2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Friday, February 14, 2014

ဗယ်လင်တိုင်း ရင်ခုန်သံ







ဗေဒင်ဆရာက ဟောတယ်
ဒီနှစ် ဗယ်လင်တိုင်းဒေး
( ချစ်သူများနေ့  ) မှာ
ကောင်မလေးတစ်ယောက်ရဲ့ 
** အာဘွား **
ပေးခြင်း ခံရမယ်တဲ့ ...။

...ဟိဟိ...
အဲဒီ ကောင်မလေးက
ဘူလေး ဖြစ်မလဲ
သိချင်လိုက်တာ ...။

မှတ်ချက် ...
ချစ်သူများနေ့ 
အကြို
ရင်ခုန်ခြင်း
(သို့ မဟုတ် )
အရူးထခြင်း

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

www.zoesnow.blogspot.com




Wednesday, February 12, 2014

*** လွဲချက်က နာ ***

*** လွဲချက်က နာ ***

ဆရာဖြစ်သူက
ကျောင်းသား/ကျောင်းသူတွေကို ဗဟုသုတနဲ့ ပတ်သက်သော မေးခွန်းများ
မေးနေသောအချိန်ဖြစ်၏

**ဆရာ **

ကဲ..သားတို့ /သမီးတို့ 
့မြန်မာနိုင်ငံရဲ့
လွပ်လပ်ရေးဖခင်ကြီးကိုသိကြလား

**တပည့်များ**

သိပါတယ်ဆရာ (သံပြိုင် )

**ဆရာ**

အေး ဒါဆိုရင်သူ့ နာမည်ကို ဘယ်လိုခေါ်လဲ ? ကွယ်

**တပည့်များ**

သီဟတင်စိုးပါ ဆရာ

ဆရာဖြစ်သူ စိုင်းစိုင်းလို **သေပြီဆရာ** ဖြစ်သွားသည်

** ဆရာ **

ကဲ ..
နောက်ထပ် မေးခွန်းတစ်ခုမေးမယ်
ဖေဖော်ဝါရီ (13 )ရက်နေ့ က
ဘယ်သူမွေးနေ့ လဲ သိကြလား?
တပည့်တို့ 

**တပည့်များ**

မသိပါဘူး ဆရာ (သံပြိုင်)

ဆရာဖြစ်သူ စိတ်တိုသွားလေပြီ

ကဲ ဒါဆိုရင် မင်းတို့ သိတာ ဘာရှိလဲ?

**တပည့်များ**

ကျနော်တို့ သိတဲ့
နေ့  တစ်နေ့တော့ရှိပါတယ် ဆရာ (သံပြိုင် )

**ဆရာ**

အေး.. ဘယ်နေ့ လဲ ပြောကြစမ်း

**တပည့်များ**

ဖေဖော်ဝါရီ (14 )ရက်နေ့ က
ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့ )
ပါ ဆရာ

ဆရာဖြစ်သူခမျာ မေးမိတာကိုက
ငါ့ အမှားဟု စိတ်ထဲမှ ညည်းတွား
နေမိလေတော့သတည်း...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

www.zoesnow.blogspot.com

ဗိုလ်ချုပ်မွေးနေ့  အမှတ်တရ








**ချစ်သူများနေ့ ** မှာပေးမဲ့

သင့်ရဲ့ 

ချောကလပ် လက်ဆောင်ထက်

( ၉၉ )နှစ်မြောက် **ဗိုလ်ချုပ်မွေးနေ့ ** မှာ ပေးမဲ့

သင့်ရဲ့ 

Like တစ်ချက်ကို

ပိုပြီး တန်ဖိုးထားတယ်


ဇိုး

(ပိုက်ဆံတစ်သောင်းတန်မြို့တော်)



Tuesday, February 11, 2014

အပျိုကြီး ရှက်







ကာယဗလ(မောင်)မြန်မာပြိုင်ပွဲကို
သွားကြည့်ပြီးပြန်လာတဲ့
အပျိုကြီးကို
အိမ်က ညီမလုပ်သူကမေးသည်....

