2







ဇိုး ဆိုဒ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်
Free Apple TM ani Cursors at www.totallyfreecursors.com

1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi
Showing posts with label ဘောလုံးသတင်း. Show all posts
Showing posts with label ဘောလုံးသတင်း. Show all posts

Friday, October 25, 2013

အထူး ကွန်မန်ဒို သရဲနီတပ်သားများ


စတုတ်စီးတီးနှင့် (စနေနေ့)ကန်မဲ့ပွဲမှာ
အထူးကွန်မန်ဒို တပ်ဖွဲ့ လို တိုက်စစ်ဆင် ကစားသွားမဲ့
သရဲနီများ......

Thursday, October 24, 2013

ဖာဂူဆန်၏ ကျနော့်ဘ၀ အကြောင်း စာအုပ်ထုတ်ဝေမည်

                          

မန်ယူ နည်းပြဟောင်းကြီး ဖာဂူဆန်၏
(ကျနော့် ဘ၀အကြောင်း)အမည်ရ စာအုပ်ထုတ်ဝေမည်
ယင်းစာအုပ်တွင် ဖာဂူဆန်၏ဘောလုံးသမားဘ၀မှစပြီး
မန်ယူမှာနည်းပြခဲ့သော(၂၇)နှစ်အတွင်း အသင်းကိုထိန်းကျောင်းကိုင်တွယ်ခဲ့ပုံများကို
ရေးသားထားကြောင်းသိရှိရသည်.....။

Wednesday, October 23, 2013

သရဲနီချစ်သူ




 

ဒီနေ့ ည (1း15)မိနစ်မှာ ဇိုး တို့ မန်ယူနဲ့ ရီရဲဆိုစီဒက် အသင်းတို့ ဟာ
စတင်ကန်ပါတော့မယ်ခင်ညာ
သရဲနီတွေကို အားပေးတယ် ဆိုရင်Like


Saturday, May 25, 2013

အင်္ဂလန်မြေက ဂျာမန်အသင်းတွေ ရဲ့ဗိုလ်လုပွဲ


သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ လန်ဒန်မြို့ကို မရောက်ခင် ကတည်းက ဟိုတယ် တစ်ခုမှာ ချန်ပီယံလိဂ် ပွဲပြီး အောင်ပွဲခံ ပါတီအတွက် ကြိုပြီး Bookingလုပ်ထားတယ် ဆိုတာပါ။ လူ(၁၈၀၀)စာ ပါဝင်နိုင်မယ့် ပါတီ အခမ်းအနားအတွက် ဘိုင်ယန်က ကြိုပြင်ထားတယ် ဆိုတဲ့ သတင်းဟာ နည်းနည်း ဘောင်ကျော်သလို ဖြစ်နေပေမယ့် တစ်ဖက်မှာလည်း ဒီဆုဖလားကို သူတို့ သေချာပေါက် အရယူဖို့ သံဓိဋ္ဌာန် ချထားပြီးပြီဆိုတဲ့ ဘိုင်ယန်ရဲ့ စိတ်ပိုင်းဖြတ်မှုကို ပေါ်လွင်စေပါတယ်။ ဟုတ်ပါတယ်။ ဘိုင်ယန်ဟာ ဝင်ဘလေက ဗိုလ်လုပွဲမှာ အောင်ပွဲနဲ့ အနီးစပ်ဆုံး ရှိနေသူတွေပါ။ ဒါပေမဲ့ ပြိုင်ဘက်ဟာ သူတို့အကြောကို ကောင်းကောင်း နပ်နေတဲ့ ဘိုရပ်ရှားဒေါ့တ်မန် ဖြစ်နေတယ်ဆိုတာ မမေ့ပါနဲ့။


