2







1


Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

http://api.ning.com/files/meKe3Qn5I3JTs7ox*tgCFGD32NL5pHjsDBTwIGhdXN1pdiGuZLUGoSCkOa4pPMvB1IJwN0QvJCykxzdeh3j3Y24xF6qWyll2/H1.swi

Wednesday, February 27, 2013

လူကုန်ကူးမှုရပ်


၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား လူကုန်ကူးမှု ကျူးလွန်ခဲ့သူနှစ်ဦးကို တောင်ပိုင်းခရိုင်တရားရုံးက

အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်

Tuesday, 26 February 2013


၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦးအား လူကုန်ကူးမှု ကျူးလွန်ခဲ့သူ

နှစ်ဦးကို တောင်ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်၉ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်နေ ဒေါ်...........မှ ၎င်းပေါင်နှံထားသည့် ထမီ ပြန်ရွေးရန် ကျပ် ၁၂ဝဝ ပေး၍ သမီးဖြစ်သူ မ....... (၁၅)နှစ်အား

စေလွှတ်လိုက်ရာ သမီးဖြစ်သူမှာ ထိုနေ့က နေအိမ်သို့ ပြန်လည်

ရောက်ရှိမလာကြောင်း သိရသည်။


ထို့နောက် ဇူလိုင် ၁ဝ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မောင်ဝမ်းကွဲ

တော်စပ်သူ ဇော်ထက်မှ သမီးဖြစ်သူကို လာပို့သဖြင့် မေးမြန်းရာ

ဇူလိုင် ၉ ရက် ညနေ ၄ နာရီခန့်က ကမာကဆစ် ရပ်ကွက်နေ ဒေါ်နန်းတင် ဆိုသူနှင့်တွေ့ပြီး အလုပ်ရမည်ဟု ခေါ်ဆောင်သွားကာ ရန်ကုန်ဘက် အရောက် အခကြေးငွေရယူပြီး အမည်မသိ အမျိုးသားတစ်ဦးနှင့်

ထည့်ပေး၍ ကားဖြင့် ခေါ်ဆောင်သွားကာ တည်းခိုခန်း၌ သားမယားအဖြစ် တစ်ကြိမ် ပြုမူဆက်ဆံခဲ့ကြောင်း ပြောပြသိရှိရသည်ဟု ဒလမြို့နယ် ရဲစခန်း၏ စစ်ဆေးချက်အရ သိရသည်။


ထိုသို့ သမီးဖြစ်သူကို ကာမသွေးဆောင်သူနှင့် ဖျက်ဆီးသူ ဒေါ်နန်းတင်နှင့် ခင်မောင်သိန်းတို့အား အရေးယူပေးရန် ဒေါ်.......မှ တိုင်ကြားသဖြင့် ဒလရဲစခန်းမှ (ပ) ၃၉၈/၂ဝ၁၁ ပြစ်မှုပုဒ်မ ၃၇၂ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။


အဆိုပါအမှုကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ကြိုတင် တရားစွဲဆိုခွင့်ပြုမှုရရှိခဲ့သဖြင့် ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်က

တောင်ပိုင်းခရိုင် တရားရုံး၌ တရားခံများအား ဒလရဲစခန်း၊ စွဲချက် အမှတ် ၄ဝ၅ (က)/၂ဝ၁၁ ဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ အရ တရားစွဲဆို တင်ပို့ခဲ့ကြောင်း သိရသည်။


စစ်ဆေးပြီးနောက် ၂ဝ၁၃ ခု နှစ် ဖေဖော်ဝါရီလအတွင်းက တရားခံ

နှစ်ဦးကို လူကုန်ကူမှု တားဆီးကာ နှိမ်နှင်းရေး ဥပဒေပုဒ်မ-၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။


အေးချမ်းမွန်မှ Eleven Media Group တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Sunday, February 24, 2013

ဂျူးဂျူးကေ

















ရွှေမှုံရတီ






ရွှေမှုံရတီ





ရွှေမှုံရတီပရိသတ်များအတွက်...အမှတ်တရ

သခင့်ကျေးကျွန် ဇတ်ကားမှ ရွှေမှုံရတီ ရဲ့ သရုပ်ဆောင်ဟန်လေးပါ

“ဆင်ပေါင်ဝဲက ဆွံ့အနားမကြားဒုက္ခိတမလေးကို မုဒိန်းကျင့်တာလဲကုလားပါပဲ

“ဆင်ပေါင်ဝဲက ဆွံ့အနားမကြားဒုက္ခိတမလေးကို မုဒိန်းကျင့်တာလဲကုလားပါပဲ
++++++++++++++++++++++++++++++++++++++++”
by Wira Thu on Sunday, February 24, 2013 at 11:31pm ·