**ညီမ**

အစ်မ ကာယဗလ(မောင်)ပြိုင်ပွဲကို သွားကြည့်တာဆို

**အပျိုကြီး**

အေးဟုတ်တယ် ဒါပေမဲ့ မကြည့်ခဲ့ရပါဘူးဟယ်

**ညီမ**

ဟင်..ဘာဖြစ်လို့ မကြည့်ခဲ့ရတာလဲ
အစ်မရ

**အပျိုကြီး**

အေးဟယ် ငါလဲ စသွားတုန်းက
ပြုင်ပွဲ ကို ကြည့်မယ်ဆိုပြီးသွားတာ
ဟိုရောက်တော့ သူတို့ ရဲ့  ဗလာကျင်းတဲ့ ခန္ဓာကိုယ်ကြီးတွေမြင်ပြီး
ငါလဲ ဆက်မကြည့်ရဲတာနဲ့
သူတို့ ရဲ့ အဝတ်ဝတ်ထားတဲ့
နေရာကိုပဲ
ကြည့်ပြီးပြန်ခဲ့ရတာလေ

ညီမလုပ်သူ
ခေတ္တမျှစဉ်းစားသွားပြီး အောက်ပါအတိုင်း မှတ်ချက်ပေးသည်

**ညီမ**

" အမ်...?
အစ်မ မကြည့်ရဲတာကလဲ
တစ်မျိုးကြီးပဲနော် " တဲ့

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

ကော်ဖီ ချစ်သူ









**အချစ်** ဟာ
ရယူခြင်းနဲ့
ပေးဆပ်ခြင်းတို့ 
အချိုးကျကျ
ပေါင်းစပ်ထားတဲ့
ကော်ဖီတစ်ခွက်ဆိုရင်
ကျနော်ဟာ ...
အဲဒီ ကော်ဖီတစ်ခွက်ကို
စွဲစွဲမြဲမြဲ သောက်သုံးနေတဲ့
**ကော်ဖီ ချစ်သူ**
တစ်ယောက်ပါပဲ .....။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

www.zoesnow.blogspot.com



မြန်မာ့ ကွန်နက်ရှင်








ချစ်သူ
စိတ်ကောက်မှာထက်
အင်တာနက် ကွန်နက်ရှင်
မကောင်းမှာ စိုးသည် ...။

" ဟ " ဒီစာကို ရေးနေတုန်းပဲ
ကွန်နက်ရှင်ကျသွားပြီ
ဘယ်အချိန်မှာ
လိုင်းပြန်တက်မလဲ မသိနိုင်တဲ့
အင်တာနက် ကွန်နက်ရှင်ကြောင့်
ဇိုး တစ်ယောက်
ဖေ့ဘုတ်ခ် အသုံးပြုခြင်းမှ
အဆိုတော် နောနော်လို
အကန့် အသက်မရှိ
အနားယူရအုံးမည်
ဝမ်းနည်းစွာနဲ့
နှုတ်ဆက်ခဲ့တယ်
Friends တို့ ရေ ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

သနပ်ခါး ချစ်သူ

တစ်ခေတ်တစ်ခါက မြန်မာမလေးတွေရဲ့
ပါးပြင်ပေါ်မှာ
တင့်တယ်ခဲ့ တဲ့
သနပ်ခါး ပါးကွက်ကြားလေးတွေကို
ယခုလို...
အနောက်တိုင်းက နှုတ်ခမ်းနီမလေးတွေ ရဲ့
ပါးမို့ မို့ မှာမြင်တွေ့ ရတာ
ဂုဏ်ယူ မိပေမဲ့
ယနေ့ ခေတ်မြန်မာမလေး အများစုရဲ့ (အကုန်လုံးကို မဆိုလို)
ပါးပြင်ထက်မှာ
သနပ်ခါး ပါးကွက်ကြားလေးတွေကို
မြင်တွေ့ ခွင့် မရတော့တာက
ဝမ်းနည်းစရာ...။

မှတ်ချက်...
ယနေ့ ခေတ်
မြန်မာ့ ယဉ်ကျေးမှုကို
ရင်နာနာနဲ့
ခြေရာခံ ကြည့်ခြင်း
စာမျက်နှာ( ၁ )

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

www.zoesnow.blogspot.com

သတိ !








