2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Monday, January 21, 2013

အတုမရှိသော ဘာဝနာ။


အတုမရှိသော ဘာဝနာ။
••••••••••••••••••••
ဘုရားရှင်၏ ဂုဏ်တော်များကို အလေးဂရုပြု၍၊ အောက်မေ့ဆင်ခြင် ပွားများခြင်းသည် "ဗုဒ္ဓါနုဿတိ ကမ္မဌာန်းဘာဝနာ" ပင် ဖြစ်၏။
ယင်းဘာဝနာသည်၊ ဘာဝနာကမ္မဌာန်း အားလုံးတွင်၊ အထူးခြားဆုံးသော အတုမရှိသည့် ဘာဝနာတစ်မျိုးဖြစ်၏။

မှန်၏။ ဘာဝနာကမ္မဌာန်း လေးဆယ် ရှိရာတွင်၊ ကြွင်းသုံးဆယ့်ကိုးပါးသော ဘာဝနာတို့သည်၊ အားထုတ်ဆဲဘ၀၌ ဈာန်, မဂ်, အပ္ပနာသို့ တက်ခြင်း၊
ကိလေသာ လောကဓံကို သည်းခံနိုင်ခြင်းမှတစ်ပါး၊ သံသရာ၌ ဆန်းကြယ်ကြီးမြတ် လိုအပ်သော အကျိုးကို မပေးနိုင်။

"ဗုဒ္ဓါနုဿတိ ဘာဝနာ" ကသာ
လောကီဘက်, လောကုတ္တရာဘက် နှစ်ဘက်လုံးတွင်၊ ထက်မြက်ပွားတိုး ဆန်းကြယ်ကြီးမြတ် လိုအပ်သော အကျိုးအမျိုးမျိုးတို့ကို ပေးစွမ်းနိုင်ပါသည်။ ထို့ပြင် ဒါန, သီလ စသော အမျိုးမျိုးသော ကုသိုလ်တို့၏ ထက်မြက်ကြီးမားသော အကျိုးကို ပေးစွမ်းခြင်း၌လည်း၊ ဘုရားရှင်၏ ဂုဏ်တော်ကို ယုံကြည်သိမြင် ဆင်ခြင် အောက်မေ့နိုင်သော "ဗုဒ္ဓါနုဿတိ ဘာဝနာ" အရင်းခံရှိမှသာ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် ထေရာပဒါန်ပါဠိတော်၌ "ဗုဒ္ဓါနုဿတိ ဘာဝနာ" ကို "ဘာဝနာအပေါင်းတို့တွင် အတုမရှိ လွန်ကဲထူးမြတ်သော ဘာဝနာဖြစ်၏" ဟု ဘုရားရှင်ကိုယ်တော်တိုင် ချီးကျူးမိန့်မြွက်တော်မူခဲ့ပါသည်။

( ဗုဒ္ဓဘာသာလက်စွဲကျမ်း။ သာသနာရေးဝန်ကြီးဌာန )

No comments:

Post a Comment