ဘိုင်ယန်ရဲ့ ဒုတိယ ရာသီဝက် ဖြတ်သန်းပုံတွေက အံ့ဩစရာပါ။ ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို စောစောစီးစီး ရထားနှင့်သလို ပြိုင်ဘက်တိုင်းကလည်း သူတို့ကို ဂိုးသွင်းဖို့ဆိုတာ နတ်ဆိုးကျိန်စာ တစ်ခုကို ဖြေဖျောက်ရတာမျိုး ဖြစ်သလို ခက်ခဲကြမ်းတမ်းခဲ့တယ်။ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ ပေါ့လျော့မှုတွေကြောင့် အာဆင်နယ်ကို အရှုံးပေးခဲ့ရတဲ့ တစ်ပွဲ ရှိပေမယ့် ကျန်တဲ့ ပွဲစဉ်အားလုံး မျက်လုံးပြူးလောက်စရာ စွမ်းရည်တွေ ပြသခဲ့တယ်။ အထူးသဖြင့် ဘောလုံးဘုရင်လို့ နာမည်ကြီး ညွှန်းဆိုခံနေရတဲ့ ဘာစီလိုနာကို နှစ်ကျော့ပေါင်း (၇)ဂိုးသွင်းပြီး ပေးဂိုးမဲ့ ဖြတ်သန်းပြလိုက်ချိန်မှာ ချန်ပီယံလိဂ် ဆုဖလားကို ဘိုင်ယန်လက်ထဲ ထည့်လိုက်သင့်ပြီလို့ ယူဆသူတွေ မနည်းမနော ထွက်ပေါ်လာတာ ဓမ္မဓိဋ္ဌာန် ကျပါတယ်။
ဒေါ့တ်မန်ကတော့ ချန်ပီယံလိဂ်ရဲ့ ဒီရာသီ အံ့ဩစရာ အကောင်းဆုံး အသင်းအနေနဲ့ တောက်ပလာသူတွေပါ။ ပြီးခဲ့တဲ့ရာသီက ဂျာမန် ပြည်တွင်း ဖလား(၂)လုံးစလုံးကို စတေးခံပြီး ဥရောပဖြတ်သန်းမှုအတွက် ပုံအောခဲ့တဲ့နောက် ဒေါ့တ်မန်ရဲ့ ခမ်းနားခြင်း မိုးကောင်းကင်ဟာ ကြည်လင်လာခဲ့ပါပြီ။ ဒါပေမဲ့ ဥရောပ ချန်ပီယံဆုအတွက် ဗိုလ်ဝင်ခံဖို့ ဆိုတာကတော့ ဘိုင်ယန်ဆိုတဲ့ တိမ်ညိုခဲကြီးကို ရှင်းထုတ်နိုင်ဖို့ လိုအပ်ပါသေးတယ်။ ဒေါ့တ်မန်ဟာ ဘိုင်ယန်ကို အသာစီးယူဖို့ မလွယ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖောင်ဖျက်ကစားမယ့် စိတ်ဓာတ်ကတော့ ခွန်အားတစ်ရပ်အဖြစ် ရှိနေမှာပါ။

တိုက်စစ်သမား မာရီယို ဂေါ့ဇီကို ဆုံးရှုံးခဲ့တာကတော့ ဒေါ့တ်မန်အတွက် ဆုံးရှုံးမှု တစ်ခုပါ။ သူ့နေရာကို ဖာထေး ဖြည့်ဆည်းဖို့ နည်းပြ ယာဂင်ကလော့ပ် အကောင်းဆုံး လုပ်ဆောင်နိုင်မှာ သေချာပေမယ့် (၁၀၀)ရာခိုင်နှုန်း ကာမိဖို့တော့ မရှိပါဘူး။ ဒီကြားထဲ နောက်ခံလူ မတ်ဟမ်မဲလ်ရဲ့ ကြံ့ခိုင်မှု အခြေအနေကလည်း မရေမရာ ဖြစ်နေပြန်တယ်။ ဘိုင်ယန်မှာတော့ အဓိက ကစားသမား အများစုက ဒဏ်ရပြဿနာ ကင်းဝေးနေတာ တွေ့နိုင်ပါတယ်။ ကစားသမား စုဖွဲ့မှုအရ အားနည်းရတဲ့ကြားထဲ ဒေါ့တ်မန်အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခုပဲ ဆိုပါတော့။