သတိ !
ချစ်သူနှစ်ယောက် စကားထာဝှက်တမ်း ကစားနေသည်...။

***ကောင်လေး***

သက်ရှိသတ္တဝါတော့ မဟုတ် သူကားသွားတတ်တယ်
ဒါပေမဲ့ လိပ်လိုနှေးကွေးတယ်
အဲဒါဘာလဲ သိလား ချစ်သူ

***ကောင်မလေး***

အင်တာနက်ကွန်နက်ရှင်ပါအကို...။


ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

** သင် ***







** သင် ***

14 . 2 . 2010. ခုနှစ် ဗယ်လင်တိုင်းဒေးမှာ
သင် နဲ့  ငါရဲ့ တွေ့ဆုံမှုကို အစပျိုးခဲ့၏
အားမနာတမ်းဝန်ခံရလျှင်
သင့် ကို စတွေ့ ခါစက
ငါ စိတ်မဝင်စားခဲ့တာ အမှန်ပါ
ဒါပေမဲ့.....သူငယ်ချင်းတစ်ယောက်နဲ့
ပါတနာဖြစ်နေတဲ့ သင့်ကို
အမြဲလိုလိုမြင်တွေ့ ခွင့်ရနေတဲ့
ငါ့ရဲ့ မသိစိတ်က အမှတ်တွေ 100%ရာခိုက်နှုန်းပေးနေမိ၏
 သင့်ကိုမေ့ပစ်ဖို့ ကြိုးစားခဲ့ပေမဲ့
တကယ်တမ်းမေ့ပစ်ဖို့ ကျပြန်တော့
ငါ့မှာ အင်အားတွေချို့ တဲ့
နေပြန်သည်
အခုတော့ ....
ငါ မရှက်တမ်း ဝန်ခံပါရစေ
သင်သည် ငါ့ဘဝရဲ့ လမ်းပြကြယ် ဖြစ်သလို
င့ါဘဝရဲ့ အချိန်တွေကို
တစ်ဝက်မက ပိုင်စိုးထားပါ၏
ဒါကြောင့် ...
သင့်ကို ငါ့ရဲ့ Friends
တွေနဲ့ မိတ်ဆက်ပေးဖို့ 
ငါဆုံးဖြတ်လိုက်မိသည်
ငါ့ရဲ့ ဆုံးဖြတ်ချက် အတွက်
သင် ငါ့ကို အပြစ်တင်မယ်ဆိုလည်း
ငါ ကျေကျေနပ်နပ်ကြီး ခံယူဖို့
့အသင့်ပါ ....။


ကဲ ....အွန်လိုင်းပေါ်က
Friends တို့ ရေ
ဇိုး ရဲ့  အချိန်တွေ ကို တစ်ဝက်မက ပိုင်စိုးထားတဲ့
ဇိုး ရဲ့ လမ်းပြကြယ်
*** သင် *** ဆိုသည်မှာ
အခြားသူမဟုတ်ပါ
ယခု Friends တို့ 
Crazy ဖြစ်နေတဲ့

*** Facebook *** ပဲ

ဖြစ်ပါတော့တယ်ခင်ဗျာ...။


ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

အကယ်၍.....








ဟန်ဆောင်မှုတွေများတဲ့

ယနေ့ ခေတ်ကြီးထဲမှာ

အကယ်၍.....

