2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Wednesday, February 13, 2013

ဒီဂီယာ လက်စွမ်းပြခဲ့လို့ အခြေအနေကောင်းခဲ့တဲ့ မန်ယူ

ဒီဂီယာ လက်စွမ်းပြခဲ့လို့ အခြေအနေကောင်းခဲ့တဲ့ မန်ယူ

နှစ်သင်းစလုံး (၄-၃-၃)ပုံစံနဲ့ ပွဲထွက်လာခဲ့ကြပြီး ပွဲအစပိုင်းမှာ မန်ယူတို့ ကစားကွက် တည်မရခဲ့ပေမယ့်ရီးရဲလ်ကတော့ ဂိုးပေါက်ကန်သွင်းခွင့် ၂ကြိမ်တိုင် ခြိမ်းခြောက်နိုင် ခဲ့ပါတယ်။ ရော်နယ်ဒို၊ ကွန်ထရာအိုတို့ အချိတ်အဆက်ကနေ ခီဒီရာ ကန်သွင်းခဲ့ပြီး ဂိုးပေါက်နဲ့ လွဲချော်ခဲ့သလို ကွန်ထရာအိုရဲ့(၆)မိနစ် ကန်ချက်ကတော့ တိုင်ထိထွက်ခဲ့ရပါတယ်။ မန်ယူကွင်းလယ်က ဖီးလ်ဂျုံးစ်ဟာ ရီးရဲလ်ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ကို လူကပ်ကစားခဲ့ပေမယ့် ရီးရဲလ်ကတော့ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူသွားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန်မိနစ် ၂၀မှာ မန်ယူတို့ အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ၀ဲလ်ဘက်က ခေါင်းတိုက် သွင်းယူသွားခဲ့တာပါ။ ၀ဲလ်ဘက်ကို ရာမို့စ် လူကပ်ပုံ မသေသပ်ခဲ့တာကြောင့် ဒီအင်္ဂလန်လူငယ်က သူ့ရဲ့ပထမဆုံး ချန်ပီယံလိဂ် အဝေးဂိုး သွင်းယူသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရတဲ့နောက်မှာတော့ ရီးရဲလ်တို့ ချေပဂိုးရဖို့ ကြိုးပမ်းလာခဲ့ပြီး ဒီမာရီယာရဲ့ကန်ချက်ကို ဒီဂီယာ ပုတ်ထုတ်ကာကွယ်ခဲ့ရပါတယ်။ ပွဲချိန် ၃၀မိနစ်မှာတော့ ဘယ်ခြမ်းက ဒီမာရီယာရဲ့ဖြတ်တင်ဘောကို ရော်နယ်ဒိုက အကောင်းဆုံးခေါင်းတိုက်ပြီး ရီးရဲလ်အတွက် ချေပဂိုး ပြန်သွင်းပေးနိုင်ခဲ့သလို အသင်းဟောင်းကို ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံမှာ မဟုတ်ဘူးဆိုတဲ့ သူ့စကားအတိုင်း အောင်ပွဲမခံခဲ့ပါဘူး။

နောက် ၃မိနစ်အကြာမှာ ဗန်ပါစီရဲ့ဖြတ်တင်ဘောကနေ ရီးရဲလ်နောက်ခံလူနဲ့ ဂိုးသမားနားလည်မှု လွဲချော်တာကို အခွင့်ကောင်းယူပြီး ၀ဲလ်ဘက် ပြေးဝင်ပိတ်သွင်းခဲ့ပေမယ့် ဂိုးသမား လိုပက်ဇ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး ၄မိနစ်အကြာမှာ ခီဒီရာရဲ့ဖန်တီးမှုကနေ ရော်နယ်ဒို ဧရိယာထိပ်က ကန်သွင်းခဲ့ပေမယ့် ဒီဂီယာလက်စွမ်းပြနိုင်ခဲ့သလို ဒီဂိုးသမားဟာ ဒီမာရီယာရဲ့ အဝေးကန်ချက်၊ ကွန်ထရာအိုရဲ့ ပြေးဝင်ပိတ်သွင်းမှုတွေကိုလည်း လက်စွမ်းပြနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ ရီးရဲလ်ဟာ ဂိုးပေါက်ကန်သွင်းမှု ၂၇ကြိမ်တိုင်ရှိခဲ့ပြီး မန်ယူအတွက်တော့ ဒီရာသီမှာ အများဆုံးပိတ်ဆို့ ကာကွယ်ခဲ့ရခြင်းပါပဲ။ ဒီနေ့ပွဲမှာ ဒီဂီယာ လက်စွမ်းပြနိုင်ခဲ့လို့လည်း မန်ယူတို့ အဝေးကွင်းမှာ သရေရခဲ့တာဖြစ်ပြီး ရွန်နီ၊ ကာဂါဝါတို့ ခြေစွမ်းပျောက်ဆုံးခဲ့တာကြောင့် ရီး ရဲလ်ကို ဒီထက် ပိုပြီး ဖိအားမပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ ဖီးလ်ဂျုံးစ်ရဲ့ဖြတ်တင်ဘောကို ဗန်ပါစီ မြေမကျကန်သွင်းခဲ့ပေမယ့် လိုပက်ဇ် ပုတ်ထုတ်နိုင်ခဲ့ပြီး ပွဲသိမ်းခရာမှုတ်ခဲ့လို့ ထောင့်ကန်ဘော ကန်ခွင့်မပေးတဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို မန်ယူ ကစားသမားတွေ စောဒကတက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရလဒ်ဟာမန်ယူအတွက် နောက်တစ်ဆင့် တက်ရေး အခြေအနေကောင်းစေတဲ့ ရလဒ်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။
http://yoyarlay.com/sport/football/34185-2013-02-13-22-12-29

Aye Chan Mon Re-post Date : 2013 Feb 13
News from: YoYarLay

အေးချမ်းမွန်

No comments:

Post a Comment