ဘိုင်ယန်ဟာ မြန်နှုန်းကို အားပြုတဲ့ တောင်ပံလူတွေရဲ့ ရွေ့လျားမှုရယ်၊ ကွင်းလယ်က တိုက်စစ်ထိ လိုက်ပါလာတဲ့ ကစားသမားတွေရဲ့ ထိုးဖောက်မှုရယ်ကို အားပြုပြီး ပြိုင်ဘက်ကို ကျုံးသွင်း လုပ်ကြံလေ့ ရှိပါတယ်။ ဒေါ့တ်မန်ကတော့ ကစားသမား တစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှုကို အခြေပြုပြီး သိုင်းဝိုင်းချိတ်ဆက် ကစားပုံနဲ့ ထိုးဖောက်တတ်တဲ့ အသင်းပါ။ ဘိုင်ယန်မှာ တိုက်စစ်မှူးကောင်းတွေ ရှိပေမယ့် ဒေါ့တ်မန်ရဲ့ ရောဘတ် လီဝင်ဒေါစကီးကတော့ အခွင့်အရေး တစ်ခုချင်းစီကနေ အပြောင်းအလဲကို ဖန်တီးနိုင်တဲ့ ကြောက်စရာ ကစားသမားပါ။ ဒါပေမဲ့ ဂေါ့ဇီ မပါဝင်နိုင်ချိန်မှာ မာကိုရူးစ်ကို ဂျာမန် ကွင်းလယ်က ဟာဗီးယား မာတီနက်ဇ် Markingပိတ်လိုက်ရင် ဒေါ့တ်မန်အတွက် တော်တော်လေး ခက်ခဲသွားပါလိမ့်မယ်။
ဂျာမန်ကလပ် နှစ်ခုရဲ့ ဗိုလ်လုပွဲဟာ စည်းကမ်းပိုင်းရော၊ နည်းစနစ်ပိုင်းပါ အကောင်းဆုံး ရပ်တည်နေတဲ့ ပြိုင်ဘက်နှစ်သင်းရဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။ လက်ရှိ ဘိုင်ယန်ရဲ့ ခြေစွမ်းဟာ ခေတ်သစ်တစ်ခုကို တည်ထောင် စတင်ဖို့ အသင့်အနေအထားထိ တည်ငြိမ် ကောင်းမွန်နေပေမယ့် ဒေါ့တ်မန်ကလည်း လျှော့တွက်လို့ မရပါဘူး။ အထူးသဖြင့် ဒေါ့တ်မန်လို အသင်းတစ်သင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ မကြာခဏ နီးစပ်နေဖို့ ရင်းမြစ်ပိုင်း အားနည်းတာကြောင့် တစ်ကြိမ်ရလာတဲ့ အခွင့်အရေးအတွက် အသည်းအသန် ရုန်းကန်မယ့် အခြေအနေ ရှိနေပါတယ်။ နှစ်သင်းစလုံးက အကောင်းဆုံး တိုက်စစ်မှူးတွေ ရှိနေပါတယ်။ ဒါပေမဲ့ ခုပွဲကတော့ ဂိုးနည်းမယ်လို့ ယူဆရမယ် ထင်ပါတယ်။

ဘိုင်ယန်နိုင်ဖို့ များနေတယ်လို့ ခံစားမိပေမယ့် ဒေါ့တ်မန်ကိုလည်း သံယောဇဉ် မပြတ်နိုင်ပါဘူး။ သေချာတာကတော့ ဘယ်သူပဲနိုင်နိုင်ပါ၊ သူတို့ရဲ့ ဗိုလ်လုပွဲထိ ဖြတ်သန်းမှု လမ်းကြောင်းတွေအရ ထိုက်တန်တဲ့ ချန်ပီယံတွေအဖြစ် လက်ခုပ်တီး ဂုဏ်ပြုဖို့ ခေါင်းခါမနေသင့်တဲ့ အသင်းတွေပဲ ဖြစ်နေတယ် မဟုတ်လား။
Chat Conversation End

Wednesday, April 24, 2013

ဒေါ့ မွန် vs ရီရဲ

ဒီနေ့ ည (၁း၁၅)မိနစ်မှာ
ဒေါ့မွန် အသင်းနဲ့ ရီရဲ အသင်းတို့ 
စတင်ယှဉ်ပြိုင်ပါတော့မယ် ခင်ဗျာ..
ဇိုး ကတော့ စီရိုနယ်ဒိုပရိတ်သတ်ဆိုတော့
ရီရဲပဲနော်.....။

ချန်ပီယံ မန်ယူ ရဲ့အောင်ပွဲခံ ပုံရိပ်များ