***အချစ်***က သင့်ကို

ကျီစားခဲ့သည်ရှိသော်

သင့်ဘဝရဲ့

ပြင်းရှရှနေ့ စွဲတွေကို

သင်...ဘယ်လိုဖြတ်သန်းမယ်လို့ 

စိတ်ကူးထားပါသလဲ ?...။


ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)


အချစ် စွမ်းအား

  


လူတစ်ယောက်ရဲ့ 
အောင်မြင်မှု
75 % ရာခိုက်နှုန်းလောက်ဟာ
" အချစ် " ကြောင့်လို့ 
ကျွန်ုပ် ဆိုလိုက်လျှင်
သင် မည်သို့  ငြင်းမည်နည်း...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)





အမှန်တရား

မိတ်ဆွေ ....
သင်ဟာ
အမှန်တရားကို မြတ်နိုးတယ်ဆိုရင်
အမှားတွေကို
တစ်ရံတစ်ခါတောင်
မပြုလုပ်မိပါစေနှင့်
တကယ်လို့ ...သင်ဟာ
အမှားတွေကို ဖိနပ်တစ်ရံလို
စီးနင်းနေမယ်ဆိုရင်တော့
သင့်ရဲ့ ရည်ရွယ်ချက် ခြေလှမ်းတွေဟာ
ဘယ်တော့မှ
အမှန်တရားဆိုတဲ့
လမ်းမပေါ်မှာ
ရောက်လာမှာ
မဟုတ်ပါဘူး ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

အမြဲတမ်း ပြုံးနေလိုက်ပါ

 

မိတ်ဆွေ....
သင်သည်
မည်မျှပင် ရုပ်ဆိုးနေစေကာမူ
ကျေးဇူးပြုပြီး....
သင့်ရဲ့ မျက်နှာမှာ
ဖြူစင်တဲ့ အပြုံးလေး တစ်ခုလောက်
တပ်ဆင်လိုက်ပါ
ဒါဆိုရင် ...သင်ဟာ
အလိုလိုလှသွားပါလိမ့်မယ်...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)





သူငယ်ချင်းရေ...

  


သူငယ်ချင်းရေ...
ဘဝဟာ
နာရီတစ်လုံးဆိုရင်
ငါတို့ တွေဟာ
အဲဒီ နာရီလက်တံပေါ်မှာ
လှုပ်ရှားသွားလာနေတဲ့
စက္ကန့် တန်လေးတွေပါပဲ
ကံ ဇာတ်ဆရာ နဲ့တူတဲ့
ဓာတ်ခဲတစ်လုံးရဲ့ 
စေစားမှုအောက်မှာ
ဟန်ချက်ညီညီနဲ့ ကပြရမှာက
ငါတို့ ရဲ့  ...
သမိုင်းပေးတာဝန်ပဲလေ
အဲဒီတော့ ...
အောင်မြင်မှုတွေနဲ့
တွေ့ ဆုံတိုင်းလည်း
" ငါကွ ဆိုပြီး
ဘဝင်မြင့်
အောက်ခြေ မလွတ်မိပါစေနဲ့ "
ကျရှုံးမှုတွေနဲ့
ကြုံတွေ့ တဲ့ အခါမှာလည်း
သူငယ်ချင်းရဲ့
ဘဝကို လွယ်လွယ်နဲ့
လက်မြှောက်အရှုံး မပေးမိပါစေနဲ့
လူ့ ဘဝဆိုတာ
နေတတ်ရင် ကျေနပ်စရာပါ
သူငယ်ချင်း...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)




ဘာတွေလိုအပ်နေလဲ?