ဆင်ပေါင်ဝဲမြို့နယ်၊ သာယာကုန်းရွာမှ မနှင်းမြိုင်ဆိုတဲ့ နားကြားပေမယ့် စကားမပြောတတ်တဲ့ ဆွံ့အသူမ တစ်ယောက်ရှိပါတယ်။ အသက်က(၃၀)ခန့်ပါ။ မုဆိုးမ ဒေါ်အေးရဲ့ သမီးပါ။

သာယာကုန်းရွာမှာ နွားသတ်ရုံ တစ်ရုံရှိပါတယ်။ ကုလား ၇/၈-ယောက်ခန့် လုပ်ကိုင်ပြီး ပိုင်ရှင်က ဦးဇော်လင်းပါ။ ဦးဇော်လင်းရဲ့ ညီအငယ်ဆုံးက အာရှပ်ပါ။ အာရှပ်တစ်ယောက်တည်း အိမ်ထောင်မကျ သေးတာပါ။ ကျန်ကုလားများ အားလုံးက အိမ်ထောင်သည်တွေ ဖြစ်ပါတယ်။ သာမယားတွေနဲ့ အတူနေကြပါတယ်။

၂၉-၂-၂၀၁၃-ရက်နေ့က ရွာအနောက်ဘက် ပြည်/မြင်းခြံ သံလမ်း အနောက်ဘက်ဘေးမှာ ဆွံ့အသူမ မနှင်းမြိုင်ကို အာရှပ်က မုဒိမ်းကျင့်ဖို့ ကြံနေတာကို ရွာသားတစ်ယောက်က တွေ့သွားလို့ ရွာသားတွေကို သွားခေါ်ခဲ့ပါတယ်။ ရွာသားတွေ ရောက်လာတော့ မုဒိမ်းကျင့်နေတုန်း ဖမ်းမိတာပါ။ ရွာသားတွေက ထိုးကြိတ်ပြီး အာရှပ်ကို အုပ်ချုပ်ရေးမှူး ကိုခင်ကြိုင်အိမ် ခေါ်သွားပါတယ်။

နွားသတ်ရုံပိုင်ရှင် ဦးဇော်လင်းက အမှုမလုပ်ပါနဲ့ တောင်းပန်ပါတယ်။ ကိုခင်ကြိုင်က ထူးခြားဖြစ်စဉ် အဖြစ် မြို့နယ်ကို တင်ရမှာ ရဲစခန်းကို တင်ရမှာလို့ ပြောပါတယ်။

၁၂-၂-၂၀၁၃-(ခန့်မှန်း)နေ့မှာ ကိုခင်ကြိုင်အိမ်မှာ မိခင်ကြီးဒေါ်အေးအား ငွေကျပ်ငါးသိန်း ပေးပြီး ကြေအေးလိုက်ကြောင်း၊ မနှင်းမြိုင်က လက်ကာပြပြီး ငြင်းဆန်ကြောင်း သိရပါတယ်။

မုဆိုးမကြီး ဒေါ်အေးနှင့် ဆွံ့အသူမ မနှင်းမြိုင်တို့ဟာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ပါတယ်။

ကိုခင်ကြိုင်ကို နွားသတ်ရုံပိုင်ရှင် ဦးဇော်လင်းက ဆိုင်ကယ်ဝယ်ပေးထားတာ အမှုမဖြစ်ခင်ကတည်းက ဖြစ်ကြောင်း စခန်းမှူးကိုလည်း ချဉ်းကပ်ထားကြောင်း သိရပါတယ်။

သာကေတ အမှုက ၃၀-၂-၂၀၁၃ ည(၈း၀၀)နာရီ

ဆင်ပေါင်ဝဲ အမှုက ၂၉-၂-၂၀၁၃ ည(၈း၃၀)နာရီ

ကျူးလွန်ခံရသူ နှစ်ယောက်လုံးက မြန်မာအမျိုးသမီး။

ကျူးလွန်သူက နှစ်ယောက်လုံးက မူဆလင်ကုလား။



စုံစမ်းရန်= 09-49150662

09-401585624
-----------------------------------------------------------------------
Wira Thu ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး

အချစ်ဆိုတာ....

ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့တိုင်ပင်တယ်ဗျာ။
အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ်ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။“အိုကွာ ဒါဆိုရင်
သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန်လုပ်မယ်ကွာ”၊ “ဟကောင်ရ
အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊ “ဟာဒါဆိုရင်တော့
ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊ “သြော်
မင်းကဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။ “ကျွန်တော်ချစ်တာကို
သူမသိနိုင်ရင်နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊
ကိုယ်ချစ်နေရရင်ပြီးတာပါပဲလေ”၊ “ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ
ဘာတွေနဲ့ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊ “ဟ မင်းဟာက အမှုတွေ
များလှချည်လား၊တော်ပြီကွာ မချစ်တော့ဘူး”၊ “ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့
အဲဒါမှထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်” တဲ့။
ဘယ်လိုလုပ်ရတော့မလဲဗျာ၊ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။

“သေလာဂီရိ မောရပဗ္ဗတ ကျောက်တော်တောင်စေတီ”

“သေလာဂီရိ မောရပဗ္ဗတ ကျောက်တော်တောင်စေတီ”
ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် နောက်ပါရဟန္တာငါးရာတို့သည် ရက္ခပူရတိုင်း ဓညဝတီ ရခိုင်ပြည်သို့ ကြွလာစဉ် သေလာဂီရိ မောရပဗ္ဗတ ကျောက်တော်တောင်ထိပ်တွင် ပထမဆုံးရပ်တန့်တော်မူခဲ့ပြီးနောက် ရခိုင်ပြည်၌ ကျင်လည်ခဲ့သော ဘဝဖြစ်စဉ်တွေကို မိန့်ကြားပြီး ဓါတ်တော်စေတီများတည်ရန် ဗျာဒိတ်တော်ပေးခဲ့ပါသည်၊ ဘုရားရှင်သည် ကျောက်တော်တောင်ပေါ်၌ ဘုရားလောင်းဘဝတွင် ပန်းပွတ်သမားဘဝဖြင့် ဖြစ်တည်ခဲ့ပြီး ပရိနိဗ္ဗာန်ယူသော် ကျောရိုးတော်ဓါတ်တော်ကို တည်ရန်မိန့်ကြားခဲ့ပါသည်၊ သေလာဂီရိတောင်ထိပ်တွင် ဖူးတွေ့ရသောစေတီကို “ကျောက်တော်စေတီ” ဟုခေါ်တွင်ပါသည်။

ဗုဒ္ဓ မိန့်မှာ ကိုယ်ချင်းစာ

မြန်မာအမျိုးသမီးများ ....သတိ...!


Facebook သုံးသောမြန်မာအမျိုးသမီးများကို
အသိပေးကြေငြာခြင်း
=================================
Hima Alkbtn ဆိုသော မွတ်စလင်ခွေးကုလားတစ်ကောင်သည် fbသုံးမြန်မာအမျိုးသမီးများကို add friend လုပ်စရာမလိုဘဲ ညစ်ညမ်းပုံများတင်ပြီး အထင်အမြင်လွဲမှားအောင် ဟပ်နေပါသဖြစ်
သတိရှိကြရန်နှိုးဆော်လိုက်ပါသည်။

င်္Facebook ပေါ်ရှိ မြန်မာ အမျိုးကောင်းသားများ မိမိတို့  မြန်မာ အမျိုးသမီးများအား ကာကွယ်ပါ ၊ စောင့်ရှောက်ပါ ။ သတိပေးကြပါ ။ အမျိုးဘာသာ သာသနာအတွက် အလုပ်လုပ်ကြပါ ။
ဒီသတင်းကို ရှယ်ပေးပါ ။ ဖြန့် ဝေပေးပါ ။
-----------------------------------------------------
Chit Thu Ko ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

မြန်မာ့မိန်းကလေးများ မြန်မာဆန်စွာနေစေချင်..........

မြန်မာ့မိန်းကလေးများ မြန်မာဆန်စွာနေစေချင်..........

ဝန်ခံအပ်ပါသည်
+++++++++++++-
ပြည်ပမှာ မည်သို့နေခဲ့၍
ကိုယ်ချွတ်ကသည့် ပွဲတွေ ကြည့်ခဲ့ဖူးသည့်တိုင် . . .
ပြည်ပမှာနေရင်းပင် မည်မျှ ပွေးခဲ့ဖူးပါသည် ပြောပြော
ယောင်္ကျား ပီသစွာ မိန်းမလှလေးများက
မပေါ့်တပေါ် ၀တ်ခြင်း ပြခြင်းကို ကြိုက်ပါသည် ဆိုဆို

ပြည်တွင်းက ကိုယ့် မြန်မာ မိန်းကလေးတွေက
စင်ပေါ်မှာ ဘီကီနီ နှင့် ပြီတီတီ လမ်းလျှောက်ကာ
သဂရိတ်တက်စ် သဟော့တက်စ် ဆိုသည့်
ယနေ့ ဖေ့ဘွတ်တွင် ပလူပျံနေသော
အတွင်းခံ ၀တ်ပြသည့် ပွဲမျိုးကိုတော့
လူမြင်ကွင်းမှာ ပွဲတက်၍ မကြည့်ဝံ့ကြောင်း
ဝန်ခံအပ်ပါသည် . . .

