ကောင်မလေးရေ...
မင်း နဲ့  ငါဟာ
စွယ်တော်ရွက်လို
အချစ်မျိုးနဲ့ 
မခွဲမခွါ
အမြဲထာဝရ
ချစ်ချင်ခဲ့ပေမဲ့
ကံဇာတ်ဆရာရဲ့ 
လက်သရမ်းမှုကြောင့်
အခုတော့...
ဘန်နီဖြိုးလို
ဖုန်းလေးထဲမှာပဲ
အလွမ်းပြေ အနမ်းတွေ
ပေးနေရပြီပေါ့ကွယ် ...။
ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)
No comments:
Post a Comment