2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Sunday, February 24, 2013

အချစ်ဆိုတာ....

ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့တိုင်ပင်တယ်ဗျာ။
အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ်ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။“အိုကွာ ဒါဆိုရင်
သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန်လုပ်မယ်ကွာ”၊ “ဟကောင်ရ
အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊ “ဟာဒါဆိုရင်တော့
ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊ “သြော်
မင်းကဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။ “ကျွန်တော်ချစ်တာကို
သူမသိနိုင်ရင်နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊
ကိုယ်ချစ်နေရရင်ပြီးတာပါပဲလေ”၊ “ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ
ဘာတွေနဲ့ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊ “ဟ မင်းဟာက အမှုတွေ
များလှချည်လား၊တော်ပြီကွာ မချစ်တော့ဘူး”၊ “ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့
အဲဒါမှထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်” တဲ့။
ဘယ်လိုလုပ်ရတော့မလဲဗျာ၊ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။

No comments:

Post a Comment