( ဦးဆု )Credit : Su Tin
-----------------------------------------
သတင်းလေးများဆုံဆည်းရာ ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

“ဦးဝီရသူအားဘာသာရေးလွတ်လပ်ခွင့် ဆုချီးမြှင့်ပွဲ”

“ဦးဝီရသူအားဘာသာရေးလွတ်လပ်ခွင့် ဆုချီးမြှင့်ပွဲ”

By Wira Thu

FREEDOM OFRELIGION.ဆု The NOX & Nan Amara Music Group. အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှ ချီးမြှင့်သည်။ 2010-ခုနှစ်ဧပြီလ(၁၈)ရက်နေ့က လန်ဒန်မြို့ သာသနရံသီကျောင်းမှာ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ပြီး ဆရာတော်ဦးဥတ္တရကဦးဝီရသူကိုယ်စား ဆုယူထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆုချီမြှင့်စဉ်တွင် ဦးဝီရသူသည် မန္တလေးမြို့၊ အိုးဘိုထောင်မှာ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။ ယခုအခါအင်္ဂလန်နိုင်ငံမှဆရာတော်ဦးဥတ္တရ (၂၅)နှစ်အတွင်းပထမဦးဆုံးအကြိမ် အမိမြေကိုပြန်ရောက် လာခြင်းကြောင့် ဆုပေးပွဲကျင်းပခြင်းဖြစ်သည်။ 24.2.2013-ညနေ(4း00)နာရီ မစိုးရိမ်တိုက်သစ်၌ ဆုပေးပွဲကျင်းပမည်ဖြစ်သည်။ ဆုတံဆိပ်နှင့်အတူဆုတော်ငွေကျပ်ငါးသိန်း ချီးမြှင့်မည်ဖြစ်သည်။

Wednesday, February 20, 2013

မြန်မာမော်ဒယ်တဲ့ဗျာ
















အပါယ်လေးပါးရောက်ကြောင်း အလှူဒါန(၁၀) ပါး"

အပါယ်လေးပါးရောက်ကြောင်း အလှူဒါန(၁၀) ပါး"
•••••••••••••••••••••••••••••••••••••••••••••

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန - မိန်းမအလှူ။

၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ၀ိသဒါန - အဆိပ်အလှူ။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။

၁၀။တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။
တို့ ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော
အလှူကိုမပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့ မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ 
သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြုကျွေး မွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။

(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့  တိုက်တွန်းပါတယ်။

(၄) - ကတော့ နွားတို့ မှာ ဦးဆောင်နွားလား ..မြင်း
တို့ မှာလည်းဦးဆောင်မြင်းလား တို့ ကိုပေးလှူတဲ့
အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

(၅)- စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့  ဘုန်းတော်ကြီးကျောင်းများ
သို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၆)- သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်
အဖွဲ့ တစ်ဖွဲ့ စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့ အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

(၇)- ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၈)- သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ
ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့  ဒုက္ခဖြစ်စေဖို့ 
ဆင်းရဲစေဖို့ အတွက် လှူဒါန်းတဲ့အလှူဒါနကို
ဆိုလိုခြင်းဖြစ်ပါတယ်။

(၉)- ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၁၀)- တုလာကူဋ မာနကူဋ -
ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက
ရောင်းတဲ့(အလေး)တစ်မျိုး။
ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ ဈေးရောင်းသူ)
ထို့  ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။
ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး
(ဆန်ရောင်းသူများ)ဖြစ်စေဖို့ အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။
ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကို
ဆိုလိုခြင်းဖြစ်ပါတယ်။

[အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)]

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

..... ပြိုင်ဘက်....

                                   ..... ပြိုင်ဘက်....
.


