - မဂ္ဂင် ရှစ်ပါး အကျင့် မြတ်ကိုရိုသေ၊လေးမြတ်စွာကျင့် ကြံရ၏ ။
(ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဌ ပုရိသပုဂ္ဂလာ ဧသဘဂဝတော သာဝကသံဃော = အစုံလေးပါး၊
သီးခြားရှစ်ဖော်၊မြတ်ဘုရား၏ တပည့် သားမော် အရိယာသံဃာတော်သည်~ )
(၅) အာဟုနေယျော - အဝေးမှ သယ်ဆောင်လာသည့် ပစ္စည်းကိုပင် ပေးလှုခြင်းငှါ ခံယူထိုက်ပေ၏ ။
(၆) ပါဟုနေယျော - ဧည့် သည်အတွက်စီမံထားသည့်စားဖွယ်ကိုပင် စိတ်ထားဖြူစင် ပေးလှူခြင်းငှါ
အလှူခံထိုက်ပေ၏ ။
(၇) ဒက္ခိဏေယော - (နောင်ဘဝ) တမလွန်စခန်း ကောင်းဖို့ ရည်မှန်းပြီး လှူဒါန်းထိုက်ပါ၏။
(၈) အဉ္ဇလိကရဏီယျော - ကောင်ကျိုးချမ်းသာ မှန်စွာရမည်ဟု ယုံကြည်ပြီးလက်စုံမိုး၍ ရှိခိုးထိုက်ပါ၏ ။
(၉) အနုတ္တရံ ပုညက္ခေတ္တံ ၊ လောကဿ - နတ်+လူ အများ ကောင်းမှု့ ပွါးဖို့  ကြဲထား၊ ပျိုးချ တုမရသည့် 
ကောင်းသောလယ်မြေ၊ ယာမြေ ပမာ ဖြစ်ပေ၏ ။
သံဃာတော်ဟူသမျှသည် ဝိနည်းသိက္ခာ(၂၂၇)ပုဒ်ကိုစောင့် ထိန်းရ၏ ဘုရားသာဿနာ(၃)ရပ်တာဝန်ကိုလည်း
ထမ်းဆောင်ရ၏။ဘယ်အရာကိုဘဲသုံးဆောင်၊သုံးဆောင်(လောဘ၊ဒေါသ၊မောဟ) ကိလေသာဖယ်ခွါပြီး ..
နိဗ္ဗာန်ကိုရည်မှန်းပြီး သုံးဆောင်ရ၏ ။
ဓမ္မဒါန မျှဝေလျှက်
မြတ်သောမောင်

No comments:

Post a Comment