2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Saturday, January 19, 2013

အမျိုးသမီးများ အသက်ရှည်ရှည်နေလိုလျှင်

အမျိုးသမီးများ အသက်ရှည်ရှည်နေလိုလျှင်

သင်ကအမျိုးသမီးတစ်ဦးဆိုရင်သင့်ဘဝရဲ့သက်တမ်းမှာနှစ်နည်းနည်းလောက်အပိုပေါင်းမထည့်ချင်ဘူးလား။ဒါဆိုရင်တော့ဆေးလိပ်ဖြတ်လိုက်ပါ၊အရက်သောက်ခြင်းကိုကန့်သတ်လိုက်ပါ။ ကျန်းမာရေးနဲ့ညီညွတ်သောအစာစားပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါဆိုရင်ဘဝမှာနှစ်အပိုတွေကို ကျန်းမာပျော်ရွှင်စွာနေနိုင်ပါလိမ့်မယ်။
၁။ ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်သူတွေဟာမသောက်သူတွေထက်အသက်ငယ်ငယ်နဲ့သေဆုံးနိုင်ချေ သုံးဆလောက်ပိုများပါတယ်။လေ့လာမှုတစ်ခု အရအမျိုးသမီး တစ်ဦးသည်အသက် ၄၀မတိုင်မီဆေးလိပ် ဖြတ်ပါကအသက်ကြီးသည် အထိဆေးလိပ်သောက်သူများထက်ဆယ်စုနှစ်တစ်ခုခန့် ပို၍အသက် ရှည်ကြောင်းတွေ့ရသည်။သက်လတ်ပိုင်းမတိုင်မီဆေးလိပ်သောက်ခြင်းကိုရပ်တန့်လိုက်ပါကအရွယ်မတိုင်မီ သေဆုံးခြင်းကိုလုံးဝနီးပါးလျော့ချပေးနိုင်ပေ သည်။
၂။ အရက်သောက်ခြင်းကိုကန့်သတ်လိုက်ပါ -ယခုအခါ လေ့လာသူများက အလယ်အလတ်အဆင့်အရက်သောက်ခြင်း၊(အမျိုးသမီးတစ်ဦးက တစ်ရက် လျှင်အရက်တစ်ဖန်ခွက်သောက်ခြင်း)ကနှလုံးရောဂါဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းပိုဖြစ်နိုင်ကြောင်းအတည်ပြု ခဲ့ပြီးဖြစ်သည်။သို့သော် တစ်ခါတစ်ရံ သာသောက်သော်လည်းအလွန်အကျွံသောက်မိလေ့ရှိခြင်းကအသည်း ရောဂါ၊သွေးတိုးရောဂါ၊ကင်ဆာအမျိုးမျိုး၊နှလုံးရောဂါတို့အပြင်မျိုးပွားနိုင်စွမ်းရည်ကျဆင်းကြောင်းတွေ့ရသည်။
၃။ စိတ်ဖိစီးမှုများကို ရှောင်ပါ - စိတ်ဖိစီးမှုများခြင်းကသွေးတိုး၊နှလုံးရောဂါနှင့် အဝလွန်ခြင်းတို့ကိုဖြစ်စေ နိုင်ပါတယ်။အဲဒီအရာအားလုံးကသင့်ကိုအသက်တိုစေနိုင်ပါတယ်။
၎။ အနည်းငယ်ကြမ်းတမ်းသောလေ့ကျင့်ခန်းလုပ်ပေးပါ - လေ့လာမှုများအရ အမျိုးသမီးများတွင်အနည်းငယ် ကြမ်းတမ်းသောလေ့ကျင့်ခန်းလုပ်ခြင်း ကရင်သားကင်ဆာဖြစ်နိုင်ချေ ၃၇ ရာ ခိုင်နှုန်း၊ အရိုးပွရောဂါဖြစ်နိုင်ချေ ၄၅ ရာခိုင်နှုန်းနှင့်နှလုံးရောဂါဖြစ်နိုင်ချေ၁၄ရာခိုင်နှုန်းပို၍လျော့နည်းစေကြောင်း တွေ့ရသည်။အနည်း ငယ်ကြမ်းတမ်းသောလေ့ကျင့်ခန်းဆိုသည် မှာဥပမာအလေးမခြင်းလိုအားကစားမျိုးကိုဆိုလိုပြီးယင်းလေ့ ကျင့်ခန်းများ ကဇီဝရုပ်ဖြစ်စဉ်ကိုပိုမြန်စေ၍အဆီများကိုပိုလောင်ကျွမ်းစေပြီးနှလုံးရောဂါကိုလျော့ နည်းစေပါတယ်။
ကိုယ်အလေးချိန်ထိန်းသိမ်း ထားခြင်းက သင့်ကိုလှပစေရုံသာမက ဆီးချိုနဲ့နှလုံးရောဂါဖြစ်ပွားမှုကိုပါ လျော့နည်းစေပါတယ်။သင်ဟာသင့်ကျန်းမာရေးနဲ့သင့်လျော်တဲ့အလေးချိန်မှာရှိမရှိကိုသင့်ခါးကိုတိုင်းတာရုံနဲ့ သိနိုင်ပါတယ်။သင့်ခါးရဲ့အရွယ်အစားဟာသင့်အရပ်ရဲ့တစ်ဝတ်အောက်သာရှိသင့်ပါတယ်။(ဥပမာ သင့်အရပ်က ၅ပေ၂လက်မ(၆၂လက်မ)ရှိတယ် ဆိုရင်သင့်ခါးက၃၁ လက်မအောက်သာရှိသင့်ပါတယ်။
၅။ကျန်းမာရေးနှင့်ညီညွှတ်သောအစာစားပါ - အသင့်ပြုလုပ်ထားသောအစာများကို ရှောင်ပါ။ယင်းက သင်ခါးတစ်ဝိုက်မှာ အဆီတွေပိုများ စေပါတယ်။ဒါကြောင့်တစ်ရက်ကိုအဆီများသောအသင့်လုပ်ထားသည့် အစာများကို ၂ ဂရမ်ထက်ပိုမစားသင့်ပါဘူး။ အမျိုးသမီးတစ်ဦး ဟာတစ်ပတ်ကိုပဲနို့တစ်ကြိမ်သောက်ခြင်းက ရင်သားကင်ဆာဖြစ်နိုင်ချေကို ၅၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်ပါသည်။သို့သော်လည်း ကြာရှည်ခံရန်ပြုပြင် ထားသောပဲနို့ကတော့ကင်ဆာပိုဖြစ် စေနိုင်ပါတယ်။သဘာဝအစာတွေဖြစ် တဲ့တိုဖူး၊ ပဲနို့၊ ပဲအနှစ်၊ အစိမ်းရောင် အရွက်၊ အသီးတွေကို စားခြင်းကသင့်ကိုပိုပြီးအသည်ရှည်စေနိုင်ပါတယ်။
မိုင်ကိ
Ref:MNT
Health Updates Journal
Vol-2,No-4

အေးချမ်းမွန်မှ Health Updates Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

No comments:

Post a Comment