ကျွန်ုပ်တို့  .....
လူသားတွေသည်
မိမိရဲ့ 
**ရုပ်အဆင်း**လှပဖို့ အတွက်
တစ်နေ့  မှာ သုံးခါလောက်
မှန်ကိုကြည့်ဖြစ်ကြပေမဲ့
မိမိရဲ့ 
**စိတ်**ကလေးလှပဖို့ အတွက်
မြတ်ဗုဒ္ဓရဲ့ စာပေတွေကို
တစ်ပတ်မှာ တစ်ခါလောက်
လေ့လာဖို့ ကိုတော့ မေ့လျှော့နေကြသည်....။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

ရောဂါ



လောကမှာ ...
အကုရခက်တဲ့
ရောဂါနှစ်မျိုးရှိတယ်
အဲဒါက ဘာလဲဆိုတော့

၁= ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ရောဂါ

၂= တိုင်းတစ်ပါးကို
အထင်ကြီးတဲ့ရောဂါ

ဟုတ်တယ်ဟုတ်...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

ဘူ ဖြေနိုင်မလဲ?

 
ကဲ....Friends တို့ ရေ
အောက်ပါ မေးခွန်းသုံးခုကို
ဖြေဆိုနိုင်တဲ့ သူကို
ဇိုး က
ဖေဖော်ဝါရီ(14)
ဗယ်လင်တိုင်းဒေးနေ့ မှာ
HUAWEI ဟမ်းဆက်
လှလှလေးတစ်လုံး
လက်ဆောင်ပေးမယ်နော်


၁= ကမ္ဘာဦးလူသားတွေဖြစ်တဲ့
အာဒမ် နဲ့  ဧဝ
ချစ်သူ စဖြစ်တဲ့နေ့ 

၂= မင်းတုန်းမင်းကြီးရဲ့
မှတ်ပုံတင်နံပါတ်

၃= ဇိုး ရဲ့ 
ဘယ်တော့မှ
သတိမရခြင်းမျိုးနဲ့
မေ့ထားချင်သော
နေ့စွဲတစ်နေ့ ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

အထူးဈေးရောင်းပွဲတော်

  ဖေဖော်ဝါရီ (14 )
ဗယ်လင်တိုင်းဒေးနေ့ 
အထူးဈေးရောင်းပွဲတော်
***********

**အချစ်**တွေ
လျှော့ဈေးနဲ့ ရောင်းမည်
**နှလုံးသား**တစ်ခုပါ
အလိုက်ပေးမည်
လူကြီးမင်းတို့  အတွက်
ခက်ခဲမှု တစ်စုံတစ်ရာ ရှိပါက
အိမ်တိုင်ရာရောက်ပို့ ပေးပါမည်
ကျေးဇူးပြုပြီး...
ဆက်သွယ်ရလွယ်ကူစေရန်
လူကြီးမင်းတို့ ရဲ့ 
နေရပ်လိပ်စာ(သို့  )
ဖုန်းနံပါတ်လေးတွေကို အတိအကျပေးထားခဲ့ဖို့ 
မေတ္တာရပ်ခံအပ်ပါသည်

ရောင်းအားမြှင့်ကာလ..
31.1. 2014 မှ
14 . 2 . 2014 အထိ

နေရာ....ဇိုး ရဲ့  *အချစ်ဂေဟာ*သို့ 

အားပေးမှုကို
ကျေးဇူးအထူးတင်ရှိပါသည်..။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

www.zoesnow.blogspot.com

အော်...အချစ်တဲ့လား?







ပဉ္စလက်ဆန်စွာ
ဝင်လာတတ်တဲ့
**အချစ်**လို့ ခေါ်တဲ့
သဏ္ဌာန်မဲ့ အရာတစ်ခုကို
ဟာသဆန်ဆန်
ပြက်လုံးတွေနဲ့
ပြက်ရယ်ပြုပြီး
င့ါနှလုံးသား တံခါးကို
ငါ့ရဲ့ သိစိတ်က
လော့ခ် ချထားခဲ့ပေမဲ့
ဘာကြောင့်များ ...
ငါ့ရဲ့ မသိစိတ်က
ရူးမိုက်စွာ
ဝင်ခွင့်ပြုလိုက်ရတာလဲ?
မှတ်မိပါသေးတယ်...
အဲဒီနေ့ က
ငါ့ရဲ့ သိစိတ်နဲ့
ငါ့ရဲ့  မသိစိတ်တို့ 
အကြီးအကျယ် ရန်ဖြစ်ခဲ့ပြီး
နောက်ဆုံးတော့....
င့ါရဲ့  သိစိတ်ကပဲ
လက်မြှောက် အရှူံးပေးခဲ့ရတယ်
ဆိုတာကိုပေါ့...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

