2







ဇိုး ဆိုဒ်လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်
Free Apple TM ani Cursors at www.totallyfreecursors.com

1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Sunday, March 31, 2013

မွေးနေ့လုပ်သင့် မလုပ်သင့် ပြဿနာ။

မွေးနေ့လုပ်သင့် မလုပ်သင့် ပြဿနာ။

မေး။ ။ အရှင်ဘုရား…ဗမာလူမျိုးက မွေးနေ့ လုပ်လေ့ရှိတယ်လို့ ယခင်က မကြားဘူးပါဘုရား။ အခုချိန်မှာ လူဝတ်ကြောင်များသာမက ရဟန်းတချို့ပါ မွေးနေ့လုပ်တာ တွေ့ရပါတယ်ဘုရား။ မွေးနေ့လုပ်တာဟာ ဗုဒ္ဓတရားတော်နဲ့ ညီ မညီ သိလိုပါတယ်ဘုရား။

ဖြေ။ ။မွေးနေ့ပွဲကိုယခင်က အခြားလူမျိုးများမှာ အများအားဖြင့် တွေ့ရပါတယ်။ အခုတော့ ဗမာတို့ရဲ့ နယ်ပယ်ထဲကို အတော်ပြန့်နှံ့နေပါပြီ။ ရဟန်းတော်တွေရဲ့ နယ်ပယ်ထိ ဝင်ရောက် ပြန့်နှံ့နေပါပြီ။ မွေးနေ့ပွဲဟာ ပြည်တွင်းရော ပြည်ပပါ လုပ်လေ့ရှိတာကို တွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဘုရားရှင်လက်ထက်က ဖြစ်ရပ်လေးတစ်ခုကို ပြောပြပါ့မယ်။

ဘုရားရှင်လက်ထက်က အနာထပိဏ် သူဋ္ဌေးကြီးမှာ မြေးမလေးတစ်ယောက် ရှိတယ်။ တစ်နေ့ မြေးမလေးက သူ့ရဲ့ အိုးပုတ် အရုပ်ကလေး ကျိုးပဲ့သွားလို့ ဝမ်းနည်းပူဆွေးပြီး ငိုယိုနေပါတယ်။ ဒီအခါ အဖိုးဖြစ်သူ အနာထပိဏ်သူဋ္ဌေးက မြေးမလေးကို " မြေးလေးရေ...ကျိုးသွားတဲ့ အိုးပုတ်ရုပ်လေးအတွက် ရည်စူးလို့ ဘုရားရှင်ကို ပင့်ပြီး အဖိုး အလှူလုပ်ပေးမယ်လေ" လို့ ပြောပြီး နှစ်သိမ့်ရှာပါတယ်။

အရုပ်ကလေးကြောင့် သောကဖြစ်နေရရှာတဲ့ မြေးမလေး စိတ်ချမ်းသာအောင် ဘုရားအမှူးရှိတဲ့ သံဃာတော်များကို အိမ်သို့ပင့်ပြီး ဆွမ်းကပ်လှူပါတယ်။

ဒီဖြစ်ရပ်မှာ မြေးမလေး စိတ်ချမ်းသာအောင် ကုသိုလ်လဲ ရစေဖို့ ရည်ရွယ်ချက်နဲ့ အဝိဉာဏက ဖြစ်တဲ့ သက်မဲ့ အိုးပုတ်ရုပ်လေးအတွက်ဆိုကာ မဟုတ်မှန်းသိသော်လည်း ကုသိုလ်ကောင်းမှု လုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ကုသိုလ်ပြုလုပ်ကြတဲ့ အခါမှာ အကြောင်းပြုတာတွေ တစ်ခုနဲ့တစ်ခု မတူပါဘူး။ ဟုတ်တာလဲရှိမယ် မဟုတ်တာလဲ ရှိမယ်။

ဘုရားရှင်ရဲ့ ညီတော် နန္ဒမင်းသားဟာ နတ်သမီးလိုချင်လို့ တရားအားထုတ်ခဲ့တဲ့ ဖြစ်ရပ်လဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကုသိုလ်ရဖို့ အဓိက ဖြစ်တယ် ဆိုတာပါပဲ။

မြန်မာပြည်က မွေးနေ့လုပ်ကြတာဟာလဲ ကုသိုလ်ရရေးကို ရှေးရှုပြီး ပြုလုပ်တဲ့ ရဟန်းရှင် လူများလဲ ရှိကြပါတယ်။ ဒါဆိုရင် ဗုဒ္ဓတရားနဲ့ ကိုက်ညီပါတယ်။

အနောက်တိုင်းကို အားကျပြီး အတုခိုးကာ ပျော်ပွဲရွှင်ပွဲနဲ့အတူ (တချို့ဆို အရက်တောင်ပါသေး) အကုသိုလ် အလုံးအရင်းနဲ့ မွေးနေ့လုပ်ကြတဲ့ မြန်မာလူမျိုးများလဲ ရှိကြပါတယ်။ ဒါဆိုရင် ဗုဒ္ဓတရားတော်နဲ့ မညီဘူးလို့ပဲ ပြောရမယ်။

ဒါကြောင့် လူပဲဖြစ်စေ၊ ရဟန်းပဲဖြစ်စေ ကုသိုလ်ရေးကို ရှေးရှုပြီး ပြုလုပ်တဲ့ မွေးနေ့ဆိုရင်တော့ ပြူလုပ်ကောင်းပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ (မြိတ်) ၏
အွန်လိုင်းပေါ်မှ အမေးအဖြေများ (၂)
စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်။

ဓမ္မ မိတ်ဆွေများ မိမိပြုလုပ်သော ကံများကို သတိတရားဖြင့် ပြုလုပ် ဆောင်ရွက်နိုင်ကြပါစေ။
Re-Post By ACM 30-3-2013

No comments:

Post a Comment