  ပြိုင်ဘက်....    ဆိုတဲ့ ဝေါဟာရသည်...ကျွန်ုပ်တို့  လူသားမျိုးနွယ်စုရဲ့ ရင်ထဲသို့ 
ှ ကင်ဆာလို အမြစ်တွယ်နေတာကြာပြီ....
 များသောအားဖြင့်....
 လူတစ်ယောက်ရဲ့ ဘ၀မှာ ပြိုင်ဘက်ဆိုတာ...ရှိကြမှာ မလွဲဧကန်ပင်ဖြစ်သည်....
 တစ်ချို့ ဆိုရင် ငယ်စဉ်အခါက ပညာပြိုင်ဘက်
  အပျိုအရွယ် /လူပျိုအရွယ်လေးတွေရောက်လာတော့     ..... ရည်းစားပြိုင်ဘက်...
  ဒီထက်အသက်ကလေးကြီးလာတော့ ..စိင်္းပွားပြိုင်ဘက် စသည်ဖြင့်
 ယှဉ်ပြိုင်နေကြတာကို .....ကျွန်ုပ်တွေ့ ဖူးသည်.....
 ထိုပြိုင်ဘက်တွေကြောင့်...မိမိရဲ့ဘ၀ မြင့်တက်လာဖို့  တွန်းအားတစ်ရပ် ဖြစ်နိုင်သလို
 ထိုပြိုင်ဘက် တွေကြောင့်ပဲ....မိမိရဲ့ဘ၀ဟာ ဟိုး...အောက်ဆုံး သုညအထိ  ရောက်သွားနိုင်သည်..
 လူတို့ သည်......ပြိုင်ဘက်ဟူသော စကားလုံးကို
 မိမိရဲ့ အတ္တ နဲ့  မာန ကိုရှေ့ တန်း တင်တတ်တဲ့ သူတွေအတွက်....
 သီးသန့် ထုတ်လုပ်ထားတဲ့ ထွက်ကုန်ပစ္စည်းတစ်ခု ဟု ယူဆ ထားကြသည်.....
 စင်စစ်သော်ကား.....ယင်းကဲ့သို့  အတ္တ မာနတွေနဲ့  အရင်းခံထားတဲ့ ပြိုင်ဘက်ဟူသည်...
 မိမိရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကို အရောင်ဆိုးဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်အတုသာဖြစ်သည်....
 ဤသို့ ဆိုလိုက်လျှင်....ပြိုင်ဘက်အစစ်ဆိုတာ...
 ဘယ်လိုဟာမျိုးပါလည်းဟု.....မေးဖွယ်ရှိသည်.......
 ကျွှန်ုပ်ဖြေဆိုပါအံ့...............
 တကယ့်ပြိုင်ဘက်   အစစ်ဆိုသည်မှာ.....
မိမိကိုယ်ကိုယ် မိမိယဉ်ပြိုင်ခြင်းပင်ဖြစ်၏.........
 ဥပမာ............
           လူတစ်ယောက်ဟာ...ဒီနေ့ အဖို့    မိမိ ဘ၀အတွက်အကျိုးရှိစေမဲ့
အလုပ်ကို (၅း၀၀) နာရီခန့်  လုပ်လိုက်တယ်ဆိုကြပါစို့ 
နောက်နေ့ မှာထို့ထက်   နာရီဝက် (သို့ ) တစ်နာရီခန့် ပိုလုပ်ခြင်းဖြင့်
မိမိကိုယ်ကိုယ် မိမိ အလဲထိုးယဉ်ပြိုင်ရမှာဖြစ်သည်.......
ထိုကဲ့သို့ ယဉ်ပြိုင်ခြင်းကြောင့် မိမိဘ၀တက်လမ်းအတွက် အဟန့်အတားဖြစ်စေမဲ့
မလိုလားအပ်သော မုန်းတီးမှုတွေလဲ ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ပေ
ကျွန်ုပ်ပြောတာကို မယုံပါနဲ့ အုံး ဘော်ဘော်တို့ကိုယ်တိုင် လက်တွေ့ ကျင့်သုံးကြည့်ပါ....
သေချာတာတစ်ခုကတော့.....
ဒီနည်းကို အမှန်တကယ်ကျင့်သုံးနိုင်တဲ့တစ်နေ့ မှာ
ဘော်ဘော်တို့ ဟာ
လောကလူသားတွေရဲ့ အလယ်မှာ အောင်မြင်တဲ့
သူတစ်ယောက်အဖြစ်လက်မထောင်နိုင် မှာ အမှန်ပင်
ဖြစ်ကြောင်းပါ.........။
              ကျွနု်ပ် ဘော်ဘော်များရဲ့ဘ၀မှာ
ပြိုင်ဘက်...အစစ်အမှန်ဖြစ်တဲ့ မိမိ ကိုယ်ကိုယ်မိမိ ယဉ်ပြိုင်ခြင်းဖြင့်သာ
ဘ၀  ရဲ့အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ 
ဆန္ဒပြုလျှက်..................
..

                                 ဇိုး
                         (ပိုက်ဆံတစ်သောင်းတန်မြို့တော်)