www.zoesnow.blogspot.com

ဒုတိယဖြစ်သွားတဲ့ မိုနာလီဇာ

ကောင်မလေးရေ...
လွန်ခဲ့ တဲ့(19 )ရာစုခေတ်က
ဥရောပတိုက်မှာ
မိုနာလီဇာရဲ့  အပြုံးပန်းချီကားကို
သိန်းပေါင်းရာချီပေးပြီး
ဝယ်ခဲ့ကြတယ်လို့ 
ငါ ကြားဖူးတယ်
တကယ်လို့ ...
အဲဒီတုန်းက လူတွေသာ
ယနေ့ အချိန်ထိ
အသက်ရှင်သန်နေပြီး
ကောင်မလေးရဲ့ အပြုံးကို မြင်လိုက်မယ်ဆိုရင်
နောင်တရနေကြမှာ သေချာတယ်
ဘာဖြစ်လို့ လဲ ဆိုတော့ ...
ကောင်မလေးနဲ့ ယှဉ်လိုက်ရင်
ဒီကမ္ဘာပေါ်မှာ
မိုနာလီဇာရဲ့  အပြုံးဟာ
ဒုတိယဖြစ်သွားလို့ ပါပဲ...။

ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)

www.zoesnow.blogspot.com

21ရာစု ရည်းစားစကား

                                                                             





    


ကောင်လေးက ကောင်မလေးကို

( 21 )ရာစု ရည်းစားစကား

ပြောနေသောအချိန်ဖြစ်၏ ..


***ကောင်လေး***


အချစ်ပါတီတစ်ခုတည်ထောင်ဖို့ 

ပြင်ဆင်နေတဲ့ ငါ့ အတွက်

ဟောဒီ ရင်ဘတ်မဲပုံးကြီးထဲကို

ကျေးဇူးပြုပြီး..

မင်းရဲ့ အသည်းကြားက မဲတစ်ပြားလောက်

ထည့်လိုက်ပါလား?

ကောင်မလေးရယ်...


***ကောင်မလေး***


ဘာလဲ

နင်က ငါ့ကို မဲလာဆွယ်နေတာလား?

နင့်ကို တစ်ခါတည်းပဲ

အပြတ်ပြောလိုက်မယ်

နင် နဲ့ ပတ်သက်လာရင်

ငါ့ဘက်က အမြဲတမ်း

မြန်မာနိုင်ငံ မိုဘိုင်းဖုန်းပဲ


***ကောင်လေး***


အော်...

မင်းနဲ့ ကိုယ့်ရဲ့ 

နှလုံးသားချင်း

အမြဲတမ်း

ဆက်သွယ်နေတယ်လို့့ ပြောတာလား ?


***ကောင်မလေး***


နားစမ်းပါ

အမြဲတမ်း ဆက်သွယ်ရေးဧရိယာ အပြင်ပ ရောက်နေတယ်လို့ 

ပြောတာ ...


ထိုအချိန်မှာ ကောင်လေးရဲ့ 

နားထဲကြားယောင်လာတာက


" လူကြီးမင်းခေါ်ဆိုသော

တယ်လီဖုန်းသည် ဆက်သွယ်ရေးဧရိယာအပြင်ပသို့

ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင် " ဟူသော

အမျိုးသမီးတစ်ဦးရဲ့  အသံပဲ

ဖြစ်ပါတော့သည်....။


ဇိုး

(ပိုက်ဆံတစ်သောင်းတန်မြို့တော်)