2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Tuesday, December 11, 2012

“ မိဘတို့ကို ပြုစုအပ်ကုန်၏”



အရှေ့အရပ်မည်သောမိဘ တို့ကို ပြုစုအပ်ကုန်၏။

၁။ မိဘတို့ကို ပြန်၍ မွေးမြူ စောင့်ရှောက်ခြင်း။
၂။ မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း၊
၃။ အစဉ်အဆက်မှ လာသော ကုသိုလ်ကို ပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေခြင်း၊
၎။ အမွေခံထိုက်အောင် မိဘတို့၏ မှန်သောအဆုံးအမကို ကျင့်ကြံ လိုက်နာခြင်း၊
၅။ ကွဲကွာ သေလွန်သော မိဘတို့၏ အလို့ငှါ အလှူပေး အမျှဝေခြင်း။

အရှေ့အရပ်မည်သော မိဘတို့သည် အကြောင်းငါးပါးတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။

၁။ မကောင်းမှုမှ တားမြစ်ကုန်၏။
၂။ ကောင်းမှု၌ သက်ဝင်စေကုန်၏။
၃။ အတတ်ကို သင်စေကုန်၏။
၎။ လျောက်ပတ်သော မယားနှင့် ထိမ်းမြားပေးကုန်၏။
၅။ လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းကုန်၏။

အရှေ့အရပ်မည်သော မိဘတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။

ဤသို့ လုပ်ကျွေးသည်ရှိသော်
ထိုအရှေ့အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

(သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။)


အေးချမ်းမွန်မှ Buddha In My Life တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment